ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ဒီကနေ့ နေ့လယ်ပိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာပါ။Covid 19 ရောဂါကူးစက်ခံထားရသူတွေထဲကမှ နေပြည်တော်က ဆွစ်ဇာလန်အမျိူးသမီးနဲ့ မန္တလးက လူနာတို့မှာ ရောဂါပျောက်ကင်းသွားပြီးနောက် နောက်ထပ် လူနာနှစ်ဦးရဲ့ ဆေးစစ်ဆေးချက်အဖြေက တစ်ကြိမ်ဆီ Negative ပြနေတယ်လို့ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ဒီကနေ့ နေ့လယ်ပိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒီသတင်းကိုအတည်ပြုနိုင်ဖို့အတွက် ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ငြင်းဆန်ခြင်းမရှိဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်မှပဲ အတည်ပြုနိုင်မှာပါလို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့လည်း သတင်းတော့ကြားပါတယ်။ ဘယ်လူနာတွေဆိုတာလည်းအတိအကျတော့မသိသေးဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကတရားဝင်မထုတ်ပြန်သေးတော့ ပြောဖို့ခက်ပါတယ်” လို့ အဆိုပါတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒေါက်တာခင်ခင်ကြီး ရေးသားထားတဲ့ post မှာတော့ နေပြည်တော်က လူနဲ့ မန္တလေးကလူနာနှစ်ဦးအပြင် နောက်ထပ် လူနာနှစ်ဦးမှာ တစ်ကြိမ်ဆီ Negative ပြနေသလို

လူနာနံပါတ်(၁၅)ဖြစ်တဲ့ ပုဂ္ဂလိက ဆေးခန်းတစ်ခုက ဝန်ထမ်းဖြစ်သူရဲ့ သားနဲ့သမီး၊ တူမတို့မှာလည်း အဖျားမရှိဘဲ ဆေးကုသမှုဆက်လက်ခံယူနေတယ်လို့ သိရပါတယ်။ လူနာ နံပါတ် (၂၆)ကတော့ အထူးကြပ်မတ်ကုသနေရတယ်လို့ ရေးသားဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့ရောဂါကူးစက်ခံရသူတွေထဲမှာ နေပြည်တော်က လူနာနဲ့ မန္တလေးက လူနာတို့ ပထမဆုံးရောဂါပျောက်ကင်းတဲ့သူတွေဖြစ်လာပြီး ဆေးရုံကဆင်းခွင့်ရသွားသူတွေလည်းဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ရောဂါကူးစက်ခံသူ (၄၁)ဦးမှာ သေဆုံးသူ (၄)ဦးရှိပြီး ပျောက်ကင်းသူက (၂)ဦးထိရှိထားတာလည်းဖြစ်ပါတယ်။

Credit Duwun

UNICODE




Credit Duwun

Post a Comment

Previous Post Next Post