(Unicode)

ယနေ့ခေတ် ကိုဗစ်ကပ်ရောဂါဖြစ်စဉ်များနှင့် တူညီနေသည့် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ကဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး…

ယနေ့လက်ရှိခေတ် ကမ္ဘာကြီးတွင် ရင်ဆိုင်နေရသည့် Covid-19 မှာ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားကို စီးပွားရေးအရ များစွာထိခိုက်သွားစေခဲ့သလို လူအချင်းချင်းနီးကပ်သည့် ဆက်ဆံရေးများကိုလည်း ခွဲခြားမှု ဖြစ်သွားစေခဲ့သည်။



၂၀၁၉ ဒီဇင်ဘာလအတွင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သောအသက်ရူလမ်း ကြောင်းဆိုင်ရာကူးစက်ရောဂါဗိုင်းရပ်စ်ပိုး (SARS-CoV-2)ကြောင့်ဖြစ်ပွားသည့် Covid-19 ရောဂါသည် မေလ ၃၁ ရက်နေ့အထိ စာရင်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် ရောဂါကူး စက်ဖြစ်ပွားသူပေါင်း ၆.၀၅ သန်းကျော်အထိရှိနေပြီ ဖြစ်သည်။

ရောဂါဖြစ်ပွားသူများအနက်မှ ၂.၅၆ သန်းကျော်မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း သေဆုံးသူအရေအတွက် စုစုစုပေါင်းမှာ ၃၆၈,၀၀၀ ကျော်အထိ ရှိနေသည်။



လက်ရှိအချိန်တွင် ရောဂါကိုထိန်းချုပ်လာနိုင်သည့်နိုင် ငံများရှိနေသလို Lockdown ပြုလုပ်မှုများကိုပြန်လည် ဖြေလျော့ပေးလိုက်ကာ မူလအနေအထားသို့ပြန် လည်ရောက်ရှိရန် တာစူနေသည့်နိုင်ငံများလည်း ရှိနေသည်။

ထို့အတူ ရောဂါကူးစက်မှုနှင့်သေဆုံးမှုနှုန်းတဖြည်း ဖြည်းမြင့်မားလာသည့် အိန္ဒိယကဲ့သို့နိုင်ငံမျျိုးလည်း ရှိနေသည်။ Covid-19 ဖြစ်ပွားမှုကို ကမ္ဘာ့နိုင်ငံအများစုက ထိန်းချုပ်နိုင်လာပြီဟု ယူဆနိုင်သော်လည်း ဒုတိယလှိုင်းကဲ့သို့တစ်ကျာ့ပြန်ကူးစက်မှုများမဖြစ်ပေါ်စေရန်နိုင်ငံတိုင်းက အလေးထားနေကြရသည်။



Covid-19 ရောဂါစတင်ဖြစ်ပွားခဲ့သည့်ကာလမှစ၍ လက်ရှိအချိန်အထိကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်များမှာမူ ကမ္ဘာကြီးအနေဖြင့် အထူးအဆန်းမဟုတ်ဟု ဆိုနိုင်သည်။ Covid-19 ကာလအတွင်း ကမ္ဘာကြီး ကြုံတွေ့ခဲ့ရသည့် အခြေအနေမျိုးအား လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်ကဖြစ်ပွားခဲ့သည့် “စပိန်တုပ်ကွေး”ကာလ ကတည်းကပင် လူသားများကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

“၁၉၁၈ တုပ်ကွေးရောဂါ” ဟုလည်း လူသိများသော စပိန်တုပ်ကွေးသည် H1N1 တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အထူးသေစေနိုင်သော တုပ်ကွေးရောဂါ ဖြစ်သည်။ ၁၉၁၄ မှ ၁၉၁၈ အထိ ၄ နှစ်၊ ၃ လနှင့် ၂ ပတ်ကြာဖြစ်ပွားခဲ့ပြီး ပထမကမ္ဘာစစ်ပြီးဆုံးကာနီးကာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



“စပိန်တုပ်ကွေး”ဟု သတ်မှတ်ခေါ်ဆိုကြသော်လည်း ဗိုင်းရပ်စ်စတင်ဖြစ်ပွားကူးစက်ခဲ့သည့် မူလအစနေရာကို မည်သူမျှ အတိအကျ မသိရှိကြပေ။



ပထမကမ္ဘာစစ်တွင် စပိန်နိုင်ငံ ပါဝင်ခဲ့ခြင်းမရှိသလို ၎င်းတို့နိုင်ငံမှ သတင်းစာများကလည်း လွတ်လပ်စွာ ဖော်ပြခွင့်ရှိခဲ့ရာ ထိုစဉ်က စပိန်ဘုရင် King Alfonso XIII မှာ တုပ်ကွေးရောဂါဖြင့်ပြင်းထန်စွာနေမကောင်း ဖြစ်ခဲ့ခြင်း၊ အဆိုပါတုပ်ကွေးမှာ လျင်မြန်စွာကူးစက် သွားခြင်းများအရ “စပိန်တုပ်ကွေး” ဟု ခေါ်ဆိုခဲ့ကြ ခြင်းဖြစ်သည်။


“စပိန်တုပ်ကွေး” မှာ ၁၉၁၈ နွေ ဦး (hemisphere မြောက်ပိုင်း) မှ ၁၉၁၉ နွေရာသီအစောပိုင်းအထိ ကမ္ဘာ တစ်ဝန်းတွင် ၁၅ လခန့်ကြာ ကူးစက်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ထိုစဉ်က ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံခန့်ဖြစ်သည့် လူသန်းပေါင်း ၅၀၀ ခန့်တွင် ရောဂါကူးစက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအရေအတွက်မှာ ၁၇ သန်းမှ သန်း ၅၀ အကြားရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ အချို့သော သုတေသီများကမူ ၁၉၁၈ စပိန်တုပ်ကွေးကြောင့် သေဆုံးခဲ့သည့် အရေအတွက် မှာ သန်း ၁၀၀ အထိပင် ရှိခဲ့နိုင်သည်ဟု ခန့်မှန်းကြသည်။



လူ့သမိုင်းတလျောက်တွင် အသေအပျောက်အများဆုံး ကူးစက်ရောဂါတစ်ခုဖြစ်ခဲ့သည့် ၁၉၁၈ စပိန်တုပ် ကွေးကာလအတွင်း၌လည်း ယနေ့ခေတ်ဖြစ်ပွားနေသည့် Covid -19 ကာလကဲ့သို့ပင် မျက်နှာဖုံးအကာ (Mask) များ တပ်ဆင်ရခြင်း၊ သံသယရှိသူများကို ဝင်ထွက်ခွင့်မပြုဘဲ ပိတ်ပင်ခြင်း၊ အသွားအလာများခွင့်မပြုတော့ဘဲပိတ်ဆို့ထိန်းချုပ် (Lockdown) ထားချခြင်း၊ အသွားအလာကန့်သတ်ထိန်းချုပ်ထားခြင်း (Quarantine)၊ နေအိမ်တွင်သာနေထိုင်ရန်ညွှန်ကြား ခြင်း (Stay at home)၊ တံတွေးမှ ဗိုင်းရပ်စ်ကူးစက်နိုင်သည့်အတွက် တံတွေးများကို စည်းမဲ့ကမ်းမဲ့မထွေးရန် သတိပေးညွှန်ကြားခြင်း (Spit Spreads Death) များ ရှိခဲ့ရာ ယနေ့ခတ် Covid-19 ကာလဖြစ်စဉ်များနှင့်တူညီနေသည့် နှစ်ပေါင်း ၁၀၀ ကျော်ကဖြစ်စဉ်ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။

(Zawgyi)

ယေန႕ေခတ္ ကိုဗစ္ကပ္ေရာဂါျဖစ္စဥ္မ်ားႏွင့္ တူညီေနသည့္ လြန္ခဲ့ေသာ ႏွစ္ေပါင္း (၁၀၀) ကျဖစ္ခဲ့တဲ့ စပိန္တုပ္ေကြး…

ယေန ့လက္ရွိေခတ္ ကမာၻႀကီးတြင္ ရင္ဆိုင္ေနရသည့္ Covid-19 မွာ ကမာၻေပၚရွိ ႏိုင္ငံအမ်ားအျပားကို စီးပြားေရးအရ မ်ားစြာထိခိုက္သြားေစခဲ့သလို လူအခ်င္းခ်င္းနီးကပ္သည့္ ဆက္ဆံေရးမ်ားကိုလည္း ခြဲျခားမႈ ျဖစ္သြားေစခဲ့သည္။



၂၀၁၉ ဒီဇင္ဘာလအတြင္းက တရုတ္ႏိုင္ငံ၊ ဝူဟန္ျမိဳ ့မွစတင္ျဖစ္ပြားခဲ့သည့္ ျပင္းထန္ေသာအသက္ရူလမ္း ေၾကာင္းဆိုင္ရာကူးစက္ေရာဂါဗိုင္းရပ္စ္ပိုး (SARS-CoV-2)ေၾကာင့္ျဖစ္ပြားသည့္ Covid-19 ေရာဂါသည္ ေမလ ၃၁ ရက္ေန ့အထိ စာရင္းမ်ားအရ ကမ႓ာ့ႏိုင္ငံေပါင္း ၁၈၈ ႏိုင္ငံတြင္ ေရာဂါကူး စက္ျဖစ္ပြားသူေပါင္း ၆.၀၅ သန္းေက်ာ္အထိရွိေနျပီ ျဖစ္သည္။

ေရာဂါျဖစ္ပြားသူမ်ားအနက္မွ ၂.၅၆ သန္းေက်ာ္မွာ က်န္းမာေရးျပန္လည္ေကာင္းမြန္လာျပီျဖစ္ေသာ္လည္း ေသဆံုးသူအေရအတြက္ စုစုစုေပါင္းမွာ ၃၆၈,၀၀၀ ေက်ာ္အထိ ရွိေနသည္။



လက္ရွိအခ်ိန္တြင္ ေရာဂါကိုထိန္းခ်ဳပ္လာႏိုင္သည့္ႏိုင္ ငံမ်ားရွိေနသလို Lockdown ျပဳလုပ္မွုမ်ားကိုျပန္လည္ ေျဖေလ်ာ့ေပးလိုက္ကာ မူလအေနအထားသို ့ျပန္ လည္ေရာက္ရွိရန္ တာစူေနသည့္ႏိုင္ငံမ်ားလည္း ရွိေနသည္။

ထို ့အတူ ေရာဂါကူးစက္မွုႏွင့္ေသဆံုးမွုႏွုန္းတျဖည္း ျဖည္းျမင့္မားလာသည့္ အိႏၵိယကဲ့သို ့ႏိုင္ငံမ််ိဳးလည္း ရွိေနသည္။ Covid-19 ျဖစ္ပြားမွုကို ကမ႓ာ့ႏိုင္ငံအမ်ားစုက ထိန္းခ်ဳပ္ႏိုင္လာျပီဟု ယူဆႏိုင္ေသာ္လည္း ဒုတိယလွိုင္းကဲ့သို ့တစ္က်ာ့ျပန္ကူးစက္မွုမ်ားမျဖစ္ေပၚေစရန္ႏိုင္ငံတိုင္းက အေလးထားေနၾကရသည္။



Covid-19 ေရာဂါစတင္ျဖစ္ပြားခဲ့သည့္ကာလမွစ၍ လက္ရွိအခ်ိန္အထိၾကံဳေတြ ့ခဲ့ရသည့္ျဖစ္စဥ္မ်ားမွာမူ ကမ႓ာၾကီးအေနျဖင့္ အထူးအဆန္းမဟုတ္ဟု ဆိုႏိုင္သည္။ Covid-19 ကာလအတြင္း ကမ႓ာၾကီး ၾကံဳေတြ ့ခဲ့ရသည့္ အေျခအေနမ်ိဳးအား လြန္ခဲ့သည့္ႏွစ္ေပါင္း ၁၀၀ ေက်ာ္ကျဖစ္ပြားခဲ့သည့္ “စပိန္တုပ္ေကြး”ကာလ ကတည္းကပင္ လူသားမ်ားၾကံဳေတြ ့ခဲ့ရျပီးျဖစ္သည္။

“၁၉၁၈ တုပ္ေကြးေရာဂါ” ဟုလည္း လူသိမ်ားေသာ စပိန္တုပ္ေကြးသည္ H1N1 တုပ္ေကြးဗိုင္းရပ္စ္ေၾကာင့္ ျဖစ္ပြားသည့္ အထူးေသေစႏိုင္ေသာ တုပ္ေကြးေရာဂါ ျဖစ္သည္။ ၁၉၁၄ မွွ ၁၉၁၈ အထိ ၄ ႏွစ္၊ ၃ လႏွင့္ ၂ ပတ္ၾကာျဖစ္ပြားခဲ့ၿပီး ပထမကမ႓ာစစ္ျပီးဆံုးကာနီးကာလတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။



“စပိန္တုပ္ေကြး”ဟု သတ္မွတ္ေခၚဆိုၾကေသာ္လည္း ဗိုင္းရပ္စ္စတင္ျဖစ္ပြားကူးစက္ခဲ့သည့္ မူလအစေနရာကို မည္သူမွ် အတိအက် မသိရွိၾကေပ။



ပထမကမ႓ာစစ္တြင္ စပိန္ႏိုင္ငံ ပါဝင္ခဲ့ျခင္းမရွိသလို ၄င္းတို ့ႏိုင္ငံမွ သတင္းစာမ်ားကလည္း လြတ္လပ္စြာ ေဖာ္ျပခြင့္ရွိခဲ့ရာ ထိုစဥ္က စပိန္ဘုရင္ King Alfonso XIII မွာ တုပ္ေကြးေရာဂါျဖင့္ျပင္းထန္စြာေနမေကာင္း ျဖစ္ခဲ့ျခင္း၊ အဆိုပါတုပ္ေကြးမွာ လ်င္ျမန္စြာကူးစက္ သြားျခင္းမ်ားအရ “စပိန္တုပ္ေကြး” ဟု ေခၚဆိုခဲ့ၾက ျခင္းျဖစ္သည္။



“စပိန္တုပ္ေကြး” မွွာ ၁၉၁၈ ေႏြ ဦး (hemisphere ေျမာက္ပိုင္း) မွ ၁၉၁၉ ေႏြရာသီအေစာပိုင္းအထိ ကမ႓ာ တစ္ဝန္းတြင္ ၁၅ လခန႔္ၾကာ ကူးစက္ျဖစ္ပြားခဲ့ ျခင္းျဖစ္သည္။ ထိုစဥ္က ကမာၻ႔လူဦးေရ၏သုံးပုံတစ္ပုံခန႔္ျဖစ္သည့္ လူသန္းေပါင္း ၅၀၀ ခန္ ့တြင္ ေရာဂါကူးစက္ျဖစ္ပြားခဲ့ျခင္းျဖစ္ျပီး ေသဆုံးသူအေရအတြက္မွာ ၁၇ သန္းမွ သန္း ၅၀ အၾကားရွိႏိုင္သည္ဟု ခန႔္မွန္းထားၾကသည္။ အခ်ိဳ ့ေသာ သုေတသီမ်ားကမူ ၁၉၁၈ စပိန္တုပ္ေကြးေၾကာင့္ ေသဆံုးခဲ့သည့္ အေရအတြက္ မွာ သန္း ၁၀၀ အထိပင္ ရွိခဲ့ႏိုင္သည္ဟု ခန္ ့မွန္းၾကသည္။



လူ႔သမိုင္းတေလ်ာက္တြင္ အေသအေပ်ာက္အမ်ားဆုံး ကူးစက္ေရာဂါတစ္ခုျဖစ္ခဲ့သည့္ ၁၉၁၈ စပိန္တုပ္ ေကြးကာလအတြင္း၌လည္း ယေန ့ေခတ္ျဖစ္ပြားေနသည့္ Covid -19 ကာလကဲ့သို ့ပင္ မ်က္ႏွာဖံုးအကာ (Mask) မ်ား တပ္ဆင္ရျခင္း၊ သံသယရွိသူမ်ားကို ဝင္ထြက္ခြင့္မျပဳဘဲ ပိတ္ပင္ျခင္း၊ အသြားအလာမ်ားခြင့္မျပဳေတာ့ဘဲပိတ္ဆို ့ထိန္းခ်ဳပ္ (Lockdown) ထားခ်ျခင္း၊ အသြားအလာကန္ ့သတ္ထိန္းခ်ဳပ္ထားျခင္း (Quarantine)၊ ေနအိမ္တြင္သာေနထိုင္ရန္ညႊန္ၾကား ျခင္း (Stay at home)၊ တံေတြးမွ ဗိုင္းရပ္စ္ကူးစက္ႏိုင္သည့္အတြက္ တံေတြးမ်ားကို စည္းမဲ့ကမ္းမဲ့မေထြးရန္ သတိေပးညႊန္ၾကားျခင္း (Spit Spreads Death) မ်ား ရွိခဲ့ရာ ယေန ့ခတ္ Covid-19 ကာလျဖစ္စဥ္မ်ားႏွင့္တူညီေနသည့္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ကျဖစ္စဥ္ပံုရိပ္မ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

Post a Comment

Previous Post Next Post