စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးဆေးရုံတွင် ဖျားနာ၊ အသက်ရူကြပ်ခဲ့သည့် ကိုလအရွယ် ကလေးတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ၄င်းနေထိုင်သော နေအိမ်ကို Lockdown ပြုလုပ်ရန် ညွှန်ကြားထားကြောင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အတွင်းရေးမှုး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် သေဆုံးသွားခဲ့သည့် ကလေးငယ်၏ ဓာတ်ခွဲနမူနာကို သက်ဆိုင်ရာ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း အဆိုပါ ကလေးငယ်သည် ကျန်းမာရေးအရ ချူချာကြောင်း ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း ဆက်လက် သိရသည်။

“သူက အိမ်မှာပဲနေနေတာ။ နေနေပြီးတော့ ကလေးကဖျားလို့ ဆေးခန်းသွားပြတာ။ ကလေးရဲ့ အနေအထားက အသက်ရှူလည်းကြပ်တယ် ဆိုပြီးတော့ ကလေးအထူးကုရှိတဲ့ ရေဦးကို ပို့လိုက်တာ။ အဲလိုထားရင်းနဲ့ ဆုံးတာပေါ့။ ကလေးရဲ့ အသက်က ကိုးလအရွယ်။ သူ့ရဲ့ဇာတိကတော့ တန့်ဆည်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတစ်ရွာကပါ။ ကလေးရဲ့သွေးနမူနာကို သက်ဆိုင်ရာ ဓာတ်ခွဲခန်းကို ပို့ထားတယ်။ အဖြေရမှ ဘာဆိုတာ ပြောနိုင်မယ်။ အခုကတော့ ဓာတ်ခွဲခန်းရဲ့ အဖြေမရမချင်း အိမ်ထဲမှာ နေတဲ့သူတွေအားလုံး ဘယ်မှမထွက်ဖို့နဲ့ ကလေးနေထိုင်တဲ့အိမ်ကို lockdown လုပ်ဖို့ ညွှန်ကြားထားတယ်” ဟု COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အတွင်းရေးမှုး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်က ပြောကြားသည်။
ထို့အပြင် ရေဦးဆေးရုံတွင် ဖျားနာ၊ အသက်ရူကြပ်ခဲ့သည့် ကိုးလအရွယ်ကလေး၏ ဖခင်နှင့် မိခင်တို့တွင် မည့်သည့်ရောဂါမှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သေဆုံးမှု ဖြစ်ပွားခဲ့သည့် ကလေးငယ်၏ ခန္ဓာကိုယ်သည် ပိန်ကြောင်း အဆိုပါ ကလေးနေထိုင်ရာ အိမ်ဝန်းအတွင်း လူနေအိမ် သုံးအိမ်နှင့် လူဦးရေ ၁၁ ဦးအထိ နေထိုင်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။


COVID-19 နှင့်ပတ်သက်၍ လက်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာများ၊ အရပ်ဖက် အဖွဲ့အစည်းများက အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြောင်း သိရသည်။

EMG

Zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခ႐ိုင္ ေရဦးေဆး႐ုံတြင္ ဖ်ားနာ၊ အသက္႐ူၾကပ္ခဲ့သည့္ ကိုလအ႐ြယ္ ကေလးတစ္ဦး ေသဆုံးမႈ ျဖစ္ပြားခဲ့ၿပီး ၄င္းေနထိုင္ေသာ ေနအိမ္ကို Lockdown ျပဳလုပ္ရန္ ၫႊန္ၾကားထားေၾကာင္း COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး အတြင္းေရးမႈး၊ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႈးႀကီး သန္းထြန္းေအာင္၏ ေျပာၾကားခ်က္အရ သိရသည္။

ထို႔အျပင္ ေသဆုံးသြားခဲ့သည့္ ကေလးငယ္၏ ဓာတ္ခြဲနမူနာကို သက္ဆိုင္ရာ ဓာတ္ခြဲခန္းသို႔ ပို႔ေဆာင္ရန္ လုပ္ေဆာင္ေနေၾကာင္း အဆိုပါ ကေလးငယ္သည္ က်န္းမာေရးအရ ခ်ဴခ်ာေၾကာင္း ဧၿပီလ ၁၀ ရက္ေန႔ ညေနပိုင္းတြင္ ေသဆုံးသြားခဲ့ေၾကာင္း ဆက္လက္ သိရသည္။


“သူက အိမ္မွာပဲေနေနတာ။ ေနေနၿပီးေတာ့ ကေလးကဖ်ားလို႔ ေဆးခန္းသြားျပတာ။ ကေလးရဲ႕ အေနအထားက အသက္ရႉလည္းၾကပ္တယ္ ဆိုၿပီးေတာ့ ကေလးအထူးကုရွိတဲ့ ေရဦးကို ပို႔လိုက္တာ။ အဲလိုထားရင္းနဲ႔ ဆုံးတာေပါ့။ ကေလးရဲ႕ အသက္က ကိုးလအ႐ြယ္။ သူ႔ရဲ႕ဇာတိကေတာ့ တန႔္ဆည္ၿမိဳ႕နယ္ထဲမွာရွိတဲ့ ေက်း႐ြာတစ္႐ြာကပါ။ ကေလးရဲ႕ေသြးနမူနာကို သက္ဆိုင္ရာ ဓာတ္ခြဲခန္းကို ပို႔ထားတယ္။ အေျဖရမွ ဘာဆိုတာ ေျပာႏိုင္မယ္။ အခုကေတာ့ ဓာတ္ခြဲခန္းရဲ႕ အေျဖမရမခ်င္း အိမ္ထဲမွာ ေနတဲ့သူေတြအားလုံး ဘယ္မွမထြက္ဖို႔နဲ႔ ကေလးေနထိုင္တဲ့အိမ္ကို lockdown လုပ္ဖို႔ ၫႊန္ၾကားထားတယ္” ဟု COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး အတြင္းေရးမႈး၊ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႈးႀကီး သန္းထြန္းေအာင္က ေျပာၾကားသည္။


ထို႔အျပင္ ေရဦးေဆး႐ုံတြင္ ဖ်ားနာ၊ အသက္႐ူၾကပ္ခဲ့သည့္ ကိုးလအ႐ြယ္ကေလး၏ ဖခင္ႏွင့္ မိခင္တို႔တြင္ မည့္သည့္ေရာဂါမွ ျဖစ္ပြားခဲ့ျခင္း မရွိေၾကာင္း ေသဆုံးမႈ ျဖစ္ပြားခဲ့သည့္ ကေလးငယ္၏ ခႏၶာကိုယ္သည္ ပိန္ေၾကာင္း အဆိုပါ ကေလးေနထိုင္ရာ အိမ္ဝန္းအတြင္း လူေနအိမ္ သုံးအိမ္ႏွင့္ လူဦးေရ ၁၁ ဦးအထိ ေနထိုင္ေၾကာင္း ၄င္းကဆက္လက္ ေျပာၾကားသည္။


COVID-19 ႏွင့္ပတ္သက္၍ လက္တေလာတြင္ စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ တိုင္းေဒသႀကီး က်န္းမာေရး ဦးစီးဌာန၊ တိုင္းေဒသႀကီး အတြင္းရွိ ဌာနဆိုင္ရာမ်ား၊ အရပ္ဖက္ အဖြဲ႕အစည္းမ်ားက အသိပညာေပး လုပ္ငန္းမ်ားကို အရွိန္အဟုန္ျမင့္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

EMG

Post a Comment

Previous Post Next Post