(Umicode)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ We love Wetlet အဖွဲ့ကနေပြီး အခြေခံလူတန်းစား ၁၀၀၀ ကျော်ကို မေလ ၁၅ ရက်ကစပြီး အခြေခံစားသောက်ကုန်တွေ ပေးဝေနေပါတယ်။“ကိုဗစ်ကာလမှာ တထောင့်တနေရာကနေ သူတို့တွေ စားဝတ်နေရေး အဆင်ပြေ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး ကျနော်တို့ We love Wetlet အဖွဲ့ကနေ အခြေခံလူတန်းစား ၁၀၀၀ ကျော်ကို ဆန်၊ ဆီ၊ ပဲ ငါးသေတ္တာလေးတွေ ဝေငှကြတာပါ” လို့ We love Wetlet အဖွဲ့ခေါင်းဆောင်ဦးခိုင်ကြီးက ပြောပါတယ်။


ကောက်ခံထားတဲ့စာရင်းများအရ ဝက်လက်မြို့မှာ အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၀၀ လောက်ရှိပြီး အိမ်ထောင်စု ၁ စုကို ဆန် ၄ ပြီ၊ ဆီ ၅၀ သား၊ ပဲ ၁ ပိဿာ၊ ငါးသေတ္တာ ၁ ဘူးနှုန်း ပေးတာဖြစ်ပါတယ်။


ဝက်လက်မြို့ မာလာရပ်နေ သံတိုသံစ အရောင်းအဝယ်ပြုလုပ်သူတဦးက “ဒီလိုကျပ်တည်းနေတဲ့ကာလမှာ အခြေခံစားသောက်ကုန်တွေ ဝေပေးတာဆိုတော့ ဝမ်းသာတာပေါ့။ ဟိုမသွားရ ဒီမသွားရ ဆိုတော့ ကျမတို့ သံတိုသံစ အရောင်းအဝယ်ကလည်း အလုပ်မဖြစ်တာ တလလောက် ရှိပြီ။ အခုလို ကုသိုလ်ပြုသူရှိ‌တော့ ကျမတို့အတွက် အများကြီး အထောက်အကူ ဖြစ်တာပေါ့” လို့ ပြောပါတယ်။


We love Wetlet အဖွဲ့အနေနဲ့ မြို့ပေါ်က ကွာရန်တင်း ဝင်နေသူတွေကို ထမင်း ဟင်း ထောက်ပံ့ပေးတာ။ သောက်သုံးရေပြတ်လပ်နေတဲ့ ကျေးရွာတွေကို ရေလှူတာတွေကိုလည်း ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။ဝက်လက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်း နိုင်ငံတော်ရဲ့ထောက်ပံ့မှုနဲ့ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၀၀၀၀ ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တွေ ထောက်ပံ့ခဲ့ပါတယ်။

ဒီဗွီဘီ

(Zawgyi)

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕မွာ We love Wetlet အဖြဲ႕ကေနၿပီး အေျခခံလူတန္းစား ၁၀၀၀ ေက်ာ္ကို ေမလ ၁၅ ရက္ကစၿပီး အေျခခံစားေသာက္ကုန္ေတြ ေပးေဝေနပါတယ္။“ကိုဗစ္ကာလမွာ တေထာင့္တေနရာကေန သူတို႔ေတြ စားဝတ္ေနေရး အဆင္ေျပ အေထာက္အကူ ျဖစ္ေစဖို႔ ရည္႐ြယ္ၿပီး က်ေနာ္တို႔ We love Wetlet အဖြဲ႕ကေန အေျခခံလူတန္းစား ၁၀၀၀ ေက်ာ္ကို ဆန္၊ ဆီ၊ ပဲ ငါးေသတၱာေလးေတြ ေဝငွၾကတာပါ” လို႔ We love Wetlet အဖြဲ႕ေခါင္းေဆာင္ဦးခိုင္ႀကီးက ေျပာပါတယ္။


ေကာက္ခံထားတဲ့စာရင္းမ်ားအရ ဝက္လက္ၿမိဳ႕မွာ အေျခခံလူတန္းစား အိမ္ေထာင္စု ၁၁၀၀ ေလာက္ရွိၿပီး အိမ္ေထာင္စု ၁ စုကို ဆန္ ၄ ၿပီ၊ ဆီ ၅၀ သား၊ ပဲ ၁ ပိႆာ၊ ငါးေသတၱာ ၁ ဘူးႏႈန္း ေပးတာျဖစ္ပါတယ္။

ဝက္လက္ၿမိဳ႕ မာလာရပ္ေန သံတိုသံစ အေရာင္းအဝယ္ျပဳလုပ္သူတဦးက “ဒီလိုက်ပ္တည္းေနတဲ့ကာလမွာ အေျခခံစားေသာက္ကုန္ေတြ ေဝေပးတာဆိုေတာ့ ဝမ္းသာတာေပါ့။ ဟိုမသြားရ ဒီမသြားရ ဆိုေတာ့ က်မတို႔ သံတိုသံစ အေရာင္းအဝယ္ကလည္း အလုပ္မျဖစ္တာ တလေလာက္ ရွိၿပီ။ အခုလို ကုသိုလ္ျပဳသူရွိ‌ေတာ့ က်မတို႔အတြက္ အမ်ားႀကီး အေထာက္အကူ ျဖစ္တာေပါ့” လို႔ ေျပာပါတယ္။


We love Wetlet အဖြဲ႕အေနနဲ႔ ၿမိဳ႕ေပၚက ကြာရန္တင္း ဝင္ေနသူေတြကို ထမင္း ဟင္း ေထာက္ပံ့ေပးတာ။ ေသာက္သုံးေရျပတ္လပ္ေနတဲ့ ေက်း႐ြာေတြကို ေရလႉတာေတြကိုလည္း ဆက္လက္ျပဳလုပ္သြားမယ္လို႔သိရပါတယ္။ဝက္လက္ၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့ဧၿပီလအတြင္းကလည္း ႏိုင္ငံေတာ္ရဲ႕ေထာက္ပံ့မႈနဲ႔ အေျခခံလူတန္းစား အိမ္ေထာင္စုေပါင္း ၂၀၀၀၀ ေက်ာ္ကို ဆန္၊ ဆီ၊ ဆား၊ ပဲ၊ ၾကက္သြန္ေတြ ေထာက္ပံ့ခဲ့ပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post