(Unicode)

တရုတ်သိပ္ပံပညာရှင်တွေက ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသားတွေရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သို့သော် ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း ရှိ /မရှိ စိစစ်အတည်ပြုနိုင်ရန်အတွက်ကိုတော့ နောက်ထပ် သုတေသနပြုရန် လိုအပ်မှာဖြစ်ပါတယ်။ တရုတ်ဆေးရုံတစ်ရုံမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ လူနာများကို လေ့လာခဲ့မှုကနေ ထိုသို့တွေ့ရှိခဲ့ရကြောင်း JAMA Network Open ဆေးပညာဂျာနယ်မှာ မေ ၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ကိုဗစ်-၁၉ ဟာ အသက်ရှူလမ်းကြောင်းတစ်လျှောက်မှ အမှုန်အမွှားနဲ့ အရည်အစက်လေးများ သို့မဟုတ် ထိတွေ့မှုမှတစ်ဆင့် ကူးစက်ပျံ့နှံ့တာ ဖြစ်ပါတယ်။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို မစင်၊ တံတွေးနဲ့ ဆီးထဲမှာလည်း တွေ့ရှိထားကြောင်း သိရပါတယ်။


တရုတ်နိုင်ငံ Henan ပြည်နယ် Shangqiu Municipal ဆေးရုံမှ သုတေသီတွေက သုက်ထဲမှာ ဗိုင်းရပ်စ် ရှိ /မရှိ လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကြကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ သုတေသီတွေက အသက် ၁၅ နှစ်မှ ၅၀ နှစ်ကြားအရွယ် ကိုဗစ်-၁၉ လူနာ ၃၅ ဦးရဲ့ သုက်ရည်ကို စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

ထိုသို့ စစ်ဆေးကြည့်ရာမှာ လူနာခြောက်ဦးရဲ့ သုက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုဗီဇဆိုင်ရာပစ္စည်းတွေကို တွေ့ရှိခဲ့ရပါတယ်။ အဆိုပါ လူနာခြောက်ဦးအနက် လေးဦးဟာကိုဗစ်-၁၉အခြေအနေ စိုးရိမ်ရတဲ့အဆင့်ဖြစ်ပြီး နှစ်ဦးကတော့ ပြန်လည်သက်သာလာနေတဲ့ လူနာတွေဖြစ်ကြောင်း သိရပါတယ်။



ယခု လေ့လာမှုဟာ အကန့်အသတ်ရှိပြီး လူနာအနည်းငယ်ကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ သုတေသီတွေက မှတ်ချက်ပြုထားပါတယ်။ ထို့ကြောင့် ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆက်ခြင်းမှတစ်ဆင့် ကူးစက်ခြင်း ရှိ /မရှိ အတည်ပြုသိရှိနိုင်ရန် နောက်ထပ် သုတေသန လိုအပ်မယ်လို့ ဆိုပါတယ်။ "တစ်ကယ်လို့ SARS-CoV-2 ဗိုင်းရပ်စ်က လိင်ဆက်ဆံမှုကနေတစ်ဆင့် ကူးစက်နိုင်တယ်လို့ အနာဂတ် လေ့လာမှုတွေမှာ သက်သေပြနိုင်ခဲ့ရင် ဒါက ကူးစက်မှုကို ကာကွယ်တားဆီးနိုင်ဖို့ အလွန်အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်နိုင်ပါလိမ့်မယ်" လို့ လေ့လာမှုက ပြောထားပါတယ်။

(Zawgyi)

တ႐ုတ္သိပၸံပညာရွင္ေတြက ကိုဗစ္-၁၉ အတည္ျပဳလူနာ အမ်ိဳးသားေတြရဲ႕ သုက္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကို ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။

သို႔ေသာ္ ဗိုင္းရပ္စ္ဟာ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ျခင္း ရွိ /မရွိ စိစစ္အတည္ျပဳႏိုင္ရန္အတြက္ကိုေတာ့ ေနာက္ထပ္ သုေတသနျပဳရန္ လိုအပ္မွာျဖစ္ပါတယ္။ တ႐ုတ္ေဆး႐ုံတစ္႐ုံမွာ တက္ေရာက္ကုသေနတဲ့ ကိုဗစ္-၁၉ လူနာမ်ားကို ေလ့လာခဲ့မႈကေန ထိုသို႔ေတြ႕ရွိခဲ့ရေၾကာင္း JAMA Network Open ေဆးပညာဂ်ာနယ္မွာ ေမ ၇ ရက္ေန႔က ေဖာ္ျပခဲ့ပါတယ္။



ကိုဗစ္-၁၉ ဟာ အသက္ရႉလမ္းေၾကာင္းတစ္ေလွ်ာက္မွ အမႈန္အမႊားနဲ႔ အရည္အစက္ေလးမ်ား သို႔မဟုတ္ ထိေတြ႕မႈမွတစ္ဆင့္ ကူးစက္ပ်ံ႕ႏွံ႔တာ ျဖစ္ပါတယ္။ COVID-19 ျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (SARS-CoV-2) ကို မစင္၊ တံေတြးနဲ႔ ဆီးထဲမွာလည္း ေတြ႕ရွိထားေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံ Henan ျပည္နယ္ Shangqiu Municipal ေဆး႐ုံမွ သုေတသီေတြက သုက္ထဲမွာ ဗိုင္းရပ္စ္ ရွိ /မရွိ ေလ့လာမႈတစ္ခု ျပဳလုပ္ခဲ့ၾကေၾကာင္း AFP သတင္းမွာ ေဖာ္ျပပါတယ္။ သုေတသီေတြက အသက္ ၁၅ ႏွစ္မွ ၅၀ ႏွစ္ၾကားအ႐ြယ္ ကိုဗစ္-၁၉ လူနာ ၃၅ ဦးရဲ႕ သုက္ရည္ကို စစ္ေဆးခဲ့ၾကတာ ျဖစ္ပါတယ္။

ထိုသို႔ စစ္ေဆးၾကည့္ရာမွာ လူနာေျခာက္ဦးရဲ႕ သုက္ထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳး႐ိုဗီဇဆိုင္ရာပစၥည္းေတြကို ေတြ႕ရွိခဲ့ရပါတယ္။ အဆိုပါ လူနာေျခာက္ဦးအနက္ ေလးဦးဟာကိုဗစ္-၁၉အေျခအေန စိုးရိမ္ရတဲ့အဆင့္ျဖစ္ၿပီး ႏွစ္ဦးကေတာ့ ျပန္လည္သက္သာလာေနတဲ့ လူနာေတြျဖစ္ေၾကာင္း သိရပါတယ္။

ယခု ေလ့လာမႈဟာ အကန႔္အသတ္ရွိၿပီး လူနာအနည္းငယ္ကိုသာ စစ္ေဆးခဲ့ျခင္းျဖစ္တယ္လို႔ သုေတသီေတြက မွတ္ခ်က္ျပဳထားပါတယ္။ ထို႔ေၾကာင့္ ဗိုင္းရပ္စ္ဟာ လိင္ဆက္ဆက္ျခင္းမွတစ္ဆင့္ ကူးစက္ျခင္း ရွိ /မရွိ အတည္ျပဳသိရွိႏိုင္ရန္ ေနာက္ထပ္ သုေတသန လိုအပ္မယ္လို႔ ဆိုပါတယ္။ "တစ္ကယ္လို႔ SARS-CoV-2 ဗိုင္းရပ္စ္က လိင္ဆက္ဆံမႈကေနတစ္ဆင့္ ကူးစက္ႏိုင္တယ္လို႔ အနာဂတ္ ေလ့လာမႈေတြမွာ သက္ေသျပႏိုင္ခဲ့ရင္ ဒါက ကူးစက္မႈကို ကာကြယ္တားဆီးႏိုင္ဖို႔ အလြန္အေရးပါတဲ့ အစိတ္အပိုင္း ျဖစ္ႏိုင္ပါလိမ့္မယ္" လို႔ ေလ့လာမႈက ေျပာထားပါတယ္။

Ref; Duwun

Post a Comment

Previous Post Next Post