၅.၄.၂၀၂၀ရက်နေ့၊ (၁၆ ၄၀)အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ လမ်းဝဂုံးကျော်တံတားပေါ်မှ YBS (၁၆) ယာဉ်(၁)စီး ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးဆောင်၍ မီးသတ်ယာဉ်(၃)စီး၊ သူနာတင်ယာဉ်(၂)စီး၊ Towing Vehicle (၁)စီး၊ Lifting Vehicle (၁)စီး၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။






Update
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၈)ဦး၊ မ(၁၄)ဦးတို့အား မြောက်ဉက္ကလာပပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။

CREDIT MYANMAR FIRE SERVICE DEPARTMENT

Post a Comment

Previous Post Next Post