“လိုတာမရှိစေနဲ့”

“ဓမ္မရဝေတောရရိပ်သာ” မှာ Facility Quarantine Center ဖွင့်ထားပြီး ဆရာတော်ရဝေနွယ် (အင်းမ)က လိုသေးမရှိရအောင် (အခမဲ့) စောင့်ရှောက်ပေးထားပါတယ်။
Quarantine ဝင်နေသူတွေက ဘာသာခြားတွေများတယ်။ အသက်အရွယ်ကြီးသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေလည်း ပါတယ်။

အစားအသောက်အတွက် “ခိုင်ခိုင်ကျော်” ကနေ ဈေးအမြင့်ဆုံးကို မှာကျွေးပါတယ်။ အသက်ကြီးသူတချို့က သူတို့စားချင်တာလေး ပြောခဲ့ရင်လည်း အဆင်ပြေအောင် စီစဉ်ပေးပါတယ်။
မနက်စာနဲ့အတူ ကြက်ဥပြုတ်နဲ့ မုန့်တစ်မျိုးမျိုး၊ နေ့လည်စာမှာ သစ်သီး၊ ညနေစာကြတော့ မုန့်နဲ့ အချိုရည်တစ်မျိုးမျိုး ထပ်ထည့်ပေးပါတယ်။
ဆရာတော်ရေးတဲ့ “ကောင်းကင်ကြီးကို မော့မော့ကြည့်နေသူ ဦးဇင်းတစ်ပါးအကြောင်း” စာအုပ်ကို လူတိုင်းစိ ဝေပေးခဲ့တယ်။
“ဓမ္မရဝေတောရရိပ်သာ” ရဲ့ အရိပ်ကို ရောက်လာသူအားလုံးကို ဘာသာ၊ လူမျိုးမခွဲခြားပဲ လိုတာမရှိရအောင် စေတနာ၊ မေတ္တာအပြည့်ထားပြီး စောင့်ရှောက်ပေးနေတာကို ကိုယ်တိုင်မြင်သိရလို့ ရိုသေဦးညွှတ်ရင်း ကုသိုလ်ပွားစေရန် တင်ပြလိုက်တာပါ။

Win Thein

Post a Comment

Previous Post Next Post