(Unicode)

ကိုရိုနာဗိုင်းရပ်ကြောင့်ပိတ်ထားရတဲ့ မလေးရှားနိုင်ငံရှိရုပ်ရှင်ရုံအတွင်းမှာရှိတဲ့ထိုင်ခုံ လယ်သာများပေါ်မှာ မှိုတွေတက်နေကြောင်းသိရှိရပါတယ်။western Perak ပြည်နယ်Ipoh မြို့မှ ဓာတ်ပုံဆရာ ရိုက်ကူးထားတဲ့ ဓာတ်ပုံများအရ ရုပ်ရှင်ရုံ၏ ခရမ်းရောင်၊အနီရောင် ထိုင်ခုံများနဲ့ ကော်ဇာများပေါ်မှာ ဖုန်နဲ့ မှိုတွေပြည့်နေတာကိုတွေ့ရှိရပါတယ်။

မလေးရှားနိုင်ငံဟာ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း 6,742 ယောက်နဲ့ သေဆုံးသူ 109ဦးအထိရှိကာ ယခုလအစောပိုင်းတုန်းက ရောဂါကူးစက်ပျံ့ပွားမှုကိုထိန်းချုပ်နိုင်ခဲ့သော်လည်း ရောဂါကူးစက်မှုအသစ်များဖြစ်ပွားနေတဲ့ နေရာများကိုတော့ ကန့်သတ်ထားဆဲဖြစ်ပါတယ်။ထိုဖြစ်ရပ်မတိုင်မီကလည်းSabah ပြည်နယ် Borneo ကျွန်းပေါ်ရှိ ဈေးဝယ်စင်တာသို့ သန့်ရှင်းရေားသမားများရောက်ရှိလာချိန်မှာလည်း လယ်သာအိတ်နဲ့ ဖိနပ်များအပေါ်မှာလည်း မှိုတွေတက်နေတာကိုတွေ့ရှိခဲ့ပါတယ်။


ရုပ်ရှင်ရုံများကတော့ သူတို့ရဲ့ ထိုင်ခုံပေါ်က မှိုတွေကိုသန့်ရှင်းရေးအသေအချာလုပ်တာတွေ လဲလှယ်တာတွေပြုလုပ်လို့ရပေမယ့် လယ်သာထိုင်ခုံနဲ့ အစွပ်များရောင်းတဲ့ ဆိုင်များကတော့ သူတို့ရဲ့ ကုန်ပစ္စည်းတွေကိုစွန့်ပစ်ရတော့မယ့် အခြေနေမှာရှိနေပါတယ်။မလေးရှားတွစ်တာသုံးသူတစ်ဦးကတော့” ဒါကရုပ်ရှင်ရုံလိုနေရာတွေအတွက် ကောင်းတဲ့ အချက်တစ်ခုဖြစ်လာတာပါဘဲ။ဘာလို့ဆို ၁၀နှစ်တိတိ မရှင်းခဲ့ရတဲ့ အညစ်အကြေးနဲ့ ဖုန်တွေရှင်းထုတ်နိုင်မှာ ဖြစ်သလို၊ပိုးဟတ်တွေကိုလည်းမောင်းထုတ်နိုင်တော့မှာပါ”လို့ရေးထားပါတယ်။



Sabah ကုန်တိုက်ကမှိုတက်နေတဲ့ အိတ်တစ်လုံးရဲ့ တန်ဖိုးဟာဆိုရင် ပေါင် ၁၂၆ (မလေးရင်းဂစ် ၆၄၉) ရှိပြီး ထိုအိတ်မှာ မှိုကြောင့် လုံးဝပျက်ဆီးသွားခဲ့ပါတယ်။ဆိုရှယ်မီဒီယာအသုံးပြုသူများကတော့ ဒါဟာကုန်တိုက်ပိုင်ရှင်ရဲ့ ညံဖျင်းသော လေအေးပေးစက်နဲ့ ထိန်းသိမ်းမှု ညံဖျင်းခြင်းတွေကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ကုန်တိုက်သို့ တနင်္ဂနွေနေ့မှာ လာသော သန့်ရှင်းရေးတွေဟာ ထိုလယ်သာအိတ်ဆိုင်သို့သွားကာ အသေအချာကို သန့်ရှင်းပေးခဲ့ကြရပါတယ်။ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်သူက ပျက်ဆီးသွားသောကုန်ပစ္စည်းများကိုဖယ်ရှားလိုက်ပြီး သန့်ရှင်းရေးဝန်ထမ်းများနဲ့ ဆိုင်ကိုအသေအချာသန့်ရှင်းပေးထားကြောင်းပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံဟာ အသွားအလာထိန်းချုပ်ခြင်းအမိန့်ကို မတ်လ ၁၈ရက်နေ့မှစတင်ခဲ့ကာ ဇွန်လ ၉ရက်နေ့အထိ တိုးချဲ့ထားသော်လည်း အချို့စီးပွားရေးလုပ်ငန်းများကိုတော့ ပြန်လည်ဖွင့်ခွင့်ပြုထားပါတယ်။



reff Daily Mail.
Credit Beesportnews

(Zawgyi)

ကို႐ိုနာဗိုင္းရပ္ေၾကာင့္ပိတ္ထားရတဲ့ မေလးရွားႏိုင္ငံရွိ႐ုပ္ရွင္႐ုံအတြင္းမွာရွိတဲ့ထိုင္ခုံ လယ္သာမ်ားေပၚမွာ မႈိေတြတက္ေနေၾကာင္းသိရွိရပါတယ္။western Perak ျပည္နယ္Ipoh ၿမိဳ႕မွ ဓာတ္ပုံဆရာ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံမ်ားအရ ႐ုပ္ရွင္႐ုံ၏ ခရမ္းေရာင္၊အနီေရာင္ ထိုင္ခုံမ်ားနဲ႔ ေကာ္ဇာမ်ားေပၚမွာ ဖုန္နဲ႔ မႈိေတြျပည့္ေနတာကိုေတြ႕ရွိရပါတယ္။

မေလးရွားႏိုင္ငံဟာ ကိုဗစ္ေရာဂါကူးစက္ခံရသူေပါင္း 6,742 ေယာက္နဲ႔ ေသဆုံးသူ 109ဦးအထိရွိကာ ယခုလအေစာပိုင္းတုန္းက ေရာဂါကူးစက္ပ်ံ႕ပြားမႈကိုထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ္လည္း ေရာဂါကူးစက္မႈအသစ္မ်ားျဖစ္ပြားေနတဲ့ ေနရာမ်ားကိုေတာ့ ကန႔္သတ္ထားဆဲျဖစ္ပါတယ္။ထိုျဖစ္ရပ္မတိုင္မီကလည္းSabah ျပည္နယ္ Borneo ကြၽန္းေပၚရွိ ေဈးဝယ္စင္တာသို႔ သန႔္ရွင္းေရားသမားမ်ားေရာက္ရွိလာခ်ိန္မွာလည္း လယ္သာအိတ္နဲ႔ ဖိနပ္မ်ားအေပၚမွာလည္း မႈိေတြတက္ေနတာကိုေတြ႕ရွိခဲ့ပါတယ္။



႐ုပ္ရွင္႐ုံမ်ားကေတာ့ သူတို႔ရဲ႕ ထိုင္ခုံေပၚက မႈိေတြကိုသန႔္ရွင္းေရးအေသအခ်ာလုပ္တာေတြ လဲလွယ္တာေတြျပဳလုပ္လို႔ရေပမယ့္ လယ္သာထိုင္ခုံနဲ႔ အစြပ္မ်ားေရာင္းတဲ့ ဆိုင္မ်ားကေတာ့ သူတို႔ရဲ႕ ကုန္ပစၥည္းေတြကိုစြန႔္ပစ္ရေတာ့မယ့္ အေျခေနမွာရွိေနပါတယ္။မေလးရွားတြစ္တာသုံးသူတစ္ဦးကေတာ့” ဒါက႐ုပ္ရွင္႐ုံလိုေနရာေတြအတြက္ ေကာင္းတဲ့ အခ်က္တစ္ခုျဖစ္လာတာပါဘဲ။ဘာလို႔ဆို ၁၀ႏွစ္တိတိ မရွင္းခဲ့ရတဲ့ အညစ္အေၾကးနဲ႔ ဖုန္ေတြရွင္းထုတ္ႏိုင္မွာ ျဖစ္သလို၊ပိုးဟတ္ေတြကိုလည္းေမာင္းထုတ္ႏိုင္ေတာ့မွာပါ”လို႔ေရးထားပါတယ္။



Sabah ကုန္တိုက္ကမႈိတက္ေနတဲ့ အိတ္တစ္လုံးရဲ႕ တန္ဖိုးဟာဆိုရင္ ေပါင္ ၁၂၆ (မေလးရင္းဂစ္ ၆၄၉) ရွိၿပီး ထိုအိတ္မွာ မႈိေၾကာင့္ လုံးဝပ်က္ဆီးသြားခဲ့ပါတယ္။ဆိုရွယ္မီဒီယာအသုံးျပဳသူမ်ားကေတာ့ ဒါဟာကုန္တိုက္ပိုင္ရွင္ရဲ႕ ညံဖ်င္းေသာ ေလေအးေပးစက္နဲ႔ ထိန္းသိမ္းမႈ ညံဖ်င္းျခင္းေတြေၾကာင့္ ျဖစ္တယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္။ကုန္တိုက္သို႔ တနဂၤေႏြေန႔မွာ လာေသာ သန႔္ရွင္းေရးေတြဟာ ထိုလယ္သာအိတ္ဆိုင္သို႔သြားကာ အေသအခ်ာကို သန႔္ရွင္းေပးခဲ့ၾကရပါတယ္။ဆိုင္ရဲ႕ ပိုင္ရွင္ျဖစ္သူက ပ်က္ဆီးသြားေသာကုန္ပစၥည္းမ်ားကိုဖယ္ရွားလိုက္ၿပီး သန႔္ရွင္းေရးဝန္ထမ္းမ်ားနဲ႔ ဆိုင္ကိုအေသအခ်ာသန႔္ရွင္းေပးထားေၾကာင္းေျပာၾကားခဲ့ပါတယ္။မေလးရွားႏိုင္ငံဟာ အသြားအလာထိန္းခ်ဳပ္ျခင္းအမိန႔္ကို မတ္လ ၁၈ရက္ေန႔မွစတင္ခဲ့ကာ ဇြန္လ ၉ရက္ေန႔အထိ တိုးခ်ဲ႕ထားေသာ္လည္း အခ်ိဳ႕စီးပြားေရးလုပ္ငန္းမ်ားကိုေတာ့ ျပန္လည္ဖြင့္ခြင့္ျပဳထားပါတယ္။

reff Daily Mail.
Credit Beesportnews

Post a Comment

Previous Post Next Post