(Unicode)

လူနာအမှတ်၂၀၃ ၂၀၄ ၂၀၅ နှင့် ၂၀၆တို့တွေ့ရှိခဲ့သည့် မြောက်ဒဂုံမြို့နယ်ရှိဘိုဘိုမင်းဟိုတယ်ကို မေလ ၂၈ရက်နေ့တွင် အသွားအလာကန့်သတ်ခဲ့ကြောင်းသိရသည်။

ထိုသို့အသွားအလာကန့်သတ်မှုနှင့်ပက်သက်ပြီး"မြို့နယ်ရဲတပ်ဖွဲ့မှူး မြိုးနယ်ထွေအုပ်နဲ့ပူးပေါင်းပြီးတော့ လုံခြုံရေးအပိုင်းကိုတာဝန်ယူထားတယ်စည်ပင်သာယာကတော့အမှိုက်သိမ်းတဲ့စနစ်ကိုလုပ်ပါတယ်မြို့နယ်ကျန်းမာရေးကတော့ ကျန်းမာရေးနဲ့ပက်သက်တဲ့ လုပ်ငန်းစဉ်တွေပူးပေါင်းပြီးလုပ်ဆောင်နေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အမှတ်၁တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်နိုင်ထွန်းကပြောသည်။


မြောက်ဒဂုံမြို့နယ်၂၉ရပ်ကွက်တွင် နေသည့်ပြည်သူတဦးက "ဒီရောဂါကတကမ္ဘာလုံးဖြစ်နေတာ ကျနော် တို့နားမှာလည်းဖြစ်နိုင်တာပေါ့ ခုလိုတရပ်ကွက်ထဲမှာပိုးတွေ့တော့ ကြောက်တော့မကြောက်ပါဘူး အသွားအလာဆင်ခြင်ရမှာပေါ့ ခုဆရာမကြီးတွေရောက်လာပြီး ကြည့်ရှုနေကြတယ်ဆို တော့အဆင်ပြေသွားမှာပါ ကလေးတွေကိုတော့အိမ်ထဲမှာဘဲထားသေးတယ်"ဟုပြောသည်။


ဘိုဘိုမင်းဟိုတယ်တွင် မေ၁၉၂ဝရက်နေ့များက အိန္ဒိယမှပြန်လည်ရောက်ရှိလာသူ ၆၂ဦးကို ဟိုတယ်ကွာရန် တင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ထိုသို့ပြုလုပ်ထားသောသူများထဲမှ COVID 19အတည်ပြုလူနာလေးဦးတွေ့ရှိခဲ့ သည့်အတွက် အသွားအလာကန့်သတ်ခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ၂၀၆ဦးရှိကြောင်းသိရသည်။

မိုးသောက်(ဒဂုံ)
News Watch

(Zawgyi)








မိုးသောက်(ဒဂုံ)
News Watch

Post a Comment

Previous Post Next Post