ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် ကမ္ဘာအနှံ့အပြားမှာ Mask ပြတ်လပ်ခြင်းတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ဒါကို အကောင်းဆုံးနည်းလမ်းနဲ့ အသုံးချသွားတာကတော့ ဂျပန် ကုမ္ပဏီတခု ဖြစ်ပါတယ်။ Atsumi Fashion လို့ အမည်ရတဲ့ ကုမ္ပဏီဟာ အမျိုးသမီးဝတ် ဘရာစီယာများကို Mask ပြုလုပ်ပြီး ရောင်းချခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီဟာ ဘရာစီယာကို အသုံးပြုပြီး Mask ချုပ်လုပ်မယ့် အကြံဉာဏ်ကို ဝန်ထမ်းများထံမှ ရရှိခဲ့တာဖြစ်ပြီး ဘရာစီယာမှာ ပါဝင်တဲ့ အဝတ်စတမျိုးဟာ Mask တွေ ချုပ်လုပ်ချိန်မှာ သုံးတဲ့ အဝတ်စနဲ့ တူညီနေတာကြောင့် အခုလို ချုပ်ရောင်းခဲ့တာ ဖြစ်ပါတယ်။
“ကုမ္ပဏီအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ Mask ရှားပါးမှုတွေမှာ ကူညီချင်တာဖြစ်ပြီး ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Mask တွေဟာ ပြင်ပက ဝင်ရောက်မယ့် ဗိုင်းရပ်စ်ပိုးများကို တားဆီးနိုင်တဲ့ အပြင် ချောင်းဆိုး၊ နှာချေချိန်မှာ ထွက်သွားမယ့် ပိုးမွှားတွေကိုလည်း တားဆီးနိုင်တယ်”လို့ ကုမ္ပဏီရဲ့ အရောင်းတာဝန်ခံ Hiroshi Hinata က ပြောပါတယ်။

ကုမ္ပဏီဟာ သူတို့ အခြေစိုက်ရာ မြို့မှာ နေထိုင်သူများကို ကူညီဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်တာဖြစ်ပြီး ပစ္စည်းပြတ်လပ်သည်အထိ ရောင်းကောင်းခဲ့တယ်လို့ သိရပါတယ်။ ဘရာစီယာနဲ့ ချုပ်ထားတဲ့ Mask များဟာ ဂျပန် လူမှုကွန်ရက် အသုံးပြုသူတွေ ကြားမှာ ရေပန်းစားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈေတြေၾကာင့္ ကမာၻအႏွံ႔အျပားမွာ Mask ျပတ္လပ္ျခင္းေတြ ျဖစ္ေပၚလ်က္ရွိေနပါတယ္။ ဒါကို အေကာင္းဆုံးနည္းလမ္းနဲ႔ အသုံးခ်သြားတာကေတာ့ ဂ်ပန္ ကုမၸဏီတခု ျဖစ္ပါတယ္။ Atsumi Fashion လို႔ အမည္ရတဲ့ ကုမၸဏီဟာ အမ်ိဳးသမီးဝတ္ ဘရာစီယာမ်ားကို Mask ျပဳလုပ္ၿပီး ေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။

ကုမၸဏီဟာ ဘရာစီယာကို အသုံးျပဳၿပီး Mask ခ်ဳပ္လုပ္မယ့္ အႀကံဉာဏ္ကို ဝန္ထမ္းမ်ားထံမွ ရရွိခဲ့တာျဖစ္ၿပီး ဘရာစီယာမွာ ပါဝင္တဲ့ အဝတ္စတမ်ိဳးဟာ Mask ေတြ ခ်ဳပ္လုပ္ခ်ိန္မွာ သုံးတဲ့ အဝတ္စနဲ႔ တူညီေနတာေၾကာင့္ အခုလို ခ်ဳပ္ေရာင္းခဲ့တာ ျဖစ္ပါတယ္။

“ကုမၸဏီအေနနဲ႔ လက္ရွိျဖစ္ေပၚေနတဲ့ Mask ရွားပါးမႈေတြမွာ ကူညီခ်င္တာျဖစ္ၿပီး ကုမၸဏီက ထုတ္လုပ္လိုက္တဲ့ Mask ေတြဟာ ျပင္ပက ဝင္ေရာက္မယ့္ ဗိုင္းရပ္စ္ပိုးမ်ားကို တားဆီးႏိုင္တဲ့ အျပင္ ေခ်ာင္းဆိုး၊ ႏွာေခ်ခ်ိန္မွာ ထြက္သြားမယ့္ ပိုးမႊားေတြကိုလည္း တားဆီးႏိုင္တယ္”လို႔ ကုမၸဏီရဲ႕ အေရာင္းတာဝန္ခံ Hiroshi Hinata က ေျပာပါတယ္။

ကုမၸဏီဟာ သူတို႔ အေျခစိုက္ရာ ၿမိဳ႕မွာ ေနထိုင္သူမ်ားကို ကူညီဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ထုတ္လုပ္တာျဖစ္ၿပီး ပစၥည္းျပတ္လပ္သည္အထိ ေရာင္းေကာင္းခဲ့တယ္လို႔ သိရပါတယ္။ ဘရာစီယာနဲ႔ ခ်ဳပ္ထားတဲ့ Mask မ်ားဟာ ဂ်ပန္ လူမႈကြန္ရက္ အသုံးျပဳသူေတြ ၾကားမွာ ေရပန္းစားခဲ့တယ္လို႔လည္း သိရပါတယ္။

Ref. japantimes.co.jp

Post a Comment

Previous Post Next Post