(Unicode)

မူးလဲသွားတဲ့အမျိုးသမီးဟာအသက် ၅၀အရွယ်ခန့်ရှိတယ်လို့သိရပါတယ်။အပူချိန်မြင့်မားမှုကြောင့် သတိလစ်မူးလဲတဲ့ဖြစ်စဉ်တွေ ရန်ကုန်မြို့မှာ ဧပြီလအတွင်းကလည်း ဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။ဒီနေ့ ညနေ ၃နာရီဝန်းကျင်ခန့်က အင်းစိန်လမ်းမပေါ်ရှိ လှည်းတန်းဘတ်စ်ကားမှတ်တိုင်မှာ အမျိုးသမီး တစ်ဦး မူးလဲသွားလို့ လူမှုကူညီရေးအသင်းတစ်ခုက ကူညီပြီး ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့တယ်လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်‌ရေးမှူးဦးသိန်းဇော်ဦးက ပြောပါတယ်။



အမျိုးသမီးက အသက် ၅၀ခန့်ရှိပြီး မူးလဲနေချိန်မှာ ကိုယ်ပူချိန်ကတော့ ၁၀၀ကျော်နေပြီး အပူချိန်မြင့်နေတယ်လို့ လည်းသိရပါတယ်။“အသက် ၅၀ခန့်အမျိုးသမီးတစ်ဦးမူးလဲတာပါ။အပူချိန်ကတော့ အတော်လေးမြင့်နေပေမယ့် ဒါက ရာသီဥတု ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့်လည်း ကျွန်တော်တို့ဘက်ကတော့ လုံခြုံစိတ်ချရအောင် PPE ဝတ်စုံတွေ ဝတ်ဆင်ပြီးသူ့ကို ပရဟိတအဖွဲ့အကူအညီနဲ့ရန်ကုန်‌ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်နိုင်ခဲ့ပါပြီ။”လို့ ဦးသိန်းဇော်ဦး ကပြောပါတယ်။

မူးလဲသွားတဲ့အမျိုးသမီးကြီးရဲ့နေရပ်လိပ်စာကိုတော့ သတိလစ်မေ့မြောနေတဲ့အတွက်မေးမြန်းချိန်မရနိုင်ခဲ့ဘူးလို့ လည်းသိရပါတယ်။ ရာသီဥတုအပူချိန်မြင့်တက်လာချိန်မှာ အပူရှိန်မြင့်မားမှုကြောင့် လမ်းမထက်မှာ မူးလဲခဲ့တဲ့ဖြစ်စဉ်တွေက ဧပြီလနဲ့မေလအတွင်းမှာ အဖြစ်များနေပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်နယ်/တိုင်းဒေသတွေမှာ အပူချိန်မြင့်မားမှုဖြစ်စဉ်က မေလအတွင်းမှာ ဆက်လက်ရှိနေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Credit Duwun

(Zawgyi)

မူးလဲသြားတဲ့အမ်ိဳးသမီးဟာအသက္ ၅၀အ႐ြယ္ခန႔္ရွိတယ္လို႔သိရပါတယ္။အပူခ်ိန္ျမင့္မားမႈေၾကာင့္ သတိလစ္မူးလဲတဲ့ျဖစ္စဥ္ေတြ ရန္ကုန္ၿမိဳ႕မွာ ဧၿပီလအတြင္းကလည္း ျဖစ္ပြားမႈေတြရွိခဲ့ပါတယ္။ဒီေန႔ ညေန ၃နာရီဝန္းက်င္ခန႔္က အင္းစိန္လမ္းမေပၚရွိ လွည္းတန္းဘတ္စ္ကားမွတ္တိုင္မွာ အမ်ိဳးသမီး တစ္ဦး မူးလဲသြားလို႔ လူမႈကူညီေရးအသင္းတစ္ခုက ကူညီၿပီး ရန္ကုန္ေဆး႐ုံႀကီးကို အေရးေပၚပို႔ေဆာင္ေပးခဲ့တယ္လို႔ ကမာ႐ြတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္‌ေရးမႉးဦးသိန္းေဇာ္ဦးက ေျပာပါတယ္။



အမ်ိဳးသမီးက အသက္ ၅၀ခန႔္ရွိၿပီး မူးလဲေနခ်ိန္မွာ ကိုယ္ပူခ်ိန္ကေတာ့ ၁၀၀ေက်ာ္ေနၿပီး အပူခ်ိန္ျမင့္ေနတယ္လို႔ လည္းသိရပါတယ္။“အသက္ ၅၀ခန႔္အမ်ိဳးသမီးတစ္ဦးမူးလဲတာပါ။အပူခ်ိန္ကေတာ့ အေတာ္ေလးျမင့္ေနေပမယ့္ ဒါက ရာသီဥတု ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ဘက္ကေတာ့ လုံၿခဳံစိတ္ခ်ရေအာင္ PPE ဝတ္စုံေတြ ဝတ္ဆင္ၿပီးသူ႔ကို ပရဟိတအဖြဲ႕အကူအညီနဲ႔ရန္ကုန္‌ေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးလိုက္ႏိုင္ခဲ့ပါၿပီ။”လို႔ ဦးသိန္းေဇာ္ဦး ကေျပာပါတယ္။

မူးလဲသြားတဲ့အမ်ိဳးသမီးႀကီးရဲ႕ေနရပ္လိပ္စာကိုေတာ့ သတိလစ္ေမ့ေျမာေနတဲ့အတြက္ေမးျမန္းခ်ိန္မရႏိုင္ခဲ့ဘူးလို႔ လည္းသိရပါတယ္။ ရာသီဥတုအပူခ်ိန္ျမင့္တက္လာခ်ိန္မွာ အပူရွိန္ျမင့္မားမႈေၾကာင့္ လမ္းမထက္မွာ မူးလဲခဲ့တဲ့ျဖစ္စဥ္ေတြက ဧၿပီလနဲ႔ေမလအတြင္းမွာ အျဖစ္မ်ားေနပါတယ္။ ျမန္မာႏိုင္ငံရဲ႕ျပည္နယ္/တိုင္းေဒသေတြမွာ အပူခ်ိန္ျမင့္မားမႈျဖစ္စဥ္က ေမလအတြင္းမွာ ဆက္လက္ရွိေနဦးမယ္လို႔ မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားေရးဌာနကလည္း သတင္းထုတ္ျပန္ထားပါတယ္။

Credit Duwun


Post a Comment

Previous Post Next Post