(Unicode)

တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှု အသစ်များ တွေ့ရှိခြင်းကြောင့် စာသင်ကျောင်းများ ပြန်ပိတ်ပြီး ပိတ်ဆို့မှုများ ထပ်မံပြုလုပ်…

တောင်ကိုရီးယားနိုင်ငံတွင် ကျောင်းများ ပြန်ဖွင့်ပြီး ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အသစ်ဖြစ်ပွားခဲ့တာကြောင့် စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ချက်ခြင်းပြန်ပိတ်ခဲ့ပြီး ကျောင်းသားများ အွန်လိုင်းစာသင်ခန်းများဆီ ပြန်သွားနေကြရပါတယ်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်အသစ်ဖြစ်ပွားမှု ၅၆ မှု ရှိခဲ့ပြီး မနေ့က ၇၉ ဦးထိ တွေ့ရှိခဲ့တာကြောင့် နှစ်လအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ဗိုင်းရပ်စ် ကူးစက်ခံရမှု အသစ်ဖြစ်ပေါ်လာရခြင်းဟာ လူထူထပ်လွန်းသည့် နေရာများနှင့် ဆက်နွယ်နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။


ကူးစက်ခံရမှုအသစ်တွေ့ရှိသူ အများစုမှာ ဆိုလ်းမြို့ အနောက်ပိုင်း ဘူချွန်းရှိ ကုန်ပစ္စည်းများဖြန့်ဝေရာ ကူပန်းဂိုဒေါင်နေရာနှင့် ဆက်စပ်လျှက်ရှိကြောင်း သိရသည်။ အဆိုပါဂိုဒေါင်ကြီးမှာ နိုင်ငံအတွင်း အွန်လိုင်းရောင်းဝယ်ရေး ပစ္စည်းများကို ဖြန့်ဖြူးပေးသည့် အကြီးဆုံးနေရာကြီးဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာမှု အားနည်းကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

Covid-19 ရောဂါပိုးကို အလုပ်သမားများ၏ ရူးဖိနပ်နဲ့ အဝတ်အစားတွေပေါ်မှာ ခြေရာခံတွေ့ရှိရကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ဆိုပါတယ်။ အဆိုပါဂိုဒေါင်မှာ အလုပ်လုပ်နေကြတဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီး လာမယ့် နှစ်ပတ်အတွင်းမှာ အခြားသော ကုန်ပစ္စည်းဖြန့်ဖြူးရေး ဂိုဒေါင်တွေကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။



ဒီအခြေအနေကြောင့် ဘူချွန်းမှာရှိတဲ့ စာသင်ကျောင်း ၂၅၁ ကျောင်းကို ပြန်ဖွင့်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် ပြန်ပိတ်ဖို့ ချက်ခြင်းညွှန်ကြားခဲ့ရသလို အခြားသော နေရာများမှ ရာနဲ့ချီတဲ့ ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ်ဖို့အရေး နှောင့်နှေးနေပါတယ်။

ဆိုလ်းမြို့က ကျောင်းသားလေး တစ်ဦးမှာ ဗိုင်းရပ်စ်ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ ကျောင်းသားရဲ့ မိခင်ဟာ ကူပန်းဂိုဒေါင်မှာ အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ကန့်သတ်ချက်တွေနဲ့ လူခွာနေခြင်း social distancing တွေကို လာမယ့် နှစ်ပတ်မှာ ပိုမိုတင်းကျပ်စွာ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။



တောင်ကိုရီးယားနိုင်ငံ တာဝန်ရှိသူများ၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ အများပြည်သူတို့သွားလာရာဖြစ်သော ဥယျာဉ်များ၊ ပြတိုက်များ အစရှိသည်တို့ကို နောက်ထပ်ရက်သတ္တ ၂ ပတ် ထပ်မံပိတ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အတူပင် ဆိုးလ်မြို့နယ်ပယ်အတွင်းရှိ ပုဂ္ဂလိက သင်တန်းကျောင်းများနှင့် ကွန်ပြူတာဂိမ်းဆိုင်များကိုလည်း အဆိုပါ ရက်သတ္တ ၂ ပတ်အတွင်းပိတ်ထားရန်ကိုပါ ညွှန်ကြားခဲ့သည်။

”အခုကစပြီး နောက်ထပ် ၂ပတ်အတွင်းမှာ ဗိုင်းရပ်ထိန်းချုပ်မှုကို ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီး Park Neung-hoo က ပြောကြားသည်။ မြို့တော်ဧရိယာတွင်းရှိ ကုမ္ဗဏီများကိုလည်း နာမကျန်းဖြစ်သော ဝန်ထမ်းများနှင့်ပတ်သက်၍ သတိပြုရန်နှင့် မလိုလားအပ်ပဲ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန် ညွှန်ကြားခဲ့သည်။

ယင်း ရက်သတ္တ ၂ ပတ်မှာ မေလ ၂၉ ရက်နေ့မှ စတင်မည်ဖြစ်ကြောင်းသိရသည်။

(Zawgyi)

ေတာင္ကိုရီးယားမွာ ကိုဗစ္ကူးစက္မႈ အသစ္မ်ား ေတြ႕ရိွျခင္းေၾကာင့္ စာသင္ေက်ာင္းမ်ား ျပန္ပိတ္ၿပီး ပိတ္ဆို႕မႈမ်ား ထပ္မံျပဳလုပ္…

ေတာင္ကိုရီးယားႏိုင္ငံတြင္ ေက်ာင္းမ်ား ျပန္ဖြင့္ၿပီး ရက္ပိုင္းအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ အသစ္ျဖစ္ပြားခဲ့တာေၾကာင့္ စာသင္ေက်ာင္းေပါင္း ၂၀၀ ေက်ာ္ကို ခ်က္ျခင္းျပန္ပိတ္ခဲ့ၿပီး ေက်ာင္းသားမ်ား အြန္လိုင္းစာသင္ခန္းမ်ားဆီ ျပန္သြားေနၾကရပါတယ္။

လြန္ခဲ့သည့္ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္အသစ္ျဖစ္ပြားမႈ ၅၆ မႈ ရွိခဲ့ၿပီး မေန႔က ၇၉ ဦးထိ ေတြ႕ရွိခဲ့တာေၾကာင့္ ႏွစ္လအတြင္း အျမင့္ဆုံးအေျခအေနကို ေရာက္ခဲ့ျခင္းျဖစ္ပါတယ္။ အခုလို ဗိုင္းရပ္စ္ ကူးစက္ခံရမႈ အသစ္ျဖစ္ေပၚလာရျခင္းဟာ လူထူထပ္လြန္းသည့္ ေနရာမ်ားႏွင့္ ဆက္ႏြယ္ေနျခင္းေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။


ကူးစက္ခံရမႈအသစ္ေတြ႕ရွိသူ အမ်ားစုမွာ ဆိုလ္းၿမိဳ႕ အေနာက္ပိုင္း ဘူခြၽန္းရွိ ကုန္ပစၥည္းမ်ားျဖန႔္ေဝရာ ကူပန္းဂိုေဒါင္ေနရာႏွင့္ ဆက္စပ္လွ်က္ရွိေၾကာင္း သိရသည္။ အဆိုပါဂိုေဒါင္ႀကီးမွာ ႏိုင္ငံအတြင္း အြန္လိုင္းေရာင္းဝယ္ေရး ပစၥည္းမ်ားကို ျဖန႔္ျဖဴးေပးသည့္ အႀကီးဆုံးေနရာႀကီးျဖစ္ကာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရး လမ္းၫႊန္ခ်က္မ်ားကို တိတိက်က်လိုက္နာမႈ အားနည္းေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။

Covid-19 ေရာဂါပိုးကို အလုပ္သမားမ်ား၏ ႐ူးဖိနပ္နဲ႔ အဝတ္အစားေတြေပၚမွာ ေျခရာခံေတြ႕ရွိရေၾကာင္း က်န္းမာေရးဆိုင္ရာတာဝန္ရွိသူမ်ားက ဆိုပါတယ္။ အဆိုပါဂိုေဒါင္မွာ အလုပ္လုပ္ေနၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ အလုပ္သမားေတြကို စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၾကၿပီး လာမယ့္ ႏွစ္ပတ္အတြင္းမွာ အျခားေသာ ကုန္ပစၥည္းျဖန႔္ျဖဴးေရး ဂိုေဒါင္ေတြကိုလည္း ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။


ဒီအေျခအေနေၾကာင့္ ဘူခြၽန္းမွာရွိတဲ့ စာသင္ေက်ာင္း ၂၅၁ ေက်ာင္းကို ျပန္ဖြင့္ခဲ့ၿပီး ရက္ပိုင္းအတြင္းမွာပင္ ျပန္ပိတ္ဖို႔ ခ်က္ျခင္းၫႊန္ၾကားခဲ့ရသလို အျခားေသာ ေနရာမ်ားမွ ရာနဲ႔ခ်ီတဲ့ ေက်ာင္းေတြလည္း ျပန္လည္ဖြင့္လွစ္ဖို႔အေရး ေႏွာင့္ေႏွးေနပါတယ္။

ဆိုလ္းၿမိဳ႕က ေက်ာင္းသားေလး တစ္ဦးမွာ ဗိုင္းရပ္စ္ရွိေနတာကို စစ္ေဆးေတြ႕ရွိခဲ့ၿပီး အဆိုပါ ေက်ာင္းသားရဲ႕ မိခင္ဟာ ကူပန္းဂိုေဒါင္မွာ အလုပ္လုပ္ကိုင္သူျဖစ္ပါတယ္။ က်န္းမာေရးတာဝန္ရွိသူေတြကေတာ့ ကန႔္သတ္ခ်က္ေတြနဲ႔ လူခြာေနျခင္း social distancing ေတြကို လာမယ့္ ႏွစ္ပတ္မွာ ပိုမိုတင္းက်ပ္စြာ လုပ္ေဆာင္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။


ေတာင္ကိုရီးယားႏိုင္ငံ တာ၀န္ရွိသူမ်ား၏ အေရးေပၚအစည္းအေ၀းဆံုးျဖတ္ခ်က္အရ အမ်ားျပည္သူတို႔သြားလာရာျဖစ္ေသာ ဥယ်ာဥ္မ်ား၊ ျပတိုက္မ်ား အစရွိသည္တို႔ကို ေနာက္ထပ္ရက္သတၱ ၂ ပတ္ ထပ္မံပိတ္ရန္ ဆုံးျဖတ္ခဲ့သည္။ ထို႔အတူပင္ ဆိုးလ္ျမိဳ႔နယ္ပယ္အတြင္းရွိ ပုဂၢလိက သင္တန္းေက်ာင္းမ်ားႏွင့္ ကြန္ျပဴတာဂိမ္းဆိုင္မ်ားကိုလည္း အဆိုပါ ရက္သတၱ ၂ ပတ္အတြင္းပိတ္ထားရန္ကိုပါ ညႊန္ၾကားခဲ့သည္။

”အခုုကစျပီး ေနာက္ထပ္ ၂ပတ္အတြင္းမွာ ဗိုင္းရပ္ထိန္းခ်ဳပ္မႈကို ေဆာင္ရြက္ရမွာျဖစ္ပါတယ္” ဟု က်န္းမာေရး၀န္ၾကီး Park Neung-hoo က ေျပာၾကားသည္။ ျမိဳ႔ေတာ္ဧရိယာတြင္းရွိ ကုမၺဏီမ်ားကိုလည္း နာမက်န္းျဖစ္ေသာ ၀န္ထမ္းမ်ားႏွင့္ပတ္သက္၍ သတိျပဳရန္ႏွင့္ မလိုလားအပ္ပဲ လူစုလူေ၀းျပဳလုုပ္ျခင္းမ်ားကိုု ေရွာင္ၾကဥ္ရန္ ညႊန္ၾကားခဲ့သည္။

ယင္း ရက္သတၱ ၂ ပတ္မွာ ေမလ ၂၉ ရက္ေန႕မွ စတင္မည္ျဖစ္ေၾကာင္းသိရသည္။ (ပိုပိုေလး,PNJ)

Post a Comment

Previous Post Next Post