(Unicode)

မော်တော်ဆိုင်ကယ်များ ရှေ့မီး အနိမ့်အမြင့်ကို နေ့ / ည အချိန်တိုင်းတွင် ဖွင့်၍ မောင်းနှင်ရတော့မည်

မန္တလေး၊ မေ ၂၈

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် မေ ၂၆ ရက်က လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်မှ ပြဌာန်းလိုက်သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ အခန်း (၁၃) တားမြစ်ချက်များ ပုဒ်မ ၇၆ (ခ) တွင် ‘ မော်တော်ဆိုင်ကယ်ကို မောင်းနှင်စီးနှင်းရာတွင် ရှေ့မီးအနိမ့်ကို နေ့၊ ညအချိန်တိုင်းတွင် ဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်း မရှိစေရ ’ ဟု ပြဌာန်းလိုက်သည့်အတွက် မကြာမီ အဆိုပါ ပြဌာန်းချက်အတိုင်း လုပ်ဆောင်ရတော့မည် ဖြစ်ကြောင်း မော်တော်ဆိုင်ကယ် လောကသားများက ပြောကြားသည်။

“အရှေ့တောင်အာရှမှာ ထိုင်း နဲ့ စင်ကာပူနိုင်ငံမှာလည်း မော်တော်ဆိုင်ကယ်တွေကို နေ့ရောညပါ မီးဖွင့် စီးခိုင်းတယ်၊ အဓိကကတော့ ယာဉ်စီးရေ များလွန်းတဲ့ အတွက် ဆိုင်ကယ်တွေ လာနေတယ်ဆိုတာ အဝေးကြီးကတည်းက သတိထားမိအောင် ယာဉ်တိုက်မှုလျော့ကျအောင် မီးဖွင့် စီးခိုင်းတာပေါ့၊ မြန်မာနိုင်ငံမှာလည်း အခုလို ဥပဒေပြဌာန်းလိုက်တာ တအားကောင်းတယ်၊ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ် ” ဟု မော်တော်ဆိုင်ကယ်မျိုးစုံ တင်သွင်းရောင်းချ လျက်ရှိသော Easy Rider Motorbike ကုမ္ပဏီမှ Managing Director ဦးတင်ကျော်နန္ဒက ပြောကြားသည်။



အဆိုပါ ဥပဒေ အခန်း (၁၃) တားမြစ်ချက်များ ပုဒ်မ ၇၆ (က) တွင် ‘မော်တော်ဆိုင်ကယ်ကို နောက်ကြည့်မှန်နှင့် အိပ်ဇောရှိ အသံထိန်း ကိရိယာမပါဘဲ မောင်းနှင်ခြင်းမပြုရ ’ ဟုလည်းကောင်း၊ ပုဒ်မ ၇၆ (ဂ) ၌ ‘ ကိုယ်တိုင်ဖြစ်စေ လိုက်ပါစီးနင်းသူကိုဖြစ်စေ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုး သေချာတပ်ဆင်၍ ဆောင်းခြင်းမပြုဘဲ မော်တော်ဆိုင်ကယ်ကို မောင်းနှင်ခြင်းမပြုရ ’ ဟု လည်းကောင်း အသီးသီး ပြဌာန်း ထားသည်ကိုလည်း တွေ့ရသည်။

“နေ့ခင်းဘက် ရှေ့မီးအနိမ့် ဖွင့်စီးတာအပြင် နောက်မီးပါ ကောင်းအောင် လုပ်ထားရမယ်ဆိုတဲ့ဟာ ဥပဒေထဲ တစ်ခါတည်း ပြဌာန်းနိုင်ရင် ပိုကောင်းတာပေါ့၊ ဆိုင်ကယ်နောက်မီးမှာ နှစ်မျိုးရှိတယ်၊ ပုံမှန်စီးနေရင် မှိန်မှိန်လေးလင်းတာရယ်၊ ဘရိတ်အုပ်လိုက်တဲ့အချိန် ပိုလင်းသွားတာရယ်ပေါ့၊

ညပိုင်း ယာဉ်တိုက်မှု ဖြစ်စဉ်တချို့က ရှေ့ကဆိုင်ကယ်မှာ နောက်မီးမလင်းတော့ သိပ်မမြင်ရာကနေ တိုက်မိတာတွေလည်းရှိတာကိုး၊ ဒါကြောင့် ဆိုင်ကယ် နောက်မီးနဲ့ ပတ်သက်ပြီး ဥပဒေပြဌာန်းချက်ထဲ ထည့်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ ” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

‘မော်တော်ဆိုင်ကယ် မောင်းနှင်သူ မည်သူမဆို နေ့အချိန်၌ ဆိုင်ကယ်မီးမဖွင့်ဘဲ မောင်းလျှင်ဖြစ်စေ၊ ဆိုင်ကယ် ဦးထုပ်မဆောင်းဘဲ မောင်းနှင်လျှင်ဖြစ်စေ၊ နောက်ကြည့်မှန်နှင့် အိပ်ဇောရှိ အသံထိန်း ကိရိယာမပါဘဲ မောင်းနှင်လျှင်ဖြစ်စေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ် သုံးသောင်း ထက်မပိုသော ငွေဒဏ်ချမှတ်ရမည် ’ ဟု ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ အခန်း (၁၄) ပြစ်ဒဏ်များ ပုဒ်မ (၈၇) တွင် ပြဌာန်းထားကြောင်း သိရသည်။

ကျော်ကျော်အောင် (ကလေးမြို့)

Credit – Auto mobile journal

(Zawgyi)

ေမာ္ေတာ္ဆိုင္ကယ္မ်ား ေရွ႕မီး အနိမ့္အျမင့္ကို ေန႔ / ည အခ်ိန္တိုင္းတြင္ ဖြင့္၍ ေမာင္းႏွင္ရေတာ့မည္

မႏၲေလး၊ ေမ ၂၈

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ကိုယ္တိုင္ ေမ ၂၆ ရက္က လက္မွတ္ေရးထိုး၍ ျပည္ေထာင္စုလႊတ္ေတာ္မွ ျပဌာန္းလိုက္သည့္ ယာဥ္အႏၲရာယ္ ကင္းရွင္းေရး ႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈဥပေဒ အခန္း (၁၃) တားျမစ္ခ်က္မ်ား ပုဒ္မ ၇၆ (ခ) တြင္ ‘ ေမာ္ေတာ္ဆိုင္ကယ္ကို ေမာင္းႏွင္စီးႏွင္းရာတြင္ ေရွ႕မီးအနိမ့္ကို ေန႔၊ ညအခ်ိန္တိုင္းတြင္ ဖြင့္၍ ေမာင္းႏွင္ရန္ ပ်က္ကြက္ျခင္း မရွိေစရ ’ ဟု ျပဌာန္းလိုက္သည့္အတြက္ မၾကာမီ အဆိုပါ ျပဌာန္းခ်က္အတိုင္း လုပ္ေဆာင္ရေတာ့မည္ ျဖစ္ေၾကာင္း ေမာ္ေတာ္ဆိုင္ကယ္ ေလာကသားမ်ားက ေျပာၾကားသည္။

“အေရွ႕ေတာင္အာရွမွာ ထိုင္း နဲ႔ စင္ကာပူႏိုင္ငံမွာလည္း ေမာ္ေတာ္ဆိုင္ကယ္ေတြကို ေန႔ေရာညပါ မီးဖြင့္ စီးခိုင္းတယ္၊ အဓိကကေတာ့ ယာဥ္စီးေရ မ်ားလြန္းတဲ့ အတြက္ ဆိုင္ကယ္ေတြ လာေနတယ္ဆိုတာ အေဝးႀကီးကတည္းက သတိထားမိေအာင္ ယာဥ္တိုက္မႈေလ်ာ့က်ေအာင္ မီးဖြင့္ စီးခိုင္းတာေပါ့၊ ျမန္မာႏိုင္ငံမွာလည္း အခုလို ဥပေဒျပဌာန္းလိုက္တာ တအားေကာင္းတယ္၊ ကြၽန္ေတာ္တို႔ လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုတယ္ ” ဟု ေမာ္ေတာ္ဆိုင္ကယ္မ်ိဳးစုံ တင္သြင္းေရာင္းခ် လ်က္ရွိေသာ Easy Rider Motorbike ကုမၸဏီမွ Managing Director ဦးတင္ေက်ာ္နႏၵက ေျပာၾကားသည္။


အဆိုပါ ဥပေဒ အခန္း (၁၃) တားျမစ္ခ်က္မ်ား ပုဒ္မ ၇၆ (က) တြင္ ‘ေမာ္ေတာ္ဆိုင္ကယ္ကို ေနာက္ၾကည့္မွန္ႏွင့္ အိပ္ေဇာရွိ အသံထိန္း ကိရိယာမပါဘဲ ေမာင္းႏွင္ျခင္းမျပဳရ ’ ဟုလည္းေကာင္း၊ ပုဒ္မ ၇၆ (ဂ) ၌ ‘ ကိုယ္တိုင္ျဖစ္ေစ လိုက္ပါစီးနင္းသူကိုျဖစ္ေစ သတ္မွတ္ထားေသာ စံခ်ိန္စံၫႊန္းႏွင့္ ကိုက္ညီသည့္ ဆိုင္ကယ္ဦးထုပ္ကို ေမးသိုင္းႀကိဳး ေသခ်ာတပ္ဆင္၍ ေဆာင္းျခင္းမျပဳဘဲ ေမာ္ေတာ္ဆိုင္ကယ္ကို ေမာင္းႏွင္ျခင္းမျပဳရ ’ ဟု လည္းေကာင္း အသီးသီး ျပဌာန္း ထားသည္ကိုလည္း ေတြ႕ရသည္။

“ေန႔ခင္းဘက္ ေရွ႕မီးအနိမ့္ ဖြင့္စီးတာအျပင္ ေနာက္မီးပါ ေကာင္းေအာင္ လုပ္ထားရမယ္ဆိုတဲ့ဟာ ဥပေဒထဲ တစ္ခါတည္း ျပဌာန္းႏိုင္ရင္ ပိုေကာင္းတာေပါ့၊ ဆိုင္ကယ္ေနာက္မီးမွာ ႏွစ္မ်ိဳးရွိတယ္၊ ပုံမွန္စီးေနရင္ မွိန္မွိန္ေလးလင္းတာရယ္၊ ဘရိတ္အုပ္လိုက္တဲ့အခ်ိန္ ပိုလင္းသြားတာရယ္ေပါ့၊

ညပိုင္း ယာဥ္တိုက္မႈ ျဖစ္စဥ္တခ်ိဳ႕က ေရွ႕ကဆိုင္ကယ္မွာ ေနာက္မီးမလင္းေတာ့ သိပ္မျမင္ရာကေန တိုက္မိတာေတြလည္းရွိတာကိုး၊ ဒါေၾကာင့္ ဆိုင္ကယ္ ေနာက္မီးနဲ႔ ပတ္သက္ၿပီး ဥပေဒျပဌာန္းခ်က္ထဲ ထည့္ေပးႏိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့ ” ဟု မႏၲေလးၿမိဳ႕ခံ ဆိုင္ကယ္ေရာင္းဝယ္ေရး လုပ္ငန္းရွင္တစ္ဦးက သုံးသပ္သည္။

‘ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္သူ မည္သူမဆို ေန႔အခ်ိန္၌ ဆိုင္ကယ္မီးမဖြင့္ဘဲ ေမာင္းလွ်င္ျဖစ္ေစ၊ ဆိုင္ကယ္ ဦးထုပ္မေဆာင္းဘဲ ေမာင္းႏွင္လွ်င္ျဖစ္ေစ၊ ေနာက္ၾကည့္မွန္ႏွင့္ အိပ္ေဇာရွိ အသံထိန္း ကိရိယာမပါဘဲ ေမာင္းႏွင္လွ်င္ျဖစ္ေစ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ထိုသူကို က်ပ္ သုံးေသာင္း ထက္မပိုေသာ ေငြဒဏ္ခ်မွတ္ရမည္ ’ ဟု ယာဥ္အႏၲရာယ္ ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္ စီမံခန႔္ခြဲမႈ ဥပေဒ အခန္း (၁၄) ျပစ္ဒဏ္မ်ား ပုဒ္မ (၈၇) တြင္ ျပဌာန္းထားေၾကာင္း သိရသည္။

ေက်ာ္ေက်ာ္ေအာင္ (ကေလးၿမိဳ႕)

Credit – Auto mobile journal

Post a Comment

Previous Post Next Post