(unicode)
မူလ တရားစွဲ ဆိုစဉ်က သဘာ ဝဘေးအန္တရာယ် ဥပဒေ ပုဒ်မ (၂၇) ဖြင့် ဦးတိုက် လျှောက် ထားခဲ့သော်လည်း ဥပဒေ ရုံး၏ အကြံပြုချက် အ ရ ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) /၂၆၉ ဖြင့် တရားစွဲ ဆိုကာ စစ်ဆေး ခဲ့ခြင်း ဖြစ်ကြောင်း အယ်ဒီတာ ချုပ် ဦးဇော်မင်းဦး(ခ) ဦးဇော်ရဲ ထက် က ဧပြီ (၁၄) ရက်နေ့ ရုံးထုတ်တွင် ပြောဆိုခဲ့သည်။
အယ်ဒီတာချုပ်အား အမိန့်ချမှတ်ပြီးချိန်တွင် ၎င်း၏ မိခင်ဖြစ်သူက အမှန်တရားကို လိုချင်ကြောင်း၊ ယခုအမိန့်မှာ တရားမျှတမှုမရှိကြောင်း တရားရုံးပြင်ပတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ မြဝတီ မြို့တွင် (COVID 19)ကြောင့် လူ (၁)ဦး သေဆုံးကြောင်း သတင်းမှား ယွင်းစွာ ဖော် ပြခဲ့ သည့် ဘားအံ မြို့အခြေစိုက် ဒဲ့ပြော သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦး (ခ) ဦးဇော်ရဲထက်ကို တရားစွဲခဲ့ခြင်း ဖြစ်သည်။
၎င်းအား ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၂) နှစ်ကျခံ စေရန် မေ (၂၀) ရက် နေ့တွင် တရားရုံး က အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။ ဧပြီ (၃) ရက် တွင် မြဝတီမြို့ ၌ (COVID 19) ကြောင့် လူ (၁)ဦးသေဆုံး ကြောင်း သတင်း ဖော်ပြ မှုနှင့် ပတ်သက် ၍ ဘားအံ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနက တရားလိုပြု ၍ မြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက် ထား တရားစွဲဆို ခဲ့သည့် အမှု ဖြစ်သည်။
Crd: The myanmar Time
(Zawgyi)
မူလ တရားစြဲ ဆိုစဥ္က သဘာ ဝေဘးအႏၲရာယ္ ဥပေဒ ပုဒ္မ (၂၇) ျဖင့္ ဦးတိုက္ ေလွ်ာက္ ထားခဲ့ေသာ္လည္း ဥပေဒ ႐ုံး၏ အႀကံျပဳခ်က္ အ ရ ရာဇသတ္ ႀကီး ဥပေဒ ပုဒ္မ ၅၀၅(ခ) /၂၆၉ ျဖင့္ တရားစြဲ ဆိုကာ စစ္ေဆး ခဲ့ျခင္း ျဖစ္ေၾကာင္း အယ္ဒီတာ ခ်ဳပ္ ဦးေဇာ္မင္းဦး(ခ) ဦးေဇာ္ရဲ ထက္ က ဧၿပီ (၁၄) ရက္ေန႔ ႐ုံးထုတ္တြင္ ေျပာဆိုခဲ့သည္။
အယ္ဒီတာခ်ဳပ္အား အမိန႔္ခ်မွတ္ၿပီးခ်ိန္တြင္ ၎၏ မိခင္ျဖစ္သူက အမွန္တရားကို လိုခ်င္ေၾကာင္း၊ ယခုအမိန႔္မွာ တရားမွ်တမႈမရွိေၾကာင္း တရား႐ုံးျပင္ပတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ျမဝတီ ၿမိဳ႕တြင္ (COVID 19)ေၾကာင့္ လူ (၁)ဦး ေသဆုံးေၾကာင္း သတင္းမွား ယြင္းစြာ ေဖာ္ ျပခဲ့ သည့္ ဘားအံ ၿမိဳ႕အေျခစိုက္ ဒဲ့ေျပာ သတင္းဌာနမွ အယ္ဒီတာခ်ဳပ္ ဦးေဇာ္မင္းဦး (ခ) ဦးေဇာ္ရဲထက္ကို တရားစြဲခဲ့ျခင္း ျဖစ္သည္။
၎အား ပုဒ္မ ၅၀၅ (ခ) ျဖင့္ ေထာင္ဒဏ္ (၂) ႏွစ္က်ခံ ေစရန္ ေမ (၂၀) ရက္ ေန႔တြင္ တရား႐ုံး က အမိန႔္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။ ဧၿပီ (၃) ရက္ တြင္ ျမဝတီၿမိဳ႕ ၌ (COVID 19) ေၾကာင့္ လူ (၁)ဦးေသဆုံး ေၾကာင္း သတင္း ေဖာ္ျပ မႈႏွင့္ ပတ္သက္ ၍ ဘားအံ ခ႐ိုင္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီး ဌာနက တရားလိုျပဳ ၍ ၿမိဳ႕နယ္ တရား႐ုံးတြင္ ဦးတိုက္ ေလွ်ာက္ ထား တရားစြဲဆို ခဲ့သည့္ အမႈ ျဖစ္သည္။
crd: The myanmar Time
Post a Comment