Unicode

နိုင်ငံခြားသားရောက်ရှိနေထိုင်မှုသတင်းပေးပို့ရန် ပျက်ကွက်ခဲ့တဲ့ မန္တလေးမြို့က ကိုဗစ္ - ၁၉ အတည်ပြုလူနာနံပါတ်(၄) ရဲ့ဇနီးဖြစ်သူကို လဝကအက်နဲ့ တရားစွဲပြီးပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ “ဥပဒေအရက နိုင်ငံခြားသားဝင်ရင် သတင်းပို့ရမယ်လို့ရှိတာကို သတင်းမပို့ခဲ့မှုနဲ့ အိမ်ရှင်ကို လဝကကတရားစွဲတာပါ ထောင်ဒဏ်နဲ့ငွေဒဏ်မှာ သူက ငွေဒဏ်ဆောင်ခဲ့ပါတယ်” လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှဦးမြင့်အောင်မိုးကပြောပါတယ်။


ကိုဗစ္ - ၁၉ အတည်ပြုလူနာနံပါတ်(၄) က အမေရိကန်နိုင်ငံသားခံယူထားတဲ့ ကိုကျော်လင်းထက် ဆိုသူဖြစ်ပြီး ၎င်းဟာမြန်မာနိုင်ငံကို ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က လူမှုရေးဗီဇာနဲ့ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတဆင့် ဝင်ရောက်ခဲ့တာဖြစ်ပြီးမန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာက ဇနီးဖြစ်သူဒေါ်သိင်္ဂီအေးစိုး ဆီလာရောက်ခဲ့တာပါ။ ၎င်းဟာ ၎င်းမိသားစုနဲ့အတူနေအိမ်တိုက်ခန်းမှာ အတူနေထိုင်ခဲ့ပေမယ့်လည်း သက်ဆိုင်ရာမြို့နယ်လဝကရုံးမှာ နိုင်ငံခြားသားရောက်ရှိနေထိုင်မှုပုံစံ C သတင်းပေးပို့တိုင်ကြားဖို့ ပျက်ကွက်ခဲ့တာကြောင့်ဇနီးဖြစ်သူကို ဧပြီလ ၂၄ ရက်နေ့က ချမ်းမြသာစည်တရားရုံးဆတရားစွဲဆိုတင်ပို့ခဲ့တာဖြစ်တယ်လို့လည်း ဦးမြင့်အောင်မိုးကပြောပါတယ်။


၎င်းကို နိုင်ငံခြားသားရောက်ရှိနေမှု form c တိုင်ဖို့ပျက်ကွက်လို့ လဝကအက် ၅(၁)နဲ့ တရားစွဲတာမှာချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ရာကြီးအမှတ်(၄၃၂/၂၀၂၀)နဲ့အမှုလက်ခံစစ်ဆေးခဲ့တာမှာပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်လို့တရားရုံးက ငွေဒဏ် ၅ သိန်းကျပ်ပေးဆောင်ဖို့နဲ့ ငွေဒဏ်မဆောင်ရင် ထောင်ဒဏ် ၆ လ ကျခံစေဖို့အမိန့်ချမှတ်ခဲ့တာပါ။ဒီပြစ်ဒဏ်နှစ်ခုအပေါ် ဒေါ်သိင်္ဂီအေးစိုးက ငွေဒဏ်ပေးဆောင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ လူနာဟာရောဂါပျောက်ကင်းလို့နေအိမ်မှာပဲသူ့မိသားစုနဲ့အတူနေထိုင်နေတယ်လို့သိရပါတယ်။


Zawgyi

ႏိုင္ငံျခားသားေရာက္ရွိေနထိုင္မႈသတင္းေပးပို႔ရန္ ပ်က္ကြက္ခဲ့တဲ့ မႏၲေလးၿမိဳ႕က ကိုဗစ္ - ၁၉ အတည္ျပဳလူနာနံပါတ္(၄) ရဲ႕ဇနီးျဖစ္သူကို လဝကအက္နဲ႔ တရားစြဲၿပီးျပစ္ဒဏ္ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။ “ဥပေဒအရက ႏိုင္ငံျခားသားဝင္ရင္ သတင္းပို႔ရမယ္လို႔ရွိတာကို သတင္းမပို႔ခဲ့မႈနဲ႔ အိမ္ရွင္ကို လဝကကတရားစြဲတာပါ ေထာင္ဒဏ္နဲ႔ေငြဒဏ္မွာ သူက ေငြဒဏ္ေဆာင္ခဲ့ပါတယ္” လို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ခ်မ္းျမသာစည္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ ၂ မွဦးျမင့္ေအာင္မိုးကေျပာပါတယ္။


ကိုဗစ္ - ၁၉ အတည္ျပဳလူနာနံပါတ္(၄) က အေမရိကန္ႏိုင္ငံသားခံယူထားတဲ့ ကိုေက်ာ္လင္းထက္ ဆိုသူျဖစ္ၿပီး ၎ဟာျမန္မာႏိုင္ငံကို ၿပီးခဲ့တဲ့ မတ္လ ၁၉ ရက္ေန႔က လူမႈေရးဗီဇာနဲ႔ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကတဆင့္ ဝင္ေရာက္ခဲ့တာျဖစ္ၿပီးမႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာအိမ္ရာက ဇနီးျဖစ္သူေဒၚသိဂႌေအးစိုး ဆီလာေရာက္ခဲ့တာပါ။ ၎ဟာ ၎မိသားစုနဲ႔အတူေနအိမ္တိုက္ခန္းမွာ အတူေနထိုင္ခဲ့ေပမယ့္လည္း သက္ဆိုင္ရာၿမိဳ႕နယ္လဝက႐ုံးမွာ ႏိုင္ငံျခားသားေရာက္ရွိေနထိုင္မႈပုံစံ C သတင္းေပးပို႔တိုင္ၾကားဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ဇနီးျဖစ္သူကို ဧၿပီလ ၂၄ ရက္ေန႔က ခ်မ္းျမသာစည္တရား႐ုံးဆတရားစြဲဆိုတင္ပို႔ခဲ့တာျဖစ္တယ္လို႔လည္း ဦးျမင့္ေအာင္မိုးကေျပာပါတယ္။


၎ကို ႏိုင္ငံျခားသားေရာက္ရွိေနမႈ form c တိုင္ဖို႔ပ်က္ကြက္လို႔ လဝကအက္ ၅(၁)နဲ႔ တရားစြဲတာမွာခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ုံးမွာ ရာႀကီးအမွတ္(၄၃၂/၂၀၂၀)နဲ႔အမႈလက္ခံစစ္ေဆးခဲ့တာမွာျပစ္မႈက်ဴးလြန္ေၾကာင္း ေပၚေပါက္လို႔တရား႐ုံးက ေငြဒဏ္ ၅ သိန္းက်ပ္ေပးေဆာင္ဖို႔နဲ႔ ေငြဒဏ္မေဆာင္ရင္ ေထာင္ဒဏ္ ၆ လ က်ခံေစဖို႔အမိန႔္ခ်မွတ္ခဲ့တာပါ။ဒီျပစ္ဒဏ္ႏွစ္ခုအေပၚ ေဒၚသိဂႌေအးစိုးက ေငြဒဏ္ေပးေဆာင္ခဲ့တာျဖစ္ပါတယ္။လက္ရွိမွာေတာ့ လူနာဟာေရာဂါေပ်ာက္ကင္းလို႔ေနအိမ္မွာပဲသူ႔မိသားစုနဲ႔အတူေနထိုင္ေနတယ္လို႔သိရပါတယ္။


Credit- Duwun

Post a Comment

Previous Post Next Post