ကိုရိုနာဗိုင်းရပ်စ်လူနာအမှတ် (၂၉) Case 29 (UK မှ ပြန်လာသူ) သည် ရန်ကုန်ရှိ Facility Qurantine တွင် (၂၈.၃.၂၀၂၀) မှ ယနေ့မနက် (၁၁.၄.၂၀၂၀) ထိ Qurantine ထားပြီးနောက် ၁၀.၄.၂၀၂၀ တွင် Swab ယူပြီးစစ်ဆေးပါသည်။

သို့သော် အဖြေ မထွက်မှီ Qurantine ၁၄ ရက်ပြည့်ပြည့်ချင်း တောင်ကြီးသို့ပြန်ရာမှ တောင်ကြီးရောက်မှ Positive အဖြေကို သိခြင်းဖြစ်ပါသည်။ (၁၄ ရက်ပြည့်၍ Qurantine စခန်းမှ ပေးပြန်သောကြောင့် ပြန်ခြင်း ဖြစ်ပါသည်)


လမ်းတွင် အများသုံးဘတ်စ်ကားကို စီးသွားခြင်း မဟုတ်ပဲ ကျွန်မ၏ ဦးလေး (အတူ Quarantine ၍ ရက်ပြည့်သွားပြီးနောက်) နှင့်အတူ ကားမောင်း၍ ပြန်သွားခြင်းဖြစ်ပါသည်။ ဦးလေးဖြစ်သူနှင့် ၈/၉ နာရီခန့်ကြာ aircon ကားအတွင်း အတူရှိခဲ့ပါသည်။

ဦးလေးဖြစ်သူနှင့် personally ခင်မင်ခြင်း မရှိပဲ လမ်းကြုံ၍ တင်ခေါ်သွားခြင်း ဖြစ်ပါသည်။ လမ်းတွင် ထမင်းစားသည် (ထမင်းဘူး ကိုဖွင့်စား/ ဆိုင်တွင် မထိုင်ခဲ့ပါ) မှ လွဲ၍ အခြားသူများနှင့် စကားပြောခြင်း ဝင်ရောက်တွေ့ဆုံခြင်း မရှိပါ။

ယခု ဦးလေးဖြစ်သူကို ဆေးရုံမှ ဖုန်းဆက်ခေါ်၍ လိုက်သွားရန် ပြင်ဆင်နေပြီးဖြစ်ပါသည်။ မမျှော်လင့်ပဲ အနီးဆုံးကို ရောက်လာတဲ့ Covid 19 ကိုဆုတောင်းရုံ (မပြောကောင်းမဆိုကောင်း ကူးစက်လျှင်) ကြိုးစားကုသရုံမှ အခြား မရှိတော့ပါ။

Message: Quarantine နေသူများအား Swab ယူစစ်ဆေးပေးကြပါ။ အိမ်သို့မပြန်မှီ အဖြေသိအောင် ကြိုးစားပေးကြပါ။ Qurantine သူများလည်း အိမ်သို့ မပြန်ခင် သေချာအောင် စစ်ပြီးမှ ပြန်ကြပါ။ Silent Carrier တိတ်တဆိတ် သယ်ဆောင်သူများ ရှိနေနိုင်ပါသည်။ အခြားသူ နှင့် မိသားစုများအား ယခုကဲ့သို့ မတော်တဆ မကူးစက်အောင် ကာကွယ်ပေးကြပါ။ Sumyat Thazin
ကိုဗစ်လူနာအမှတ်(၂၉) မှာ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံသို့ ဧပြီလ ၁၁ ရက်၊ ည ၈ နာရီကျော်ခန့်တွင် ရောက်ရှိ၍ သီးခြားထားရှိပြီး ဆေးကုသမှု ပေးနေကြောင်း သိရသည်။

လူနာနှင့်အတူ ပြန်လာသည့် မိခင်နှင့် အစ်မ ဖြစ်သူတို့မှာ တောင်ကြီးမြို့ရှိ နေအိမ်သို့ ပြန်သွားပြီ ဖြစ်သောကြောင့် လိုက်လံရှာဖွေ၍ ၎င်းတို့ နေအိမ်အား ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ပြင်ဆင်နေပါတယ်။ ထို့အပြင် လူနာနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေစုံစမ်း၍ အသွားအလာ ကန့်သတ်ကာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်သွားရန် ကျန်းမာရေးဝန်ထမ်းများက အရေးပေါ် စီစဉ်နေလျက် ရှိကြောင်း သိရသည်။

Post a Comment

Previous Post Next Post