(Unicode)

ဦးမော့စ်နဲ့တူတဲ့ ဟာသလူရွှင်တော် ကိုတော့ပ် အားအိပ်ပျော် နေစဉ် ဇနီးဖြစ်သူမဝင်းအေးမှ ပွက်ပွက်ဆူနေတဲ့ ရေနွေးပူဖြင့် ရက်စက်စွာ လောင်းချပြီး ၁၀ရက်ကျော် ဆေးမကုပေးပဲထားရာ



ပတ်ဝန်းကျင်မှ.သိရှိသွားသော အနုပညာညီကိုမောင်နှမများ မှ 25.5.2020monday 9.00 မှ ညောင်လေးပင်ပြည့်သူဆေးရုံးသို့တင်ပေးခဲ့ပါသည် ဆေးကုဖို့လည်းအခက်ခဲဖြစ်နေတယ်လို့သိရတယ်

ဟာသလူရွှင်တော်ကိုတော့ပ်အား ဇနီးဖြစ်သူကရေနွေးပွက်ပွက်ဆူဖြင့် လောင်း၍ ယခု အခါ ရန်ကုန် ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရကြောင်း ဦးထွန်းနေဦးဖွဲ့စည်း သော မြန်မာ့စိတ်ရင်းအဖွဲ့က သိရသည်။



“ဖြစ်နေတာက ၁ဝ ရက်လောက် ရှိပြီလို့သိရတယ်။ကျွန်တော်တို့က ဒီနေ့မှသိတာကြောင့် သိသိချင်း သူနေတဲ့ ညောင်လေးပင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို တင်ပေးလိုက်တယ်။ဆန်နှစ်ပြည်ချက် တဲ့အိုး နဲ့လောင်းတာလို့ သိရတယ်ခင်ဗျ၊

ကျွန်တော်တို့သူ့ကိုတွေ့တဲ့အခါ အနာက ပိုးဝင်နေတာမျိုး ဖြစ်နေတယ်။ဒဏ်ရာတွေ ကတော့ လည်ပင်းတွေ၊မျက်နှာတွေ၊ကျောကုန်းတွေမှာ ရှိနေတာ တွေ့ရပါ တယ်။



လိုအပ်တာတွေကို မနက်ဖြန်မှာသွားရောက်ကူညီထောက်ပံ့သွားအုံးမှာ ဖြစ်ပါတယ်။အမှုနဲ့ပတ် သက်ပြီး သူရဲ့အမျိုးသမီးကိုလည်းအရေးယူထားတယ်လို့ သိရပါတယ်ခင်ဗျ”ဟု မြန်မာ့စိတ်ရင်းအဖွဲ့ ၏ဒုဥက္ကဌ ကိုမိုးမာန်က ပြောသည်။

(Zawgyi)













Post a Comment

Previous Post Next Post