ပီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာပွဲအခမ်းအနားတစ်ခုမှာ တစ်ယောက်မှတစ်ယောက် အဆင့်ဆင့် ကူးစက်ခဲ့ရာ အခုဆိုရင် ကွင်းဆက်အများကြီး ထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။

ထိုပွဲကို တက်ရောက်ခဲ့တဲ့ အဆိုတော်မျိုးကြီးလည်း Covid – 19 ရောဂါကို ကူးစက်ခံနေရပြီဖြစ်ပြီး အခု လူငယ်ကြိုက် Rap အဆိုတော်တစ်ယောက်ဖြစ်တဲ့ J Me ကလည်း ထိုပွဲမှာ ရှိနေခဲ့တာကြောင့် အခုဆိုရင် Quarantine စောင့်ကြည့်ခံနေရပြီ ဖြစ်ပါတယ်။
J Me က စမ်းချောင်းမြို့နယ်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ သူ့ရဲ့ ကိုယ်ပိုင်ကားနဲ့ လှိုင် Quarantine Center ကို သွားခဲ့တယ်လို့ သိရပါတယ်။ J Me နေထိုင်ရာ စမ်းချောင်းမြို့နယ်က အိမ်အနီးအနားကိုလည်း ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး မိသားစုဝင်တွေကိုလည်း စောင့်ကြပ်ကြည့်ရှုနေတယ်လို့ သိရပါတယ်။
J Me က Covid – 19 ကူးစက်လူနာတွေနဲ့ နီးနီးကပ်ကပ်ရှိခဲ့တာမို့ သူ့ရဲ့အခြေအနေကလည်း စောင့်ကြည့်စရာပါပဲ။ J Me အတွက် သတင်းကောင်းတွေ ကြားရဖို့ ပရိသတ်ကြီးက ဆုတောင်းပေးကြပါဦးနော်။

Zawgyi





Source: Myo Gyi’s fb
Credit _ Cele Connection

Post a Comment

Previous Post Next Post