Unicode

မော်လမြိုင်မြို့၊ ၁၀ မြို့နယ်အဆောင်ဝန်းအတွင်းရှိ မော်လမြိုင်ဆောင်တွင် Community Based facility Quarantine (CBFQ) ဆောင်ရွက်နေရာမှ ထွက်ပြေးသွားသည့် လင်မယားနှစ်ဦးအား ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်းသိရသည်။ ၎င်းတို့နှစ်ဦးအား ကူးစက်ရောဂါကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါအဆောင်တွင်ပရဟိတလုပ်ကိုင်ပေးနေသည့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောဆိုသည်။




၎င်းတို့အနေဖြင့် Quarantine ဝင်နေသည့် အဆောင်မှ ရေချိုးမည်ဆိုကာ ဧပြီ ၂၆ ရက်နေ့ညတွင် ထွက်ပြေးသွားခဲ့ခြင်းပြီး ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာသို့ရောက်ရှိစဉ်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။



” ဒီမနက်ပဲပြန်တွေ့ပါပြီဗျ။ ကောင်မလေးက အစင်ဇာတိဖြစ်တဲ့အတွက် အဲ့ကိုထွက်ပြေးသွားတာ။အခုကျွန်တော်တို့ သက်ဆိုင်ရာ ရဲတွေနဲ့ ဆင့်ကဲဆင့်ကဲ ချိတ်ဆက်ပြီး ပြန်ခေါ်နေပါပြီ။ သူတို့ကို ကျန်းမာရေးက အမှုဖွင့်ထားပြီးပါပြီ။ သူတို့ရောက်တာနဲ့ တရားရုံးတင် မယ်လို့သိရပါတယ်။ သူတို့ကို Quarantine ဘယ်လိုပြန်ထားမလဲဆိုတာတော့ ကျန်းမာရေးက မညွှန်ကြားသေးပါဘူး” ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။



အဆိုပါလင်မယားမှာ မြဝတီနယ်စပ်မြို့မှတစ်ဆင့် မိဘများနှင့် အတူ Community Based facility Quarantine (CBFQ) ဆောင်ရွက်နေသည့် မော်လမြိုင်အဆောင် အခန်း(၁၅)သို့ ဧပြီ ၁၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မေ ၅ရက်နေ့တွင်မှ Quarantine ကာလ ပြည့်မြောက်မည်ဖြစ်သည်။ မော်လမြိုင်မြို့ ၊ ၁၀ မြို့နယ်အဆောင် တွင် Quarantine ဆောင်ရွက်နေရာက ထွက်ပြေးမှု ယခုအကြိမ်နှင့်ဆို နှစ်ကြိမ်ရှိပြီဖြစ်ပြီး၊ ယခင်က ပြည်တော်ပြန် ၇ ဦးထွက်ပြေးမှု တစ်ကြိမ်ဖြစ်ခဲ့ကြောင်းသိရသည်။

Zawgyi

ေမာ္လၿမိဳင္ၿမိဳ႕၊ ၁၀ ၿမိဳ႕နယ္အေဆာင္ဝန္းအတြင္းရွိ ေမာ္လၿမိဳင္ေဆာင္တြင္ Community Based facility Quarantine (CBFQ) ေဆာင္႐ြက္ေနရာမွ ထြက္ေျပးသြားသည့္ လင္မယားႏွစ္ဦးအား ျပန္လည္ေတြ႕ရွိၿပီျဖစ္ေၾကာင္းသိရသည္။ ၎တို႔ႏွစ္ဦးအား ကူးစက္ေရာဂါကာကြယ္ေရးဥပေဒျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း အဆိုပါအေဆာင္တြင္ပရဟိတလုပ္ကိုင္ေပးေနသည့္ ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕က ေျပာဆိုသည္။


၎တို႔အေနျဖင့္ Quarantine ဝင္ေနသည့္ အေဆာင္မွ ေရခ်ိဳးမည္ဆိုကာ ဧၿပီ ၂၆ ရက္ေန႔ညတြင္ ထြက္ေျပးသြားခဲ့ျခင္းၿပီး ဧၿပီ ၂၈ ရက္ေန႔ နံနက္ပိုင္းက မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ အစင္စံျပေက်း႐ြာသို႔ေရာက္ရွိစဥ္ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။


” ဒီမနက္ပဲျပန္ေတြ႕ပါၿပီဗ်။ ေကာင္မေလးက အစင္ဇာတိျဖစ္တဲ့အတြက္ အဲ့ကိုထြက္ေျပးသြားတာ။အခုကြၽန္ေတာ္တို႔ သက္ဆိုင္ရာ ရဲေတြနဲ႔ ဆင့္ကဲဆင့္ကဲ ခ်ိတ္ဆက္ၿပီး ျပန္ေခၚေနပါၿပီ။ သူတို႔ကို က်န္းမာေရးက အမႈဖြင့္ထားၿပီးပါၿပီ။ သူတို႔ေရာက္တာနဲ႔ တရား႐ုံးတင္ မယ္လို႔သိရပါတယ္။ သူတို႔ကို Quarantine ဘယ္လိုျပန္ထားမလဲဆိုတာေတာ့ က်န္းမာေရးက မၫႊန္ၾကားေသးပါဘူး” ဟု ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူကေျပာသည္။


အဆိုပါလင္မယားမွာ ျမဝတီနယ္စပ္ၿမိဳ႕မွတစ္ဆင့္ မိဘမ်ားႏွင့္ အတူ Community Based facility Quarantine (CBFQ) ေဆာင္႐ြက္ေနသည့္ ေမာ္လၿမိဳင္အေဆာင္ အခန္း(၁၅)သို႔ ဧၿပီ ၁၉ ရက္ေန႔တြင္ ေရာက္ရွိခဲ့ျခင္းျဖစ္ၿပီး ေမ ၅ရက္ေန႔တြင္မွ Quarantine ကာလ ျပည့္ေျမာက္မည္ျဖစ္သည္။ ေမာ္လၿမိဳင္ၿမိဳ႕ ၊ ၁၀ ၿမိဳ႕နယ္အေဆာင္ တြင္ Quarantine ေဆာင္႐ြက္ေနရာက ထြက္ေျပးမႈ ယခုအႀကိမ္ႏွင့္ဆို ႏွစ္ႀကိမ္ရွိၿပီျဖစ္ၿပီး၊ ယခင္က ျပည္ေတာ္ျပန္ ၇ ဦးထြက္ေျပးမႈ တစ္ႀကိမ္ျဖစ္ခဲ့ေၾကာင္းသိရသည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post