မုံရွာ၊ဧပြီ- ၇

ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ဖုတ္ထန်းတော ရွာတွင် စောင့်ကြည့်နိုင်ငံခြားပြန်များအား ၁၄ ရက်ထားသည့် Quarantine ၌ အလှည့်ကျစောင့်ရန် တာဝန် ပျက်ကွက်သော ဆယ်အိမ်မှူးအား ဧပြီ ၆ ရက်နေ့တွင်အမှုဖွင့်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းရရှိသည်။

COVIDd-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဒီပဲယင်းမြို့နယ်ကော်မတီ မှ ဖွဲ့စည်းတာဝန်ပေးခဲ့သော ညပိုင်းအလှည့်ကျစောင့်ရန် တာဝန်ကို ကျေးရွာဆယ်အိမ်မှူးမှ ပျက်ကွက်ခဲ့သဖြင့် တိုင်းအဆင့် ကော်မတီထံ တင်ပြခဲ့ခြင်းဖြစ်သည်။

၎င်းအား ဥပဒေနှင့်အညီ လုပ်ဆောင်ရန် ညွန်ကြားချက်ပေးသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှူး ဦးအောင်ဖြိုးသူမှ တရားလိုပြုလုပ်၍ မူးကမ်းကြီးနယ်မြေ ရဲစခန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၈ (ခ)ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။

စစ်ကိုင်းတိုင်းတွင် လူစုလူဝေးမလုပ်ရန် ဒေသန္တရ အမိန့်အားမလိုက်နာသူ ၊အသွားအလာကန့်သတ်စောင့်ကြည့်ဧရိယာစည်းကမ်းများအား မလိုက်နာ သူများကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မများ ဖြင့် အမှုဖွင့်ခြင်း၊ထောင်ချ ခြင်းများရှိခဲ့သည်။

#MonywaGazette #COVID19

Zawgyi

မုံ႐ြာ၊ဧၿပီ- ၇

ေ႐ႊဘိုခ႐ိုင္ ဒီပဲယင္းၿမိဳ႕နယ္ ဖုတၳန္းေတာ ႐ြာတြင္ ေစာင့္ၾကည့္ႏိုင္ငံျခားျပန္မ်ားအား ၁၄ ရက္ထားသည့္ Quarantine ၌ အလွည့္က်ေစာင့္ရန္ တာဝန္ ပ်က္ကြက္ေသာ ဆယ္အိမ္မႉးအား ဧၿပီ ၆ ရက္ေန႔တြင္အမႈဖြင့္ခဲ့ေၾကာင္း တိုင္းရဲတပ္ဖြဲ႕မႉး ႐ုံးမွ သတင္းရရွိသည္။

COVIDd-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရး ဒီပဲယင္းၿမိဳ႕နယ္ေကာ္မတီ မွ ဖြဲ႕စည္းတာဝန္ေပးခဲ့ေသာ ညပိုင္းအလွည့္က်ေစာင့္ရန္ တာဝန္ကို ေက်း႐ြာဆယ္အိမ္မႉးမွ ပ်က္ကြက္ခဲ့သျဖင့္ တိုင္းအဆင့္ ေကာ္မတီထံ တင္ျပခဲ့ျခင္းျဖစ္သည္။

၎အား ဥပေဒႏွင့္အညီ လုပ္ေဆာင္ရန္ ၫြန္ၾကားခ်က္ေပးသျဖင့္ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံး ဒုဦးစီးမႉး ဦးေအာင္ၿဖိဳးသူမွ တရားလိုျပဳလုပ္၍ မူးကမ္းႀကီးနယ္ေျမ ရဲစခန္းတြင္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၈ (ခ)ျဖင့္ အမႈဖြင့္ တိုင္ၾကားခဲ့သည္။

စစ္ကိုင္းတိုင္းတြင္ လူစုလူေဝးမလုပ္ရန္ ေဒသႏၲရ အမိန႔္အားမလိုက္နာသူ ၊အသြားအလာကန႔္သတ္ေစာင့္ၾကည့္ဧရိယာစည္းကမ္းမ်ားအား မလိုက္နာ သူမ်ားကို သဘာဝေဘးစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မမ်ား ျဖင့္ အမႈဖြင့္ျခင္း၊ေထာင္ခ် ျခင္းမ်ားရွိခဲ့သည္။

#MonywaGazette #COVID19
မုံ႐ြာေဂဇက္

Post a Comment

Previous Post Next Post