နေထူးနိုင်ကတော့ ဗွီဒီယိုလောကမှာ အောင်မြင်နေတဲ့ မင်းသားတစ်လက်ပါ။ သူများနဲ့မတူ ကွဲထွက်တဲ့အိုင်ဒီယာတွေနဲ့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အခုဆိုရင်တော့ ပရိသတ်ရဲ့အသိမှတ်ပြုအားပေးမှု အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။ ဗွီဒီယိုခေတ်ပျက်ပြီးနောက်ပိုင်းမှာလည်း ဗွီဒီယိုလောကပြန်လည်ဦးမော့လာစေရေးအတွက် လုပ်ဆောင်ချက်တွေဆက်တိုက်ပြုလုပ်ခဲ့သူပါ။ သူကတော့ သူ့ရဲ့ဗွီဒီယိုဇာတ်ကားတွေကို ရေနံချောင်း၊ချောက်မြို့တို့မှာ အများဆုံးရိုက်ကူးလေ့ရှိပြီး ရေနံချောင်းမှာ သူပိုင်ဆိုင်တဲ့(၁၂)ဧက ကျယ်ဝန်းတဲ့ရုပ်ရှင်ခြံတစ်ခုလည်း ရှိပါတယ်။

ရေနံချောင်းသားတစ်ယောက်ဖြစ်တဲ့နေထူးနိုင်ကတော့ ဒီနေ့မှာ ရေနံချောင်းမြို့က Quarantine ဝင်မယ့်လူတွေအတွက် သူ့ရဲ့ရုပ်ရှင်ခြံကို အသုံးပြုခွင့်ပေးကြောင်းမျှဝေခဲ့ပါတယ်။ အခုချိန်မှာဆိုရင်တော့ တဖြည်းဖြည်းများလာတဲ့ပြည်တော်ပြန်တွေကြောင့် ရေနံချောင်းမြို့အတွက် မူလပထမစီစဉ်ထားတဲ့ Quarantine နေရာတွေလုံလောက်မှုမရှိတော့ပါဘူး။

နေထူးနိုင်ရဲ့ရုပ်ရှင်ခြံကတော့ (၁၂)ဧကကျယ်ဝန်းတဲ့အပြင် လတ်တလောလူ(၁၀)ဦးနေနိုင်တဲ့ တဲ(၂)လုံး၊ ရေအလုံအလောက်ရရှိခြင်း၊ လိုအပ်သလိုလည်း ထပ်မံတိုးချဲ့နိုင်တဲ့မြေနေရာရှိခြင်း၊ မြို့အဝင်လမ်းမပေါ်မှာလည်းရှိခြင်း စတာတွေကြောင့် Quarantine ဝင်မယ့်သူတွေအတွက် အသင့်တော်ဆုံးဖြစ်နေတယ်ဆိုရင်လည်း မမှားပါဘူး။ အဖိုးတန်တဲ့အလှူလေးကို လုပ်ပေးခဲ့တာကြောင့် ဒေသခံတွေကလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ပရိသတ်ကြီးရေ… နေထူးနိုင်ကတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ရေးလုပ်ငန်းစဉ်တွေစတင်နေကတည်းက တစ်ထောင့်တစ်နေရာကနေ ပါဝင်နေခဲ့သူပါ။ မနေ့ကလည်း အိမ်ထောင်စု(၁၀)စုစာအတွက် ဆန်(၁၀) ပြည်နဲ့ ဆီ(၁)ပိဿာဘူးတွေ လှူဒါန်းပေးခဲ့ပါသေးတယ်။ ရပ်ရွာအကျိုးကိုသယ်ပိုးပြီး ရုပ်ရှင်ခြံကို Quarantine လူနာတွေအတွက် အသုံးပြုခွင့်ပေးခဲ့တဲ့ နေထူးနိုင်ရဲ့အလှူလေးကို သာဓုခေါ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

Source – Nay Htoo Naing
Rainbow- Cele Gabar


Zawgyi

ေနထူးႏိုင္ကေတာ့ ဗြီဒီယိုေလာကမွာ ေအာင္ျမင္ေနတဲ့ မင္းသားတစ္လက္ပါ။ သူမ်ားနဲ႔မတူ ကြဲထြက္တဲ့အိုင္ဒီယာေတြနဲ႔ ဇာတ္ကားေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့ၿပီး အခုဆိုရင္ေတာ့ ပရိသတ္ရဲ႕အသိမွတ္ျပဳအားေပးမႈ အခိုင္အမာရရွိေနၿပီျဖစ္ပါတယ္။ ဗြီဒီယိုေခတ္ပ်က္ၿပီးေနာက္ပိုင္းမွာလည္း ဗြီဒီယိုေလာကျပန္လည္ဦးေမာ့လာေစေရးအတြက္ လုပ္ေဆာင္ခ်က္ေတြဆက္တိုက္ျပဳလုပ္ခဲ့သူပါ။ သူကေတာ့ သူ႔ရဲ႕ဗြီဒီယိုဇာတ္ကားေတြကို ေရနံေခ်ာင္း၊ေခ်ာက္ၿမိဳ႕တို႔မွာ အမ်ားဆုံး႐ိုက္ကူးေလ့ရွိၿပီး ေရနံေခ်ာင္းမွာ သူပိုင္ဆိုင္တဲ့(၁၂)ဧက က်ယ္ဝန္းတဲ့႐ုပ္ရွင္ၿခံတစ္ခုလည္း ရွိပါတယ္။

ေရနံေခ်ာင္းသားတစ္ေယာက္ျဖစ္တဲ့ေနထူးႏိုင္ကေတာ့ ဒီေန႔မွာ ေရနံေခ်ာင္းၿမိဳ႕က Quarantine ဝင္မယ့္လူေတြအတြက္ သူ႔ရဲ႕႐ုပ္ရွင္ၿခံကို အသုံးျပဳခြင့္ေပးေၾကာင္းမွ်ေဝခဲ့ပါတယ္။ အခုခ်ိန္မွာဆိုရင္ေတာ့ တျဖည္းျဖည္းမ်ားလာတဲ့ျပည္ေတာ္ျပန္ေတြေၾကာင့္ ေရနံေခ်ာင္းၿမိဳ႕အတြက္ မူလပထမစီစဥ္ထားတဲ့ Quarantine ေနရာေတြလုံေလာက္မႈမရွိေတာ့ပါဘူး။

ေနထူးႏိုင္ရဲ႕႐ုပ္ရွင္ၿခံကေတာ့ (၁၂)ဧကက်ယ္ဝန္းတဲ့အျပင္ လတ္တေလာလူ(၁၀)ဦးေနႏိုင္တဲ့ တဲ(၂)လုံး၊ ေရအလုံအေလာက္ရရွိျခင္း၊ လိုအပ္သလိုလည္း ထပ္မံတိုးခ်ဲ႕ႏိုင္တဲ့ေျမေနရာရွိျခင္း၊ ၿမိဳ႕အဝင္လမ္းမေပၚမွာလည္းရွိျခင္း စတာေတြေၾကာင့္ Quarantine ဝင္မယ့္သူေတြအတြက္ အသင့္ေတာ္ဆုံးျဖစ္ေနတယ္ဆိုရင္လည္း မမွားပါဘူး။ အဖိုးတန္တဲ့အလႉေလးကို လုပ္ေပးခဲ့တာေၾကာင့္ ေဒသခံေတြကလည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ပရိသတ္ႀကီးေရ… ေနထူးႏိုင္ကေတာ့ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ကာကြယ္ေရးလုပ္ငန္းစဥ္ေတြစတင္ေနကတည္းက တစ္ေထာင့္တစ္ေနရာကေန ပါဝင္ေနခဲ့သူပါ။ မေန႔ကလည္း အိမ္ေထာင္စု(၁၀)စုစာအတြက္ ဆန္(၁၀) ျပည္နဲ႔ ဆီ(၁)ပိႆာဘူးေတြ လႉဒါန္းေပးခဲ့ပါေသးတယ္။ ရပ္႐ြာအက်ိဳးကိုသယ္ပိုးၿပီး ႐ုပ္ရွင္ၿခံကို Quarantine လူနာေတြအတြက္ အသုံးျပဳခြင့္ေပးခဲ့တဲ့ ေနထူးႏိုင္ရဲ႕အလႉေလးကို သာဓုေခၚႏိုင္ဖို႔ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Nay Htoo Naing
Rainbow- Cele Gabar


Post a Comment

Previous Post Next Post