(Unicode)

ထန်းရည်မှတစ်ဆင့် ချက်လုပ် ရရှိ သည့် အနယ်အနှစ် မှာ နိုင်ငံတကာဈေး ကွက်တွင် ဈေးနှုန်းမြင့်မားပြီး ပြည်တွင်းဈေးကွက်၌ ထုတ်လုပ် နေသည့် ကြံမှ ထုတ်လုပ်သော သကြားထက် ဈေးကြီး သော်လည်း ဟင်းခတ် အချိုမှုန့်အဖြစ် စား သုံးသူများ သုံးစွဲနိုင်ရန် သက်သာသော ဈေး နှုန်းဖြင့် ရောင်းချပေးနိုင် မည်ဖြစ်ကြောင်း ထန်းချစ်သူများ အသင်းထံမှသိရသည်။

အဆိုပါ ဟင်းခတ်မှုန့်အစားထိုးမှုအ နေဖြင့် ထိုင်းနိုင်ငံ တွင်အောင်မြင်နေသည့် အုန်းရည် မှ ဟင်းခတ်မှုန် အချိုမှုန့်ထုတ် လုပ်သည့်အတိုင်း စမ်းသပ်ထုတ်လုပ်ခြင်း ဖြစ်ပြီး ထန်းလျက်နံ hမထွက်အောင်လုပ်ရ မည်ဖြစ်ကာ ထန်းရည်မှ ဟင်းခတ်မှုန့်ထုတ် လုပ်မှုအောင်မြင် ပါက အချိုမှုန့်အစားထိုး သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထန်းရည်မှ ချက်လုပ် ရရှိသည့်အနှစ် ကို အချိုမှုန့် အစားထိုးဟင်းခတ်မှုန့်ပစ္စည်း အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက်နေ ကြောင်း ထန်းချစ်သူများအ သင်းထံမှ မေလ ၁၃ ရက်ကသိရသည်။အချိုမှုန့်အစားထိုးဟင်းခတ်မှုန့် ထုတ်လုပ်ရာတွင် ထန်းလျက်နံ့မထွက် စေ ရန်လုပ်ဆောင် သွားမည်ဖြစ်သည်။


လုပ်ငန်း ပြုလုပ်ရန်အတွက် မှတ်ပုံတင်ပြု လုပ်ကာ ဈေးကွက်အတွင်း ဖြန့်ချိမည် ဖြစ်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) ၏ ထောက် ခံချက် ဆက်လက်ရရှိနိုင်ရန်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။


crd : panpyoelat

(Zawgyi)






crd : panpyoelat

Post a Comment

Previous Post Next Post