(Unicode)

တနင်္သာရီတိုင်းဒေသကြီးမှာ ပိုးတွေ့လူနာ တစ်ဦးစတင်တွေ့ရှိထားပါပြီ။အစိုးရအဖွဲ့အနေနဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ၊ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်ကို ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ တို့ နဲ့တရားစွဲဆိုလို့ရပါတယ်။တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမှာရှိတဲ့ ကွာရန်တင်းနေရာတစ်ခုကနေ ထွက်ပြေးသွားတဲ့ စောင့်ကြည့်လူနာ ၅ဦးကို ပြန်လည်ဖမ်းဆီးရမိပြီဖြစ်ပြီး တရားစွဲဆိုသွားမယ်လို့ တနင်္သာရီ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက Duwunကိုပြောပါတယ်။



ထွက်ပြေးသွားသူ ၅ဦးရဲ့ ရည်ရွယ်ချက်က ထိုင်းဖက်ကနေ တရားမဝင်နည်းလမ်းနဲ့ပြန်လာဖို့ ကြိုးပမ်းနေတဲ့ မိသား စုတွေကို သွားကြိုဖို့ ကြိုးစားချင်တဲ့အတွက်ထွက်ပြေးတာလို့လည်း သိရပါတယ်။“သူတို့ထွက်ပြေးတာကတော့ အဓိကကတော့ ကွာရန်တင်းမနေချင်တာရယ်၊တရားမဝင်နည်းလမ်းနဲ့ပြန်လာဖို့ ကြိုးပမ်းနေတဲ့မိသားစုကိုသွားခေါ်ချင်တာရယ်ကြောင့်လို့ သိရပါတယ်။သူတို့ကိုတော့ အစိုးရအဖွဲ့အနေနဲ့ ကူးစ က်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈တို့နဲ့တရားစွဲဆိုလို့ရပါတယ်။”လို့ ဝန်ကြီး ဦးကျော်မင်းက ပြောပါတယ်။



ထိုင်း-မြန်မာနယ်စပ် ရနောင်းဖက်က ပြန်ဝင်လာသူတွေကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းဖက်မှာ ကွာရန်တင်းထားရှိထားပြီး လက်ရှိမှာတော့ ထွက်ပြေးသူ ၅ဦးကို သီးသန့်ကွာရန်တင်းထားကာ လုံခြုံရေး နဲ့စောင့်ကြည့်ထားတယ်လို့လည်းသိရပါတယ်။တနင်္သာရီတိုင်းဒေသကြီးမှာလည်း ပိုးတွေ့လူနာတစ်ဦးစတင်တွေ့ရှိထားပြီ ဖြစ်ပြီး အဆိုပါ လူနာကတော့ နိုင်ငံ တော်အစိုးရအစီအစဉ်နဲ့ မလေးရှားနိုင်ငံက ပြန်ရောက်လာတဲ့သူဖြစ်ပြီး လောင်းလုံမှာကွာရန်တင်းဝင်နေစဉ် ရောဂါပိုးတွေ့ရှိရတဲ့တနင်္သာရီမြို့နယ်နေသူတစ်ဦးဖြစ်ပါတယ်။

ဓူဝံ

(Zawgyi)

တနသၤာရီတိုင္းေဒသႀကီးမွာ ပိုးေတြ႕လူနာ တစ္ဦးစတင္ေတြ႕ရွိထားပါၿပီ။အစိုးရအဖြဲ႕အေနနဲ႔ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒ၊ ႏိုင္ငံေတာ္ရဲ႕ လမ္းၫႊန္ခ်က္ကို ေဖာက္ဖ်က္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၈၈ တို႔ နဲ႔တရားစြဲဆိုလို႔ရပါတယ္။တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းမွာရွိတဲ့ ကြာရန္တင္းေနရာတစ္ခုကေန ထြက္ေျပးသြားတဲ့ ေစာင့္ၾကည့္လူနာ ၅ဦးကို ျပန္လည္ဖမ္းဆီးရမိၿပီျဖစ္ၿပီး တရားစြဲဆိုသြားမယ္လို႔ တနသၤာရီ တိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေက်ာ္မင္းက Duwunကိုေျပာပါတယ္။



ထြက္ေျပးသြားသူ ၅ဦးရဲ႕ ရည္႐ြယ္ခ်က္က ထိုင္းဖက္ကေန တရားမဝင္နည္းလမ္းနဲ႔ျပန္လာဖို႔ ႀကိဳးပမ္းေနတဲ့ မိသား စုေတြကို သြားႀကိဳဖို႔ ႀကိဳးစားခ်င္တဲ့အတြက္ထြက္ေျပးတာလို႔လည္း သိရပါတယ္။“သူတို႔ထြက္ေျပးတာကေတာ့ အဓိကကေတာ့ ကြာရန္တင္းမေနခ်င္တာရယ္၊တရားမဝင္နည္းလမ္းနဲ႔ျပန္လာဖို႔ ႀကိဳးပမ္းေနတဲ့မိသားစုကိုသြားေခၚခ်င္တာရယ္ေၾကာင့္လို႔ သိရပါတယ္။သူတို႔ကိုေတာ့ အစိုးရအဖြဲ႕အေနနဲ႔ ကူးစ က္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒ၊ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၈၈တို႔နဲ႔တရားစြဲဆိုလို႔ရပါတယ္။”လို႔ ဝန္ႀကီး ဦးေက်ာ္မင္းက ေျပာပါတယ္။



ထိုင္း-ျမန္မာနယ္စပ္ ရေနာင္းဖက္က ျပန္ဝင္လာသူေတြကို တနသၤာရီတိုင္းေဒသႀကီး ေကာ့ေသာင္းဖက္မွာ ကြာရန္တင္းထားရွိထားၿပီး လက္ရွိမွာေတာ့ ထြက္ေျပးသူ ၅ဦးကို သီးသန႔္ကြာရန္တင္းထားကာ လုံၿခဳံေရး နဲ႔ေစာင့္ၾကည့္ထားတယ္လို႔လည္းသိရပါတယ္။တနသၤာရီတိုင္းေဒသႀကီးမွာလည္း ပိုးေတြ႕လူနာတစ္ဦးစတင္ေတြ႕ရွိထားၿပီ ျဖစ္ၿပီး အဆိုပါ လူနာကေတာ့ ႏိုင္ငံ ေတာ္အစိုးရအစီအစဥ္နဲ႔ မေလးရွားႏိုင္ငံက ျပန္ေရာက္လာတဲ့သူျဖစ္ၿပီး ေလာင္းလုံမွာကြာရန္တင္းဝင္ေနစဥ္ ေရာဂါပိုးေတြ႕ရွိရတဲ့တနသၤာရီၿမိဳ႕နယ္ေနသူတစ္ဦးျဖစ္ပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post