ပရိသတ်ကြီးရေ အစီအစဉ်တင်ဆက်သူမောင်မောင်အေးကတော့ ပရဟိတလုပ်ငန်းတွေကို အစဉ်မပြတ်လုပ်ဆာင်နေသူတစ်ဦးပါ။ ပရိသတ်တွေအတွက် အမြဲ တိကျမှန်ကန်တဲ့သတင်းအချက်အလက်တွေလည်းအမြဲဝေမျှလေ့ရှိသူဆိုရင်မှားမယ်မထင်ပါဘူးနော်။

ယခုဖြစ်ပွားလျက်ရှိတဲ့ Covid 19နဲ့ပတ်သက်ပြီးလည်း ရှေ့ဆုံးကနေ တတပ်တအားပါဝင်ကာဆောင်ရွက်လျက်ရှိတဲ့အပြင် ဆောင်ရန်ရှောင်ရန်တွေအပြင် Covid 19နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တပြေးညီ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ပေးလျက်ရှိနေတာပါပဲနော်။

လက်ရှိမှာလည်း ” လောလောဆယ် ဝေါပေါ်မှာ ဘာမှကြည့်စရာမရှိလို့ ပျင်းနေရင် အကောင့်ဖွင့်အပြီး တနာရီအတွင်း ဘလူးမတ် ရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပရိုဖိုင်းကို Scroll Down လုပ်ရင်း တချက်ဆွဲရင် follower ဘယ်လောက်တက်သလဲ အပျင်းပြေထိုင်ကြည့်နိုင်ပါတယ်…

အိုင်လေးတော့ တခါ refresh လုပ်တိုင်း ၅၀၀ နဲ့ ၁၀၀၀ ကြား ဒီရေအလားတိုးနေတဲ့ Follower တွေကြည့်ရင်း ပီတိတွေကိုဖြာလို့…..၅ နာရီ မှာတင် ၇ သိန်းခွဲ ဆိုတော့ ချစ်တဲ့သူတွေနည်းလွန်းလှတယ်….မို့ စိတ်မကောင်းပု. ” ဆိုတဲ့စာလေးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့သူတွေပေါများတာကြောင့် ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း မောင်မောင်အေးနဲ့ထပ်တူခံစားရမယ်လို့ ထင်ပါတယ်နော်။

Source : Mg Mg Aye
Candy -CeleConnections

Zawgyi

“Refresh လုပ်တိုင်း ၅၀၀ နဲ့ ၁၀၀၀ ကြား Follower တိုးနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကောင့်ကိုကြည့်ပြီး ပီတိတွေကိုဖြာနေတယ်ဆိုတဲ့ မောင်မောင်အေး ”





Source : Mg Mg Aye

Post a Comment

Previous Post Next Post