အဆိုတော် ဂျေမီတို့မိသားစု(၃) ဦး လှိုင်မှာ Quarantine ဝင်နေရ နေအိမ်နားကိုတော့ အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ အဆိုတော် ဂျေမီဟာ Covid -19 ရောဂါပိုးတွေ့ရှိခဲ့သူ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လား၊ အဆိုတော်မျိုးကြီးတို့နဲ့ ရင်းနှီးပြီး ထိတွေ့ဆက်ဆံမှုရှိတာကြောင့် လက်ရှိမှာ ဂျေမီနဲ့ မိသားစုဝင်(၂) ဦး လှိုင်မှာ Quarantine ဝင်နေရတယ်လို့ သိရပါတယ်။


စမ်းချောင်းတောင်ရပ်ကွက် ၊ အမှတ်(၃၉) ၊ဦးဖီးလမ်းမှာ နေထိုင်တဲ့ အဆိုတော် ဂျေမီနဲ့ မိသားစုဝင်(၂)ဦးကို လှိုင်မြို့နယ်က Quarantine နေရာမှာ ထားထားတယ်လို့ စမ်းချောင်းလွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။ “ဂျေမီနဲ့မိသားစုဝင်တွေကို တိုင်းကျန်းမာရေးနဲ့ချိတ်ဆက်ပြီးတော့ တောင်ဥက္ကလာပ ဆေးရုံကိုသွားပြီး စစ်ဆေးမှုခံယူမယ်၊ ပြီးရင် လှိုင်က အသွားအလာကန့်သတ်ထားတဲ့ နေရာမှာထားမယ်ဆိုတာ သိရပါတယ်။ သူတို့ကားနဲ့သူတို့သွားတယ်လို့ သိရပါတယ်။နေအိမ်နား ပတ်ဝန်းကျင်ကိုတော့ လက်ရှိမှာ ပိုးသတ်ဆေးဖြန်းတာတွေ အသွားအလာကန့်သတ်တာတွေတော့ လုပ်ထားတယ်” လို့ စမ်းချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဦးသော်တာအောင်က Duwun ကို ပြောပါတယ်။
အဆိုတော် ဂျေမီတစ်ယောက် ကျန်းမာရေးစစ်ဆေးမှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေလို့လည်း သူ့ရဲ့ ပရိသတ်တွေက ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွေကနေ ဆုတောင်းစကားတွေ ဆိုထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာ Covid -19 ရောဂါပိုး တွေ့ရှိခဲ့တဲ့ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ အတူ ထိတွေ့ခဲ့တဲ့ အဆိုတော်မျိုးကြီးမှာလည်း Covid 19 ရောဂါပိုး တွေ့ရှိခဲ့တာကြောင့် သူရဲ့ ပရိသတ်တွေစိတ်မကောင်း ဖြစ်လို့နေပါတယ်။

Zawgyi

အဆိုေတာ္ ေဂ်မီတို႔မိသားစု(၃) ဦး လႈိင္မွာ Quarantine ဝင္ေနရ ေနအိမ္နားကိုေတာ့ အသြားအလာ ကန္႔သတ္ထားတယ္လို႔ သိရပါတယ္။ အဆိုေတာ္ ေဂ်မီဟာ Covid -19 ေရာဂါပိုးေတြ႕ရွိခဲ့သူ ခရစ္ယာန္တရားေဟာဆရာ ေစာေဒးဗစ္လား၊ အဆိုေတာ္မ်ိဳးႀကီးတို႔နဲ႔ ရင္းႏွီးၿပီး ထိေတြ႕ဆက္ဆံမႈရွိတာေၾကာင့္ လက္ရွိမွာ ေဂ်မီနဲ႔ မိသားစုဝင္(၂) ဦး လႈိင္မွာ Quarantine ဝင္ေနရတယ္လို႔ သိရပါတယ္။


စမ္းေခ်ာင္းေတာင္ရပ္ကြက္ ၊ အမွတ္(၃၉) ၊ဦးဖီးလမ္းမွာ ေနထိုင္တဲ့ အဆိုေတာ္ ေဂ်မီနဲ႔ မိသားစုဝင္(၂)ဦးကို လႈိင္ၿမိဳ႕နယ္က Quarantine ေနရာမွာ ထားထားတယ္လို႔ စမ္းေခ်ာင္းလႊတ္ေတာ္ကိုယ္စားလွယ္က ဆိုပါတယ္။ “ေဂ်မီနဲ႔မိသားစုဝင္ေတြကို တိုင္းက်န္းမာေရးနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ေတာင္ဥကၠလာပ ေဆး႐ုံကိုသြားၿပီး စစ္ေဆးမႈခံယူမယ္၊ ၿပီးရင္ လႈိင္က အသြားအလာကန္႔သတ္ထားတဲ့ ေနရာမွာထားမယ္ဆိုတာ သိရပါတယ္။ သူတို႔ကားနဲ႔သူတို႔သြားတယ္လို႔ သိရပါတယ္။ေနအိမ္နား ပတ္ဝန္းက်င္ကိုေတာ့ လက္ရွိမွာ ပိုးသတ္ေဆးျဖန္းတာေတြ အသြားအလာကန္႔သတ္တာေတြေတာ့ လုပ္ထားတယ္” လို႔ စမ္းေခ်ာင္းၿမိဳ႕နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ဦးေသာ္တာေအာင္က Duwun ကို ေျပာပါတယ္။


အဆိုေတာ္ ေဂ်မီတစ္ေယာက္ က်န္းမာေရးစစ္ေဆးမႈေတြကို အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ပါေစလို႔လည္း သူ႔ရဲ႕ ပရိသတ္ေတြက ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚေတြကေန ဆုေတာင္းစကားေတြ ဆိုထားတာကိုလည္း ေတြ႕ရပါတယ္။ လက္ရွိမွာ Covid -19 ေရာဂါပိုး ေတြ႕ရွိခဲ့တဲ့ ခရစ္ယာန္တရားေဟာဆရာ ေစာေဒးဗစ္လားနဲ႔ အတူ ထိေတြ႕ခဲ့တဲ့ အဆိုေတာ္မ်ိဳးႀကီးမွာလည္း Covid 19 ေရာဂါပိုး ေတြ႕ရွိခဲ့တာေၾကာင့္ သူရဲ႕ ပရိသတ္ေတြစိတ္မေကာင္း ျဖစ္လို႔ေနပါတယ္။

Credit Duwun

Post a Comment

Previous Post Next Post