အိမ်တွင်းဖြစ်အဝတ် Mask များသည် ပြင်ပက ပိုးမွှားများ ဝင်ရောက်ခြင်းကို ကာကွယ်ရာတွင် ခွဲစိတ်ခန်းသုံး Surgical Mask များနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာ နိမ့်ကျမှုရှိသာသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဈေးကွက်အတွင်း လူအများဝယ်ယူသုံးစွဲနေကြသည့် ပါးစပ်၊ နှုတ်ခေါင်းစည်း(Mask) များနှင့် ပတ်သက်၍ အမေးများသည့် မေးခွန်းများနှင့် အဖြေများဟူ၍ ဧပြီလ ၆ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တစ်ခါသုံး Surgical Mask များနှင့် စာလျှင် ပြန်လည်လျှော်ဖွပ်သုံးနိုင်သည့် အဝတ် Mask များကို ပြည်သူများအနေနှင့် ကိုရိုနာဗိုင်းရပ်စ် COVID–19 ရောဂါကာကွယ်ရေးအတွက် အသုံးပြုနိုင်ကြောင်း ဖော်ပြထားသည်။

COVID–19 ကာကွယ်ရေးအတွက် ဈေးကွက်အတွင်း N95 Mask ၊ Surgical Mask များ ရောင်းချနေမှုများရှိပြီး အဆိုပါ Mask များဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများရှိလာသလို ဈေးနှုန်းအဆမတန်မြင့်တက်မှုများ ရှိလာသည့်အတွက် ယခင် တစ်ခုလျှင် ကျပ် ၅၀ ခန့် ပေးရသည့် Surgical Mask များ တစ်ခုလျှင် ကျပ် ၄၀၀ မှ ၅၀၀ ကျော်အထိနှင့် ရောင်းချနေမှုများရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြင်ပမှ အတွင်းသို့ အစက်အမှုန်များ ဝင်ရောက်ခြင်းကို ၁၀၀ အညွှန်းကိန်းတွင် N95 Mask သည် ၁ ရာခိုင်နှုန်း (အစက်အမှုန်ကာကွယ်နိုင်မှု – ၉၉ ရာခိုင်နှုန်း)၊ Surgical Mask သည် ၂၅ ရာခိုင်နှုန်း(အစက်အမှုန်ကာကွယ်နိုင်မှု- ၇၅ ရာခိုင်နှုန်း)၊အဝတ် Mask သည် ၃၃ ရာခိုင်နှုန်း (အစက်အမှုန်ကာကွယ်နိုင်မှု – ၆၇ ရာခိုင်နှုန်း) ကာကွယ်နိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် N95 Mask ကို ကြာရှည်စွာနှင့် စနစ်တကျ အသုံးပြုနိုင်ရန် မလွယ်သည့်အတွက် ကိုရိုနာရောဂါကူးစက်နိုင်ခြေများသည့် ဝန်ထမ်းများသာ တပ်ဆင်သင့်သည်ဟု ဖော်ပြထားပြီး Surgical Mask ကို ရောဂါလက္ခဏာရှိသူများ၊ အနီးကပ်ပြုစုသူများနှင့် ကျန်းမာရေးဝန်ထမ်းသာ ဝတ်ဆင်ရန်လည်း အကြံပြုထားသည်။

Zawgyi ျဖင့္ဖက္ရန္

အိမ္တြင္းျဖစ္အ၀တ္ Mask မ်ားသည္ ျပင္ပက ပိုးမႊားမ်ား ၀င္ေရာက္ျခင္းကို ကာကြယ္ရာတြင္ ခြဲစိတ္ခန္းသုံး Surgical Mask မ်ားႏွင့္ ႏႈိင္းယွဥ္လၽွင္ အနည္းငယ္သာ နိမ့္က်မႈရိွသာသည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ေစ်းကြက္အတြင္း လူအမ်ား၀ယ္ယူသုံးစြဲေနၾကသည့္ ပါးစပ္၊ ႏႈတ္ေခါင္းစည္း(Mask) မ်ားႏွင့္ ပတ္သက္၍ အေမးမ်ားသည့္ ေမးခြန္းမ်ားႏွင့္ အေျဖမ်ားဟူ၍ ဧၿပီလ ၆ ရက္ေန႔တြင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ တရား၀င္ စာမ်က္ႏွာတြင္ ေဖာ္ျပခဲ့သည္။



အဆိုပါ ထုတ္ျပန္ခ်က္တြင္ တစ္ခါသုံး Surgical Mask မ်ားႏွင့္ စာလၽွင္ ျပန္လည္ေလၽွာ္ဖြပ္သုံးႏိုင္သည့္ အ၀တ္ Mask မ်ားကို ျပည္သူမ်ားအေနႏွင့္ ကိုရိုနာဗိုင္းရပ္စ္ COVID–19 ေရာဂါကာကြယ္ေရးအတြက္ အသုံးျပဳႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

COVID–19 ကာကြယ္ေရးအတြက္ ေစ်းကြက္အတြင္း N95 Mask ၊ Surgical Mask မ်ား ေရာင္းခ်ေနမႈမ်ားရွိၿပီး အဆိုပါ Mask မ်ားေစ်းကြက္အတြင္း ပစၥည္းျပတ္လပ္မႈမ်ားရွိလာသလို ေစ်းႏႈန္းအဆမတန္ျမင့္တက္မႈမ်ား ရွိလာသည့္အတြက္ ယခင္ တစ္ခုလၽွင္ က်ပ္ ၅၀ ခန္႔ ေပးရသည့္ Surgical Mask မ်ား တစ္ခုလၽွင္ က်ပ္ ၄၀၀ မွ ၅၀၀ ေက်ာ္အထိႏွင့္ ေရာင္းခ်ေနမႈမ်ားရွိသည္။

က်န္းမာေရး၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ျပင္ပမွ အတြင္းသို႔ အစက္အမႈန္မ်ား ၀င္ေရာက္ျခင္းကို ၁၀၀ အၫႊန္းကိန္းတြင္ N95 Mask သည္ ၁ ရာခိုင္ႏႈန္း (အစက္အမႈန္ကာကြယ္ႏိုင္မႈ – ၉၉ ရာခိုင္ႏႈန္း)၊ Surgical Mask သည္ ၂၅ ရာခိုင္ႏႈန္း(အစက္အမႈန္ကာကြယ္ႏိုင္မႈ- ၇၅ ရာခိုင္ႏႈန္း)၊အ၀တ္ Mask သည္ ၃၃ ရာခိုင္ႏႈန္း (အစက္အမႈန္ကာကြယ္ႏိုင္မႈ – ၆၇ ရာခိုင္ႏႈန္း) ကာကြယ္ႏိုင္သည္ဟု ေဖာ္ျပထားသည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ N95 Mask ကို ၾကာရွည္စြာႏွင့္ စနစ္တက် အသုံးျပဳႏိုင္ရန္ မလြယ္သည့္အတြက္ ကို႐ိုနာေရာဂါကူးစက္ႏိုင္ေျခမ်ားသည့္ ၀န္ထမ္းမ်ားသာ တပ္ဆင္သင့္သည္ဟု ေဖာ္ျပထားၿပီး Surgical Mask ကို ေရာဂါလကၡဏာရွိသူမ်ား၊ အနီးကပ္ျပဳစုသူမ်ားႏွင့္ က်န္းမာေရး၀န္ထမ္းသာ ၀တ္ဆင္ရန္လည္း အႀကံျပဳထားသည္။

TVJ

Post a Comment

Previous Post Next Post