ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် ပတ်သက်၍ မှားယွင်းသော အကြံဉာဏ်များ ပေးခဲ့ခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကို ပေးအပ်နေသည့် ရန်ပုံငွေ ကို ဖြတ်တောက်သွားမည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောကြားလိုက်ကြောင်း Telegraph သတင်းတွင် ဖော်ပြထားသည်။အမေရိကတွင် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ ၂,၀၀၀ ခန့် တစ်ရက်အတွင်း သေဆုံးသွားပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် တရုတ်နိုင်ငံဘက်ပါသည့် အဖွဲ့အစည်း ဖြစ်ကြောင်းလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ဧပြီလ ၇ ရက်နေ့က သတင်းထောက်များကို ပြောကြားရာတွင် “WHO အတွက် သုံးစွဲနေတဲ့ငွေကြေးတွေကို ကျွန်တော်တို့ ဆိုင်းငံ့သွားပါမယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။သို့သော် ယင်းကဲ့သို့ ပြောကြားအပြီး မိနစ်အနည်းငယ်အကြာတွင် “ရန်ပုံငွေ ဖြတ်မယ်လို့ ကျွန်တော်ပြောတာ မဟုတ်ဘူးနော်။ ရန်ပုံငွေဖြတ်ဖို့ ကျွန်တော်တို့ စဉ်းစားသုံးသပ်သွားပါမယ်” ဟု ဒေါ်နယ်ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သို့ ပေးအပ်သည့် ရန်ပုံငွေမည်မျှကိုဖြတ်တောက် မည်ဆိုသည်ကိုမူ တိတိကျကျ ပြောကြားခဲ့ ခြင်းမရှိပေ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာခရီးသွားများကို ပိတ်ပင် ခြင်းမပြုရန် အမေရိကကို အကြံပေးခဲ့ခြင်း နှင့် ပတ်သက်၍ “ဘာကြောင့်များ WHO က ဒီလို အလွဲအကြံဉာဏ်တွေ ပေးခဲ့တာ ပါလဲ။ ကံကောင်းတာက ကျွန်တော် သူတို့ပေးတဲ့အကြံဉာဏ်ဖြစ်တဲ့ တရုတ်အတွက် အမေရိကနယ်စပ်တွေကို ဆက်ပြီးဖွင့်ထားပေးဆိုတာကို လက်မခံခဲ့ပါဘူး” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ အမေရိကတွင် ဧပြီလ ၈ ရက်နေ့ထိ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ၃၉၉,၉၂၉ ဦးရှိပြီး သေဆုံးသူ ၁၂,၉၁၁ ဦး ရှိသွားပြီဖြစ်သည်။
ဗွိုက်စ်
Zawgyi
ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါႏွင့္ ပတ္သက္၍ မွားယြင္းေသာ အႀကံဉာဏ္မ်ား ေပးခဲ့ျခင္းေၾကာင့္ ကမာၻ႔က်န္းမာေရး အဖြဲ႕ WHO ကို ေပးအပ္ေနသည့္ ရန္ပုံေငြ ကို ျဖတ္ေတာက္သြားမည္ဟု အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာၾကားလိုက္ေၾကာင္း Telegraph သတင္းတြင္ ေဖာ္ျပထားသည္။အေမရိကတြင္ ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕သူ ၂,၀၀၀ ခန႔္ တစ္ရက္အတြင္း ေသဆုံးသြားၿပီးေနာက္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ယင္းကဲ့သို႔ ေျပာၾကားလ္ိုက္ျခင္း ျဖစ္သည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO သည္ တ႐ုတ္ႏိုင္ငံဘက္ပါသည့္ အဖြဲ႕အစည္း ျဖစ္ေၾကာင္းလည္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။ဧၿပီလ ၇ ရက္ေန႔က သတင္းေထာက္မ်ားကို ေျပာၾကားရာတြင္ “WHO အတြက္ သုံးစြဲေနတဲ့ေငြေၾကးေတြကို ကြၽန္ေတာ္တို႔ ဆိုင္းငံ့သြားပါမယ္” ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။သို႔ေသာ္ ယင္းကဲ့သို႔ ေျပာၾကားအၿပီး မိနစ္အနည္းငယ္အၾကာတြင္ “ရန္ပုံေငြ ျဖတ္မယ္လို႔ ကြၽန္ေတာ္ေျပာတာ မဟုတ္ဘူးေနာ္။ ရန္ပုံေငြျဖတ္ဖို႔ ကြၽန္ေတာ္တို႔ စဥ္းစားသုံးသပ္သြားပါမယ္” ဟု ေဒၚနယ္ထရမ့္က ျဖည့္စြက္ေျပာၾကားခဲ့သည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္ သည္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO သို႔ ေပးအပ္သည့္ ရန္ပုံေငြမည္မွ်ကိုျဖတ္ေတာက္ မည္ဆိုသည္ကိုမူ တိတိက်က် ေျပာၾကားခဲ့ ျခင္းမရွိေပ။ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ႏိုင္ငံတကာခရီးသြားမ်ားကို ပိတ္ပင္ ျခင္းမျပဳရန္ အေမရိကကို အႀကံေပးခဲ့ျခင္း ႏွင့္ ပတ္သက္၍ “ဘာေၾကာင့္မ်ား WHO က ဒီလို အလြဲအႀကံဉာဏ္ေတြ ေပးခဲ့တာ ပါလဲ။ ကံေကာင္းတာက ကြၽန္ေတာ္ သူတို႔ေပးတဲ့အႀကံဉာဏ္ျဖစ္တဲ့ တ႐ုတ္အတြက္ အေမရိကနယ္စပ္ေတြကို ဆက္ၿပီးဖြင့္ထားေပးဆိုတာကို လက္မခံခဲ့ပါဘူး” ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။
အေမရိကန္ျပည္ေထာင္စု ဂြၽန္ေဟာ့ပ္ကင္းတကၠသိုလ္က ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ အေမရိကတြင္ ဧၿပီလ ၈ ရက္ေန႔ထိ ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိသူ ၃၉၉,၉၂၉ ဦးရွိၿပီး ေသဆုံးသူ ၁၂,၉၁၁ ဦး ရွိသြားၿပီျဖစ္သည္။
ဗိြဳက္စ္
Post a Comment