(Unicode)

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ၊ မှုခင်း အကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၂၁.၅.၂၀၂၀ ရက်နေ့ ၂၀း၂၀ အချိန်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက် သတင်းများ စုံစမ်းဆောင်ရွက် နေစဉ် လုယက်မှုများ ကျူးလွန်ထားကြောင်း ကြိုတင် သတင်း ရရှိထားသူ အောင်ဆန်းလင်း၊ အာကာ(ခ) အောင်မျိုးထွန်း နှင့် မောင်မောင်ကျော် တို့ (၃) ဦးကို အနော်ရထာလမ်းမကြီးပေါ်တွင် တွေ့ရှိဖမ်းဆီး စစ်ဆေးခဲ့ရာ ၎င်းတို့ လက်အတွင်းရှိ ရွှေလက်စွပ်(၁)ကွင်းနှင့် ငွေ(၁၅၀၀၀) ကျပ်တို့မှာ ထိုနေ့ ၁၈း၃၀ အချိန်ခန့်က အလယ်ရွာ၊ အနော်ရထာလမ်းတွင် တွေ့ရှိသည့် စက်ဘီး နောက်ခုံမှ စီးနင်းလိုက်ပါလာသော အမျိုးသမီး တစ်ဦးထံမှ လုယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုဖွင့် အရေးယူခဲ့ပါသည်။



ဖမ်းဆီးရမိသူ အောင်ဆန်းလင်း ပါ(၃)ဦးကို အခြားလုယက်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/ မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၃) ဦးသည် ဇင်ကိုကိုဝင်း(ခ)အာနိုး နှင့် အတူ ၂၀၂၀ပြည့်နှစ်၊ မေလ အတွင်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် တို့တွင် ဆိုင်ကယ်တစ်စီးဖြင့် လည့်လည်သွားလာ၍ ခရီးသွားလာနေကြသော ပြည်သူများထံမှ Redmi Note-7 အမျိုးအစား ဖုန်း(၁)လုံး ၊ Redmi Note-5 အမျိုးအစား ဖုန်း(၁)လုံး နှင့် OPPO 1201 အမျိုးအစား ဖုန်း(၁)လုံးတို့ကို လုယူခဲ့ကြ ကြောင်း ထပ်မံ စစ်ဆေး ပေါ်ပေါက်ပါသည်။



စစ်ဆေး ပေါ်ပေါက်ချက်အရ အမှုမှ ပူးပေါင်းပါဝင်သူ ဇင်ကိုကိုဝင်း(ခ)အာနိုး အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၂၁.၅.၂၀၂၀ ရက်နေ့ ၂၃း၀၅ အချိန်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၁) ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး သက်သေခံ ပစ္စည်းများကို ပြန်လည် သိမ်းဆည်းပြီး ဖြစ်၍ ၎င်းတို့(၄) ဦးကို ဥပဒေနှင့်အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Source – ရန်ကုန်တိုင်း ရဲတပ်ဖွဲ့

(Zawgyi)

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး ၊ မႈခင္း အကူဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားသည္ ၂၁.၅.၂၀၂၀ ရက္ေန႔ ၂၀း၂၀ အခ်ိန္တြင္ လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္အတြင္း ခိုး၊ဆိုး၊လု၊ႏႈိက္ သတင္းမ်ား စုံစမ္းေဆာင္႐ြက္ ေနစဥ္ လုယက္မႈမ်ား က်ဴးလြန္ထားေၾကာင္း ႀကိဳတင္ သတင္း ရရွိထားသူ ေအာင္ဆန္းလင္း၊ အာကာ(ခ) ေအာင္မ်ိဳးထြန္း ႏွင့္ ေမာင္ေမာင္ေက်ာ္ တို႔ (၃) ဦးကို အေနာ္ရထာလမ္းမႀကီးေပၚတြင္ ေတြ႕ရွိဖမ္းဆီး စစ္ေဆးခဲ့ရာ ၎တို႔ လက္အတြင္းရွိ ေ႐ႊလက္စြပ္(၁)ကြင္းႏွင့္ ေငြ(၁၅၀၀၀) က်ပ္တို႔မွာ ထိုေန႔ ၁၈း၃၀ အခ်ိန္ခန႔္က အလယ္႐ြာ၊ အေနာ္ရထာလမ္းတြင္ ေတြ႕ရွိသည့္ စက္ဘီး ေနာက္ခုံမွ စီးနင္းလိုက္ပါလာေသာ အမ်ိဳးသမီး တစ္ဦးထံမွ လုယူခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ အမႈဖြင့္ အေရးယူခဲ့ပါသည္။


ဖမ္းဆီးရမိသူ ေအာင္ဆန္းလင္း ပါ(၃)ဦးကို အျခားလုယက္မႈမ်ား က်ဴးလြန္ခဲ့ျခင္း ရွိ/ မရွိ အေသးစိတ္ တိုက္ဆိုင္စစ္ေဆးခဲ့ရာ ၎တို႔(၃) ဦးသည္ ဇင္ကိုကိုဝင္း(ခ)အာႏိုး ႏွင့္ အတူ ၂၀၂၀ျပည့္ႏွစ္၊ ေမလ အတြင္း လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္ ႏွင့္ လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕နယ္ တို႔တြင္ ဆိုင္ကယ္တစ္စီးျဖင့္ လည့္လည္သြားလာ၍ ခရီးသြားလာေနၾကေသာ ျပည္သူမ်ားထံမွ Redmi Note-7 အမ်ိဳးအစား ဖုန္း(၁)လုံး ၊ Redmi Note-5 အမ်ိဳးအစား ဖုန္း(၁)လုံး ႏွင့္ OPPO 1201 အမ်ိဳးအစား ဖုန္း(၁)လုံးတို႔ကို လုယူခဲ့ၾက ေၾကာင္း ထပ္မံ စစ္ေဆး ေပၚေပါက္ပါသည္။


စစ္ေဆး ေပၚေပါက္ခ်က္အရ အမႈမွ ပူးေပါင္းပါဝင္သူ ဇင္ကိုကိုဝင္း(ခ)အာႏိုး အား ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ၂၁.၅.၂၀၂၀ ရက္ေန႔ ၂၃း၀၅ အခ်ိန္တြင္ လႈိင္သာယာ (အေနာက္ပိုင္း) ၿမိဳ႕နယ္၊ (၁၁) ရပ္ကြက္၊ ဆင္ျဖဴရွင္လမ္းရွိ ၎၏ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး သက္ေသခံ ပစၥည္းမ်ားကို ျပန္လည္ သိမ္းဆည္းၿပီး ျဖစ္၍ ၎တို႔(၄) ဦးကို ဥပေဒႏွင့္အညီ အျမန္ တရားစြဲ တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သတင္း ရရွိပါသည္။



Source – ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕

Post a Comment

Previous Post Next Post