ကမ္ဘာကျော် မော်ဒယ်၊ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Sinon Loresca ကို မြန်မာပရိသတ်တိုင်း ချစ်ကြမယ် ထင်ပါတယ်။ ဖြူစင်တဲ့ နှလုံးသားနဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ Sinon Loresca က သူကိုယ်တိုင် မပြည့်စုံတဲ့ ဘဝကို ဖြတ်သန်းလာရတဲ့အတွက် အခြေခံလူတန်းစားတွေကို အလှူအတန်းတွေ အမြဲတမ်း ပြုလုပ်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။



အခုလို တကမ္ဘာလုံး ကပ်ရောဂါဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ Sinon Loresca က သူ့ရဲ့ မွေးရပ်မြေ ဖိလစ်ပိုင်ကို မပြန်နိုင်ပဲ မြန်မာနိုင်ငံမှာပဲ အများပြည်သူအကျိုးကို ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ Sinon Loresca က “ငါရဲ့အချစ်တွေ‌ကို အကူအညီအချို့နဲ့ ငါ့ရဲ့အချစ်တွေကိုလိုက်ဝေပေးနေတာပါ။ Covid-19ကပ်ဆိုးကြီးမှ လွတ်မြောက်ဖို့ အိမ်မှာဘဲလုံလုံခြုံခြုံနေကြပါ ငါ့အချစ်တို့” ဆိုပြီး တောင်းဆိုထားပါသေးတယ်။


Sinon Loresca ကတော့ တကယ့်ကို နှလုံးသားသူတစ်ယောက် ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေအပေါ် ချစ်ခင်ပြီး စေတနာထားတဲ့ Sinon Loresca ကြောင့် နှလုံးပီတိ ဂွမ်းဆီထိသလို ခံစားရပါတယ်။

Source: Sinon Loresca ‘s fb
Bilie – Cele Connections

Post a Comment

Previous Post Next Post