အီတလီခံလိုက်ရတာလဲ ဘာသာရေးအခန်းနားတစ်ခုမှာ ၊ အခုမြန်မာပြည် တစ်ရက်ထဲ ဆယ်ယောက် Positive တွေ့တာ အများဆုံးက ဘာသာရေးပွဲတစ်ခုက ၊ ဒီလိုတာ ရှေ့ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ ဒုတိယ အီတလီ ဖြစ်နိုင်သလို ဒုတိယ အီကွေဒေါ ဖြစ်သွားနိုင်ပါတယ်…
ဒီအချိန်မှာ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ပိုင်းခြားဆုံးဖြတ်သင့်သလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကလည်း အဖြူအမည်းမခွဲခြားပဲ စည်းကမ်းပိုင်းဆိုင်ရာတွေကို တင်းကြပ်သင့်ပါတယ်၊ အခု ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ Virus က ဘယ်ဘာသာမှ မခွဲခြားသလို ချမ်းသာဆင်းရဲ အာဏာရှိမရှိ ခွဲခြားမှာမဟုတ်ပါဘူး၊ အသက်ရှိတဲ့ အရာအားလုံးကို တိုက်စားသွားမှာပါ၊ ရှေ့မှာလည်း နမူနာတွေရှိတာ သိသိကြီးနဲ့ ကျွန်တော်တို့ အခုထပ်ခံရပြန်ပါပြီ၊ မြန်မာတွေ ဘယ်တော့များမှ နောင်တရမလဲ…

ဒါ အင်းစိန် history လေးပါ.. အဆိုတော် မျိုးကြီး နဲ့ Quarantine…
 
မြန်မာနိုင်ငံရဲ့ နာမည်ကြီးရော့ခ်အဆိုတော် မျိုးကြီးဟာ ဒီနေ့ မနက်ပိုင်း လူနာအမှတ် ၃၇ ဆိုပြီး ကောလဟာလအများကြီးထွက်ခဲ့ပါတယ်.. နေ့လည်ပိုင်းမှာ မျိုးကြီးရဲ့ ဇနီးဖြစ်သူ မလုံးလုံးလွင်က လူနာအမှတ်၃၇ဟာ အဆိုတော်မျိုးကြီး မဟုတ်ကြောင်း သူ့ရဲ့ ဖေ့စဘွတ်မှာ တရားဝင် ဖြေရှင်းအသိပေးခဲ့တယ်…

ညနေ့ပိုင်းမှာတော့ မလုံးလုံးလွင်ဟာ တနေ့က Covid-19 Positive ဖြစ်ခဲ့တဲ့ တရားဟောပွဲက လူနာအချို့ နဲ့ နီးစပ်မူရှိတာကြောင့် နိုင်ငံတော်မှ ချမှတ်ထားတဲ့ စဉ်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ အကောင့် မှာ ဖော်ပြပါတယ်..

အဲ့ဒီ ဓမ္မာတေးဝိုင်း, တရားဟော ပွဲမှာအယောက် ၁၀၀ ကျော်လောက် ပွဲနဲ့ဆက်စပ်နေတယ်လို့လည်း အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမူးက ပြောသေးတယ်… ပရိသတ်အများစုနဲ့ မိတ်ဆွေသူငယ်ချင်းကတော့ အားပေးစကားပြောကြတာတွေ့ရမှာပါ.. မျိုးကြီးနဲ့ မိသားစုက Quarantine 21 ရက် ခံယူမယ်လို ဆိုလိုပုံရတယ်.. , အိမ်မှာလား.., အစိုးရထားမယ် နေရာလားဆိုတာတော့ အတိအကျမသိကြသေးပါ…

မျိုးကြီးရဲ့အမျိုးသမီး မလုံးလုံလွင်က သင်းအုပ်ဆရာတော် David Lah ရဲ့ တပည့်အရင်းပါ။ ဒေးဗစ်လားရဲ့ တရားပွဲတိုင်း မလုံးလုံးလွင်တို့ ဇနီးမောင်နှံအမြဲလိုက်တယ်…

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က Dream Ministry International D.M.I ဓမ္မာသီချင်းဆိုတဲ့နေ့မှာ တီးဝိုင်းသား ၃ ယောက်နဲ့အတူ မျိုးကြီးသီချင်း ဆိုတယ်.. တီးဝိုင်းသားထဲမှာ Drum တီးတဲ့ ဝေထွန်းဟာ ပွဲ ၂ ရက်အကြာ ဖျားနာပြီး ၁၀.၄.၂၀၂၀ မှာ အင်စိန်ဆေးရုံသွားပြတယ်.. လူနာအမှတ် (၃၄) ဆိုသူ အသက် ၂၀ ဝန်းကျင်…

သင်းအုပ်ဆရာ ဒေးဗစ်လားနဲ့ Drum တီးသူက Positive ဖြစ်တာက မှန်.. ၆ ရက်နေ့မှာ ပွဲဆိုတယ်.., ၈ ရက်နေ့မှာ ဖျားတယ်, ၁၀ ရက်နေ့မှာ ဆေးရုံပြပါတယ်.. ၁၁ မှာ အဖြေထွက်တယ်.. တရားဟောပွဲမှာ Positive တွေ့သူ ၅ ဦးတော့ရှိပြီ… အခြေအနေတော့ နည်းနည်းရူပ်မယ့်အနေအထားရှိမယ်…

ဒီအကြောင်းရာကို ကြည့်ရင် အိမ်မှာနေဖို့ လူစုလူဝေးမလုပ်ဖို့ ဒေသအမိန့်တွေ ထုတ်ပြီးတဲ့ အချိန်မှာ လုပ်သွားတာပါ…

အဆိုတော်တွေမို့ ဓမ္မတေးဝိုင်းမို့လို့ တရားပွဲမို့လို့ လာမပြောပါနဲ့၊ Virus က မင်းဘာကောင်ဖြစ်ဖြစ် အကုန်သေစေနိုင်သလို မင်းပတ်ဝန်းကျင်ကိုလည်း ကူးစက်စေအုံးမှာပါ၊ အခုချိန်မှာ ထိရောက်တဲ့ ပြစ်ဒဏ်တွေနဲ့ပဲ ကျွန်တော်တို့လူမျိုးတွေဟာ ထိုက်တန်ပါတယ်…
Credit
ဂျင်မီ




Post a Comment

Previous Post Next Post