ဘတ်စ်ကားစီးခရီး သည် လျော့နည်းလာ၍ Omnifocus ကုမ္ပဏီမှယာဉ်လိုင်းသုံးခု  ကို ဧပြီ ၁ ရက်ကစ၍ ပြေးဆွဲမှု ယာယီရပ်နားလိုက်ကြောင်းယင်း ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြော  သည်။ 

ရန်ကုန်လေဆိပ်အားအခြေ ပြုပြေးဆွဲနေသည့် ရန်ကုန်လေ  ဆိပ်-ဆူးလေ (ပြည်လမ်း)ယာဉ် လိုင်း၊ ရန်ကုန်လေဆိပ်-ဆူးလေ (ကမ္ဘာအေးဘုရားလမ်း)ယာဉ် လိုင်းနှင့် ရန်ကုန်လေဆိပ်မှ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံ ဧရာအဝေးပြေး သို့ချိတ်ဆက်ပြေး ဆွဲသည့် ၁၀၁ ယာဉ်လိုင်းတို့ကို  ရပ်နားလိုက်ခြင်းဖြစ်သည်။ 

အဆိုပါ လမ်းကြောင်းတွင်  ခရီးသည်စီးနင်းမှု ဆိုးဝါးစွာကျ ဆင်းနေသည့်အတွက် COVID-19 ရောဂါဖြစ်ပွားမူ ပြန်လည်  တည်ငြိမ်လာသည့်အချိန်အထိ ယာယီရပ်နားထားမည်ဟုဦးထွန်း တောက်ဝင်းကဆိုသည်။ 


‘‘အခြေအနေက လုံးဝကို တောင့်ခံထားလို့မရနိုင်တေ့ာလို့ ပါ။ YRTA ကိုလည်း တင်ပြထားပါ တယ်။ အကြောင်းပြန်ကြားခြင်း တော့မရှိသေးဘူး’’ ဟု ၎င်းက ပြောသည်။ 

ထို့အပြင် Omnifocus ကုမ္ပဏီမှ ဆက်လက်ပြေးဆွဲနေ သည့် အခြားယာဉ်လိုင်းများတွင် လည်း ယာဉ်မောင်းဦးရေလျော့ နည်းလာသဖြင့် သတ်မှတ်ယာဉ် စီးရေအပြည့် ပြေးဆွဲရန်အခက် အခဲများရှိနေသည်ဟု ဦးထွန်း  တောက်ဝင်းကဆိုသည်။ 

လက်ရှိတွင် YBS ယာဉ် လိုင်းများ၏ နေ့စဉ်ဝင်ငွေမှာပုံမှန် ထက် ၈၀ ရာခိုင်နှုန်းခန့်ကျဆင်း သွားသည်ဟု အများပိုင်ဘတ်စ်  ကားကုမ္ပဏီများမှတာဝန်ရှိသူအ ချို့က ဆိုသည်။ 

ခရီးသွားလျော့နည်း၊ ဝင်ငွေ ကျဆင်းသည့်ဒဏ်ကို ကုမ္ပဏီ များက တောင့်ခံနေရပြီး အချိန် ကြာမြင့်ပါက ယာဉ်လိုင်းပြေးဆွဲ မှုများဆက်တိုက်ရပ် နားမှုရှိလာ နိုင်သည်ဟု ၎င်းတို့ကပြောသည်။ 

‘‘ဒီအချိန်မှာအစိုးရဘက်က ခရီးသည်ပို့ဆောင်ရေးကဏ္ဍမရပ် သွားအောင် ပံ့ပိုးကူညီမူတွေပေးဖို့ လိုနေပါတယ်။ ဒီလိုမှမဟုတ်ရင်  ဆက်ပြီး တောင့်ခံထားနိုင်ကြမှာ မဟုတ်ဘူး’’ဟု Power Eleven နှင့် လူထုမိတ်ဆွေအများပိုင် ဘတ်စ်ကားကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။ 

COVID-19 ရောဂါထိန်း ချုပ်ရေးကာလအတွင်း အ ထောက်အပံ့ဖြစ်စေရန်ဟုဆိုကာ  ပြေးဆွဲသည့်ယာဉ်များ ပေးသွင်း ရသည့်ကြီးကြပ်ခတစ်စီး ကျပ် ၄,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမူ အာဏာပိုင်အဖွဲ့ (YRTA) က ဧပြီလကုန်အထိကင်း လွတ်ခွင့်ပြုထားသည်။ 

အဆိုပါ ယာဉ်ကြီးကြပ်ခ ကင်းလွတ်ခွင့်ပြုသကဲ့သို့ YBS  ယာဉ်များ နေ့စဉ်ထည့်သွင်းနေရ သည့် သဘာဝဓါတ်ငွေ့ CNG ဖြည့်သွင်းခကိုလည်း စိုက်ထုတ် ပေးသင့်ကြောင်း ယာဉ်လိုင်းတာ ဝန်ရှိသူအချို့ကဆိုသည်။ 

လက်ရှိတွင်ခရီးသည်ဦးရေ လျော့နည်းကာ ဝင်ငွေကျဆင်း လာသဖြင့် ယာဉ်မောင်းများ အား လစာဖြင့် ပေးချေသည့်စနစ်မှ ပြေးဆွဲခြင်းမှရရှိသည့် ငွေအပေါ် အချိုးခံစားခွင့်စနစ်ကို ပြောင်းလဲ ကျင့်သုံးရန် ကုမ္ပဏီအချို့ကစီစဉ် နေသည်။ 

‘‘ဒီရောဂါအခြေအနေပြန် ကောင်းတဲ့အထိပါပဲ။ ယာဉ် မောင်းတွေနဲ့လည်း ညှိနေတယ်’’ ဟု ဦးထွန်းတောက်ဝင်းက ပြော သည်။ထိုသို့ခရီးသွားလျော့နည်း လာခြင်းကြောင့် YBS ယာဉ်များ အခက်အခဲ ကြုံတွေ့နေရသည့်အ ပေါ်  မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ပေးရန်ရှိသည့်အခြေအနေများ နှင့်ပတ်သက်၍  YRTA  တာဝန်ရှိ သူများထံ ဆက်သွယ်မေးမြန်း သော်လည်း   ဆက်သွယ်၍မရပေ။

Credit 7day

Post a Comment

Previous Post Next Post