ကလေးငယ်တွေရှိလို့ အရမ်းဂရုစိုက်နေတဲ့ကြားက ကျွန်မတို့မိသားစုမှာ အမျိုးသား Positive ထိလို့ Quarantine ၂၁ ရက်ဝင်ရပါတယ်.. မတ်လ ၂၄ ရက်နေ့ထဲက ရန်ကုန်မှာ စတွေ့ပြီလို့သိရရခြင်း တစ်ပတ်စာဈေးဝယ်တဲ့ အချိန်မှစလို့ ဈေးသွားရင်လည်း Mask တပ်လို့ ပြန်လာရင်လည်း ဈေးခြင်းကိုလည်းပိုးသတ် လူတစ်ကိုယ်လုံးလဲ ပိုးသတ်ပြီးမှ အိမ်ထဲဝင် အသီးအရွက်တွေဆားရေနဲ့သေချာဆေး အကုန်လုံး Safe ဖြစ်အောင်အသေးစိတ်အပင်ပန်းခံပြီး သေချာလုပ်ပါတယ်…
ကျွန်မတို့မောင်နှမတွေ တစ်တိုက်ထဲအပေါ်ထပ်အောက်တပ် အတူတူနေလို့ အဲ့လောက်အစစအရာရာ ဂရုစိုက်နေတဲ့ကြားက တစ်ညနေလေး အမျိုးသားအပြင်ထွက်လိုက်တာမှ အစပြုလိုက်တာ အခုအခြေအနေမျိုးအထိ ရောက်လာခဲ့တာပါ…
ဘာကြောင့်ဘဲဖြစ်ဖြစ် မောင်နှမသုံးယောက်လုံး ကိုယ်စီကလေးတွေရှိတာမို့ အရမ်းကိုစိတ်သောကရောက်ရပါတယ်.. လူကြီးတွေဘဲဆိုရင် Quarantine မှာဘယ်လိုနေရနေရအဆင်ပြေအောင် ဂရုစိုက်ပြီးနေလို့ရပေမဲ့ ကလေးတွေကတော့လုံးဝ အဆင်မပြေပါဘူး.. အထူးသဖြင်းကလေးနှစ်ယောက်ရှိတဲ့ ကျွန်မဆိုပိုလို့တောင်အဆင်မပြေပါဘူးရှင်…
ကလေးတွေငယ်သေးတော့ အရမ်းကိုဂရုစိုက်ရလွန်းလို့ အချိန်ပြည့်မျက်ရည်နဲ့မျက်ခွက်ပါဘဲ…
ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်အထပ်မှာ စည်းကမ်းရှိရှိသော့ပိတ်နေတာက ကျွန်မတို့အတွက်ကော အခြားသူတွေအတွက်ပါ အန္တရာယ်ကင်းတယ်လို့မြင်ပါတယ်…
အခု Q ဝင်ရတဲ့ TTC က ကလေးတွေပါတဲ့ သူတွေအတွက်အဆင်မပြေပါဘူး.. အဆောက်ဦးအသစ်ဖြစ်တာကြောင့် အခန်းထဲမှာဖုန်တွေအများကြီးနဲ့ ရေချိုးခန်းအိမ်သာကအပြင်မှာဖြစ်နေတဲ့အတွက် စည်းကမ်းမရှိတဲ့ သူတစ်ယောက်လောက်ပါလာရင် သူကလည်း Positive ဖြစ်နေရင်မတွေးရဲစရာပါရှင်…
ကလေးနဲ့ဒီအခန်းထဲမှာ ၂၁ ရက်လုံးနေရမှာဆိုတော့ စဉ်းစားကြည့်ပါမေမေတို့ရယ်.. ပြီးတော့ Quarantine ဝင်တာ အခန်းတစ်ခုဘဲပေးတာဆိုတော့ သောက်ရေ စောင် ခြငိထောင် ဘူးတွေခွက်တွေ အကုန်လုံးအိမ်ပြောင်းသလိုလာရတာပါ…
အစားအသောက်ကလည်း ကိုယ့်အစီအစဉ်နဲ့ဆိုတော့ အရမ်းဒုက္ခရောက်ပါတယ်.. ရောဂါကို သူများကြောင့်လည်း ကိုယ်မဖြစ်ချင်သလို ကိုယ့်ကြောင့်လည်းသူများမဖြစ်စေစေချင်ပါ…
ရပ်ကွက်ကလည်း Positive တစ်ယောက် တွေ့ပြီဆို အဲ့အိမ်က Lockdown ချပြီး Home Quarantine ဝင်ရင် အဆင်ပြေနိုင်လား ကလေးငယ်တွေ ရှိတဲ့အိမ်လားဆိုတာကို ကိုယ်ချင်းစာစဉ်းစားပြီးမှ အဆင်ပြေဆုံနည်းလမ်းသုံးပြီး ကိုင်တွယ်စေလိုပါတယ်ရှင်…
အခုတော့ ကလေးတွေတစ်ခုခုဖြစ်မှာကြောက်ပြီး စိတ်သောကရောက်နေရပါတယ်.. ကလေးငယ်ရှိတဲ့အိမ်တွေ အတတ်နိုင်ဆုံးဆင်ခြင်ကြပါနော်…
အမျိုးသား ဧပြီ ၁ ရက်နေ့ စဖျားကတည်းက သီးသန့်အခန်းခွဲထားပြီး အိမ်သားတွေနဲ့ ထိတွေ့အရမ်းနည်းခဲ့ပါတယ်.. သူကလည်း အမြဲလိုလို အာသီးရောင်ပြီးဖျားတတ်ပါတယ်.. အခုတစ်ခေါက်က ဒါနဲ့ရောမှာစိုးလို့ အားလုံးသီးသန်လုပ်ပေးခဲ့ပြီး ၁၈ ရက်လည်းရှိပါပြီ… တစ်အိမ်သားလုံးလည်းနေကောင်ကျန်းမာရှိနေပါတယ်.. အဲ့ဒါကို Quarantine ၂၁ ရက်က အစကနေ လူပေါင်းစုံ ဘုံသုံးအိမ်သာရေချိုးခန်းနဲ့ဆိုတော့ ကလေးတွေနဲ့ကျမတို့မိသားစု အိမ်မှာနေတာထက်ဗျာများနေရပါပြီ…
Credit Soeyu Maw
Post a Comment