လက်ရှိမှာ Quarantine ဝင်နေပြီး ဆေးစစ်မှု ခံယူနေရတယ်လို့ သိရပါတယ်။
အဆိုတော် သီရိရှင်းသန့်ဟာ Covid -19 ရောဂါပိုးတွေ့ရှိခဲ့သူ ခရစ်ယာန်တရားဟောဆရာ စော‌ဒေးဗစ်လားနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် Quarantine ဝင်နေပြီး ဆေးစစ်မှု ခံယူနေရတယ်လို့ သိရပါတယ်။ သီရိရှင်းသန့်အပြင် သူမရဲ့ မောင်ဖြစ်သူပါ Quarantine ဝင်နေရတာပါ။
“မနေ့က ဆေးစစ်တယ် လောလောဆယ် ဆေးအဖြေမရခင် လမ်းမတော်မှာ သူတို့ကို ထားထားတယ်။ လမ်းမတော်မှာအဆင်မပြေလို့ မင်္ဂလာဒုံမြို့နယ်က ရဝေနွယ် (အင်းမ)ကျောင်းမှာ သွားနေတယ်လို့ သိရပါတယ်။ လောလောဆယ် အဖြေစောင့်နေပါတယ်။ သူတို့က ဆရာဒေးဗစ်လားတို့နဲံထိတွေ့မှုရှိတာကြောင့်ပါ “ လို့ အလုံမြို့နယ်ကတာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
အဆိုတော် သီသိရှင်းသန့်ဟာ ဘာသာရေးပွဲတွေ တော်တော်များများကို တက်ရောက်ခဲ့သူတစ်ဦး ဖြစ်ပြီး တရားဟော ဆရာစောဒေးဗစ်လား၊အဆိုတော်မျိုးကြီး၊ဂျေမီတို့နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် အဆိုတော် သီရိရှင်းသန့်မှာ Covid -19 ရောဂါပိုးတွေ့ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မဟုတ်မှန်ကြောင်းကို အလုံမြို့နယ်ကတာဝန် ရှိသူတစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။

“လက်ရှိမှာ ဆေးစစ်ထားတုန်းပါ။ဆေးစစ်ချက်အဖြေကို စောင့်နေပါတယ်”လို့ သူက ဆိုပါတယ်။

Zawgyi

လက္ရွိမွာ Quarantine ဝင္ေနၿပီး ေဆးစစ္မႈ ခံယူေနရတယ္လို႔ သိရပါတယ္။

အဆိုေတာ္ သီရိရွင္းသန္႔ဟာ Covid -19 ေရာဂါပိုးေတြ႕ရွိခဲ့သူ ခရစ္ယာန္တရားေဟာဆရာ ေစာ‌ေဒးဗစ္လားနဲ႔ ထိေတြ႕မႈ ရွိခဲ့တာေၾကာင့္ Quarantine ဝင္ေနၿပီး ေဆးစစ္မႈ ခံယူေနရတယ္လို႔ သိရပါတယ္။ သီရိရွင္းသန္႔အျပင္ သူမရဲ႕ ေမာင္ျဖစ္သူပါ Quarantine ဝင္ေနရတာပါ။

“မေန႔က ေဆးစစ္တယ္ ေလာေလာဆယ္ ေဆးအေျဖမရခင္ လမ္းမေတာ္မွာ သူတို႔ကို ထားထားတယ္။ လမ္းမေတာ္မွာအဆင္မေျပလို႔ မဂၤလာဒုံၿမိဳ႕နယ္က ရေဝႏြယ္ (အင္းမ)ေက်ာင္းမွာ သြားေနတယ္လို႔ သိရပါတယ္။ ေလာေလာဆယ္ အေျဖေစာင့္ေနပါတယ္။ သူတို႔က ဆရာေဒးဗစ္လားတို႔နဲံထိေတြ႕မႈရွိတာေၾကာင့္ပါ “ လို႔ အလုံၿမိဳ႕နယ္ကတာဝန္ရွိသူ တစ္ဦးက ဆိုပါတယ္။
အဆိုေတာ္ သီသိရွင္းသန္႔ဟာ ဘာသာေရးပြဲေတြ ေတာ္ေတာ္မ်ားမ်ားကို တက္ေရာက္ခဲ့သူတစ္ဦး ျဖစ္ၿပီး တရားေဟာ ဆရာေစာေဒးဗစ္လား၊အဆိုေတာ္မ်ိဳးႀကီး၊ေဂ်မီတို႔နဲ႔ ရင္းႏွီးသူလည္း ျဖစ္ပါတယ္။

လက္ရွိမွာ လူမႈကြန္ယက္ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚတြင္ အဆိုေတာ္ သီရိရွင္းသန္႔မွာ Covid -19 ေရာဂါပိုးေတြ႕ရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနေပမယ့္ မဟုတ္မွန္ေၾကာင္းကို အလုံၿမိဳ႕နယ္ကတာဝန္ ရွိသူတစ္ဦးက အတည္ျပဳေပးခဲ့ပါတယ္။

“လက္ရွိမွာ ေဆးစစ္ထားတုန္းပါ။ေဆးစစ္ခ်က္အေျဖကို ေစာင့္ေနပါတယ္”လို႔ သူက ဆိုပါတယ္။

Credit Duwun

Post a Comment

Previous Post Next Post