ဒီလို ကေစ့်တွေကို ကော်မီတီအသစ်က ပြတ်ပြတ်သားသား ကိုင်တွယ်လိမ့်မယ်လို့ ထင်ပါတယ်…

Covid 19 အတွက် အစည်းအဝေးတက်တယ်…

ကလောမြို့ Quarantine Center အတွက် ထ ၁ မှာပြင်ဆင်နေကြတယ်ဆိုပေမယ့် Facility မပြည့်စုံသေးတာကို သိရတယ်…

ကိုယ့်မိုတယ်ကို Quarantine အတွက် အသုံးပြုဖို့ကူညီပေးနိုင်မလားလို့မေးတော့ ချက်ချင်းအဖြေမပေးနိုင်ဘူး…. (ကိုယ်တစ်ယောက်ထဲမှ ဆုံးဖြတ်လို့မလွယ်တာ)
အိမ်နဲ့တိုင်ပင်ပါဦးမယ်ဆိုပြီး ပြန်တိုင်ပင်တယ်….

အိမ်ကလဲ မဆိုင်းမတွပဲ သဘောတူကြတာနဲ့ Quarantine center အဖြစ် အသုံးပြုဖို့ဖြစ်သွားတယ်….

လောလောဆယ်မှာ ကိုယ်ကူနိုင်သမျှက ဒါပဲရှိတော့ ဒါပဲကူရတာပေါ့….



ရောဂါကုသပေးမယ့် ဆရာဝန် ဆရာမတွေ volunteer တွေဆို အသက်တောင် ရင်းထားကြရတာ…

ကလောလိုမျိုး ဟိုတယ်အခန်းပေါင်း ၁၀၀၀ ကျော်ရှိတဲ့မြို့မှာ Quarantine အတွက် ခေါင်းခြောက်ခဲ့ကြရတယ်လို့လဲ သမိုင်းအတွင်မခံချင်ဘူး….

ကိုယ့်မြို့လေးအတွက် ပေးရမယ့်အချိန် ပြန်ပေးတာပေါ့…

Quarantine Center အဖြစ် အသွင်ပြောင်းဖို့အနားပေးထားတဲ့ ဝန်ထမ်းတွေ အကုန်ပြန်ခေါ်ပြီး တစ်နေကုန်ပြင်ဆင်တယ်…



အင်တိုက်အားတိုက်လုပ်ရင်တောင်မှ အဆင်သင့်ဖြစ်ဖို့ နောက်ထပ် ၁ ရက် အနည်းဆုံးထပ်လိုမယ်…

ပြဿနာက နေ့လည်ကစတယ်…

ရပ်ကွက်က ကန့်ကွက်တယ်တဲ့…



ဟိုတယ်ရှေ့ကိုလဲ အခုချိန်ထိ လူတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာလို့ ဟိုတယ်မှာ ကိုယ်တိုင်ထိုင်ပြီး ဒိုင်ခံဖြေရှင်းနေရတယ်…

အဲ့ဒါနဲ့ တိုင်ပါတ်ပြီး လုပ်လက်စအားလုံး ရပ်နေတယ်…

စဉ်းစားလို့မတတ်တော့ဘူး…


ကိုယ်ကတော့ လှူထားပြီးသားအရာတစ်ခုကို လုံးဝပြန်ယူမှာမဟုတ်ဘူး…

ကော်မတီဆုံးဖြတ်ချက်အတိုင်းပဲ…


ဒီပုံစံနဲ့သာဆို တကယ်အဆိုးဝါးဆုံးအချိန်တွေကိုရောက်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ…

ကိုယ်လွတ်ရုန်းရတာက သိပ်လွယ်ပါတယ်…

Aung Ye Pyae

Post a Comment

Previous Post Next Post