ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case- 28, 43, 87 နှင့် 125) ရှိခဲ့သဖြင့် (၂၀-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးရှိပါသည်။

၎င်းတို့အနက် (၉၈) ဦးအား ဆေးရုံမှ ဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

(၁၉-၅-၂၀၂၀) ရက် နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၀-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့် လူ နာအသစ် (၆၆) ဦး ရှိပါသည်။

(၂၀-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်း တွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲ နမူနာ (၁၅၉) ခုနှင့် အမျိုးသားကျန်းမာရေး ဓာတ် ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ် အဖြစ်ဓာတ်ခွဲနမူနာ (၉၄) ခု၊ စုစုပေါင်း (၂၅၃) ခုကို စစ်ဆေး ပြီးစီး ခဲ့ရာ –

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦးတွေ့ရှိရပါသည်။





(၂၀-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၉) ဦးရှိပြီဖြစ်ပါသည်။

REF: MINISTRY OF HEALTH

Post a Comment

Previous Post Next Post