တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြီးရဲ့ အန္တရာယ်ကို စောစီးစွာခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံမပါခဲ့ပေမယ့် အခုဆိုရင်တော့ မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူတွေတဖြည်းဖြည်း တရိပ်ရိပ်တိုးလာခဲ့ပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေသာမက နိုင်ငံနဲ့ အဝှမ်းမှာ ဒီရောဂါဆိုးကြီးကူးစက်မှုကိုလျှော့ချနိုင်ဖို့အတွက် ဂရုတစိုက်လုပ်ဆောင်နေကြတာကိုလည်း တွေ့ရမှာပါ။ နိုင်ငံခြားကပြန်လာတဲ့သူတွေကိုလည်း ဆေးရုံတွေ၊ဟိုတယ်တွေမှာ (၁၄) ရက်စောင့်ကြည့်မှုတွေကို စနစ်တကျလုပ်ဆောင်လျက်ရှိပါတယ်။

ဒီကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းက တိုက်ထုတ်နေရတဲ့ ဆရာဝန်တွေ၊ဆေးအမှုထမ်းတွေဆိုရင်လည်း ကိုယ့်အိမ်ကိုယ့်ယာမပြန်ပဲနဲ့ ကိုယ်ကျိုးစွန့်ပြီး တာဝန်ထမ်းဆောင်နေကြသူတွေပါ။ ဒါ့အပြင် ရှေ့က စီနီယာဆရာဝန် အစ်ကိုအစ်မတွေကို ကူညီဖို့အတွက် ဆေးကျောင်းသားဆေးကျောင်းသူတွေက လုပ်အားပေးတွေ ထွက်လုပ်ကြတဲ့သတင်းတွေကလည်း ကြားရတာ ကြည်နူးစရာပါပဲ။ အခုတော့ ကြားရမြင်ရတဲ့သူတွေရင်ထဲမှာ ကြည်နူးသွားရမယ့် နောက်ထပ် သတင်းတစ်ခုထပ်မံထွက်ပေါ်လာပါပြီ။ အဲဒါကတော့ (၁၄) ရက်စောင့်ကြည့်ခံရသူတွေအတွက် စေတနာမေတ္တာနဲ့ လုပ်အားပေးလုပ်နေတဲ့ ဆေးကျောင်းသားဆေးကျောင်းသူလေးတွေက စောင့်ကြည့်ခံရသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရုံသာမက လူတွေမပျင်းရအောင်ပါ သီချင်းဆိုပြီးဖျော်ဖြေနေကြတဲ့သတင်းပါ။


လှိုင်မြို့နယ်က Facilitiies Quarantine Centre မှာ လုပ်အားပေးလုပ်တဲ့ ဆေးကျောင်းသားဆေးကျောင်းသူလေးတွေရဲ့ လူတွေကို မပျင်းရအောင် ဖျော်ဖြေပေးနေတဲ့ video လေးက မကြာသေးမီက လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားသွားခဲ့ပါတယ်။ ဒီ Video လေးထဲမှာ Facilities Quarantine တိုက်ခန်းတွေရဲ့ အောက်မှာ ဆေးကျောင်းသားလေးတွေက ဂစ်တာတီးရင်း သင်္ကြန်သီချင်းတွေဆိုပြီး ဆေးကျောင်းသူလေးတွေက ကပြဖျော်ဖြေနေကြတာကိုတွေ့ရပါတယ်။ Quarantine ဝင်နေရသူတွေလည်း စိတ်အပြောင်းအလဲဖြစ်ပြီး တိုက်ခန်းဝရန်တာတွေကနေ ကပြဖျော်ဖြေသူတွေကို ကြည့်ရှုအားပေးနေကြတဲ့ မြင်ကွင်းဟာဆိုရင်လည်း ခံစားတတ်သူတွေအဖို့ မျက်ရည်လည်စရာပဲလို့ိဆိုရမှာပါ။ ဒီ video လေးကို ဦးသိန်းထိန်က သူ့ရဲ့ လူမှုကွန်ယက်ကနေ “Hlaing Facilities Quarantine Center ရှိ ပြည်တော်ပြန်များအား ပြုစုစောင့်ရှောက်နေသော ဆေးကျောင်းသား Volunteers များမှ ဖျော်ဖြေ” ဆိုတဲ့စာလေးနဲ့ တင်ထားခဲ့တာပါ။

ပရိသတ်ကြီးအတွက် ဆေးကျောင်းသားတွေရဲ့ ကပြဖျော်ဖြေတဲ့ ကြည်နူးစရာ video လေးကို comment မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ အခုလို နိုင်ငံအတွက် ကြိုးစားပြီး လုပ်အားပေးနေတဲ့ Volunteers လေးတွေနဲ့ အသက်စွန့်ပြီးတိုက်ပွဲဝင်နေတဲ့ ဆေးဘက်ဆိုင်ရာအမှုထမ်းတွေကို အားနာသနားညှာတာပြီး တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ မလိုအပ်ပဲ အပြင်မထွက်ပဲ အိမ်ထဲမှာပဲနေကြပြီး ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်နော်။

Post a Comment

Previous Post Next Post