အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသားတစ်ယောက်ပါ။မြင့်မြတ်တို့ဇနီးမောင်နှံကတော့ ဝေဘာဂီဆေးရုံကြီးအတွက် PPE ဝတ်စုံ (၁၀၀၀) ကျော်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။သရုပ်ဆောင်မြင့်မြတ်နဲ့ ဇနီးဖြစ်သူ မခင်သူအောင်တို့ ဇနီးမောင်နှံဟာ ကိုဗစ်-၁၉  ကာလမှာ လိုအပ်တဲ့ အလှူတွေကို အဆက်မပြတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အခုလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေကို သိန်း(၁၆၂)သိန်းကျော် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

“ကိုဗစ်-၁၉  ရောဂါ ကာကွယ်ကုသရေးအတွက် ကိုမြင့်မြတ် နှင့် ဇနီးမခင်သူအောင် သားမောင်မြတ်သူ မိသားစုတို့မှ ကျပ်သိန်း ( 16,240,000 ) တန်ဖိုးရှိ PPE ဝတ်စုံ ( 1040 ) ကို ဝေဘာဂီဆေးရုံသို့ လှူဒါန်းခဲ့ပါသည်” ဆိုပြီးတော့ ဧပြီလ ၉ ရက်နေ့ နေ့လယ် ၂ နာရီကျော်က မြင့်မြတ်ရဲ့ မန်နေဂျာဖြစ်သူ ကိုဟိန်းရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးထားတာ တွေ့ရပါတယ်။
မြင့်မြတ်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အဆိုတော် ယုန်လေး ဦးဆောင်တဲ့ အလှူမှာလည်း ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ငွေကျပ်(၁၀)သိန်းကျပ် လှူဒါန်းထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာလည်း ကိုဗစ်-၁၉  ကူးစက်ရောဂါကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ ကြုံနေရတာဖြစ်ပါတယ်။ ဒါကြောင့် အနုပညာရှင်များစွာတို့ကလည်း တတ်နိုင်တဲ့ ဘက်ကနေ အလှူအတန်းတွေလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။
သရုပ်ဆောင်မြင့်မြတ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရသူပါ။ ကိုဗစ်-၁၉  ကြောင့် ရိုက်ကူးရေးတွေ ခဏနားထားရင်း မိသားစုကို အချိန်ပေးနေတယ်လို့လည်း သိရပါတယ်။ အခုဆိုရင်တော့ ဒုတိယမြောက် ရင်သွေးလေးကို ဇနီးဖြစ်သူ မခင်သူအောင်က ကိုယ်ဝန်လွယ်ထားရပြီလို့ မြင့်မြတ်က အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သူဟာ “အမှောင်မှာ ရွာချတဲ့မိုးတိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားတာပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်

Zawgyi

အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ မင္းသားတစ္ေယာက္ပါ။ျမင့္ျမတ္တို႔ဇနီးေမာင္ႏွံကေတာ့ ေဝဘာဂီေဆး႐ုံႀကီးအတြက္ PPE ဝတ္စုံ (၁၀၀၀) ေက်ာ္လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။သ႐ုပ္ေဆာင္ျမင့္ျမတ္နဲ႔ ဇနီးျဖစ္သူ မခင္သူေအာင္တို႔ ဇနီးေမာင္ႏွံဟာ ကိုဗစ္-၁၉  ကာလမွာ လိုအပ္တဲ့ အလႉေတြကို အဆက္မျပတ္လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္။ အခုလည္း ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေဝဘာဂီေဆး႐ုံႀကီးအတြက္ လိုအပ္တဲ့ ေဆးပစၥည္းေတြကို သိန္း(၁၆၂)သိန္းေက်ာ္ လႉဒါန္းခဲ့တာ ေတြ႕ရပါတယ္။
“ကိုဗစ္-၁၉  ေရာဂါ ကာကြယ္ကုသေရးအတြက္ ကိုျမင့္ျမတ္ ႏွင့္ ဇနီးမခင္သူေအာင္ သားေမာင္ျမတ္သူ မိသားစုတို႔မွ က်ပ္သိန္း ( 16,240,000 ) တန္ဖိုးရွိ PPE ဝတ္စုံ ( 1040 ) ကို ေဝဘာဂီေဆး႐ုံသို႔ လႉဒါန္းခဲ့ပါသည္” ဆိုၿပီးေတာ့ ဧၿပီလ ၉ ရက္ေန႔ ေန႔လယ္ ၂ နာရီေက်ာ္က ျမင့္ျမတ္ရဲ႕ မန္ေနဂ်ာျဖစ္သူ ကိုဟိန္းရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေရးထားတာ ေတြ႕ရပါတယ္။


ျမင့္ျမတ္ဟာ အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူ တစ္ေယာက္ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အဆိုေတာ္ ယုန္ေလး ဦးေဆာင္တဲ့ အလႉမွာလည္း က်န္းမာေရးဝန္ထမ္းေတြအတြက္ လိုအပ္တဲ့ ေဆးပစၥည္းေတြ ဝယ္ယူႏိုင္ဖို႔ ေငြက်ပ္(၁၀)သိန္းက်ပ္ လႉဒါန္းထားတာကိုလည္း ေတြ႕ရပါတယ္။ လက္ရွိမွာလည္း ကုိဗစ္-၁၉  ကူးစက္ေရာဂါေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ ေန႔စားအလုပ္သမားေတြအေနနဲ႔ စားဝတ္ေနေရး အက်ပ္အတည္းေတြ ႀကဳံေနရတာျဖစ္ပါတယ္။ ဒါေၾကာင့္ အႏုပညာရွင္မ်ားစြာတို႔ကလည္း တတ္ႏိုင္တဲ့ ဘက္ကေန အလႉအတန္းေတြလုပ္ခဲ့ၾကတာကို ေတြ႕ရပါတယ္။


သ႐ုပ္ေဆာင္ျမင့္ျမတ္ကေတာ့ လက္ရွိမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္႐ိုက္ကူးေနရသူပါ။ ကိုဗစ္-၁၉  ေၾကာင့္ ႐ိုက္ကူးေရးေတြ ခဏနားထားရင္း မိသားစုကို အခ်ိန္ေပးေနတယ္လို႔လည္း သိရပါတယ္။ အခုဆိုရင္ေတာ့ ဒုတိယေျမာက္ ရင္ေသြးေလးကို ဇနီးျဖစ္သူ မခင္သူေအာင္က ကိုယ္ဝန္လြယ္ထားရၿပီလို႔ ျမင့္ျမတ္က အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။ သူဟာ “အေမွာင္မွာ ႐ြာခ်တဲ့မိုးတိမ္” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ၂၀၁၇ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ရရွိထားတာပါ။ လက္ရွိမွာလည္း ပရိသတ္အခိုင္အမာရရွိထားတဲ့ ထိပ္တန္း သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။

ဆယ္လီရပ္ကြက္

Post a Comment

Previous Post Next Post