(Unicode)

သူတို့ကို အင်တာနက်တွင် မြင်ဖူးကောင်း မြင်ဖူးကြပါလိမ့်မည်။ အနက်ရောင် အနောက်တိုင်းဝတ်စုံများ၊ နေကာမျက်မှန်များနှင့် ပြောင်လက်နေသည့် သားရေ ရှူးဖိနပ်များ ဝတ်ဆင်ထားသည့် အမျိုးသား ၆ ယောက်က လူသေထည့်ထားသည့် အခေါင်းတခုကို သယ်ယူရင်း techno စည်းချက်နှင့် ကခုန်နေကြသည်။သူတို့က ဂါနာနိုင်ငံမှ အခေါင်းသယ်သည့် ကချေသည်များဖြစ်ကြသည်။ ဝမ်းနည်း ပူဆွေးနေသူများက ဝမ်းနည်းမှုကြားမှ ပြုံးနိုင်ရန် လုပ်ဆောင်ပေးနေသည်မှာ ကာလ ကြာမြင့်ခဲ့ပြီ။ သူတို့သည် အသုဘတွင် ဖျော်ဖြေသူများ ဖြစ်ကြသည်။Covid-19 ကပ်ရောဂါ မြင့်တက်လာသည့်အချိန်တွင် သူတို့က (ပြည်သူများကို) အိမ်မှာနေကြရန် ဆော်ဩကြသည့် လှုပ်ရှားမှု၏ မျက်နှာစာများ မထင်မှတ်ဘဲ ဖြစ်လာခဲ့ကြသည်။ အန္တရာယ်များသည့် အမူအကျင့်များအတွက် သတိပေးချက်တခု အနေဖြင့် သေမင်း၏ ရယ်စရာကောင်းသည့် တမန်တော်များအဖြစ် သူတို့ကို ဖော်ပြလာကြသည်။

ကပ်ရောဂါကြောင့် သေဆုံးမှုများ မြင့်တက်နေချိန်တွင် ရှောပင်းမောလ်တခုကို ပြန်ဖွင့်နေပါသလား။ အခေါင်းသယ်သည့် ကချေသည်များ သတိပေးနေသည်။Covid-19 အဖြစ်များသည့် နေရာတခုအား ပိတ်ဆို့ထားခြင်းကို ဆန္ဒပြနေပါသလား။ အခေါင်းသယ်သည့် ကချေသည်များက သတိပေးနေသည်။အစားမစားခင် လက်ဆေးရန် မေ့လျော့နေပါသလား။ အခေါင်းသယ်သည့် ကချေသည်များက သတိပေးနေသည်။

တရုတ်၊ ဘရာဇီးနှင့် အမေရိကန်မှ ပြည်သူများက ကိုရိုနာဗိုင်းရပ် ကပ်ရောဂါ စတင်ပေါ်ပေါက်သည့် အချိန်ကတည်းက ထိုဗီဒီယိုများကို တခုပြီးတခု ဝေမျှနေခဲ့ကြသည်။ ကြည့်ရှုသူ သန်းပေါင်းများစွာဖြင့် အခေါင်းသယ်သည့် ကချေသည် များတွင် နိုင်ငံတကာမှ ပရိသတ်များ ရှိလာကြသည်။မည်သို့ဖြစ်သွားသည်ကို အဖွဲ့ ဦးဆောင်သူဖြစ်သော Benjamin Aidoo သေသေချာချာ မသိပါ။ မတ်လ မနက်ခင်းတခု၌ သူအိပ်ရာမှ နိုးလာသည့် အချိန်တွင် သူ၏လှုပ်ရှားမှု ပုံရိပ်များကို နေရာတိုင်းတွင် မြင်တွေ့လိုက်ရသည်။

“အဲဒါက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ်။ ဒါပေမယ့် ပျော်စရာလည်း ကောင်းပါတယ်” ဟု ဂါနာနိုင်ငံ၏ မြို့တော် Accra တွင် နေထိုင်သည့် အသက် ၃၂ နှစ် အရွယ် Benjamin Aidoo ကပြောသည်။ “လူတွေက ပြောနေကြတယ် ‘ငါ အိမ်မှာပဲနေတာ ကောင်းတယ်၊ မဟုတ်ရင် ဒီလူတွေက ငါ့ကို မြေမြှုပ်ပစ်လိုက်ကြမယ်’တဲ့”ဧပြီလအတွင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က အခေါင်းတခုကို ထမ်း၍ သူ၏ ခြေထောက်အက အတိုင်း ပုံတူလိုက်ကကာ Quibdó မြို့ တော်အတွင်း လှည့်လည်ရင်း ပြည်သူများကို အိမ်အတွင်းမှာသာ နေကြရန် အသံချဲ့စက်ဖြင့် တိုက်တွန်းခဲ့ကြသည်။ ပြင်သစ်နှင့် ပေါ်တူဂီ တွင် Benjamin Aidoo နှင့် အဖွဲ့၏ ရုပ်ပုံများက သတိပေးချက်များနှင့် အတူ ပေါ်ထွက်လာခဲ့ သည်။ “အိမ်မှာ နေမလား ငါတို့နဲ့ အတူ ကမလား”

ပရိတ်သတ်တဦးက အခေါင်းသယ်သည့် ကချေသည်များကို ကာတွန်းစာအုပ်မှ စူပါဟီးရိုးများအဖြစ် ရေးဆွဲခဲ့သည်။ နောက်တဦးက သူတို့ကို ကိတ်မုန့်တလုံးကို ဟန်ချက်ညီအောင် ထမ်းထားသည့် ကြက်ဥများအဖြစ် ပြန်လည်ဖန်တီးခဲ့သည်။ နောက်တဦးက သူတို့ကို အရုပ်များအဖြစ် ပြုလုပ်ခဲ့သည်။ ဟောင်ကောင်မှ ဆိုင်တဆိုင်က ပလပ်စတစ်အရုပ်များအဖြစ် ပုံတူ သွန်းလာင်းခဲ့သည်။သေခြင်းတရားက လူတိုင်းစိတ်ထဲ၌ ရှိနေသည့် အချိန်တခုတွင် ဝမ်းနည်းစရာ ဟာသက လူကြိုက်များသည့် ဖြေရှင်းမှုတခု ဖြစ်လာသည့် အသွင်ရှိပါသည်။

အင်္ဂလိပ်စကားပြော Twitter အသုံးပြုသူများက ဧပြီလအတွင်းတွင် အခေါင်းသယ်သည့် ကချေသည်များနှင့် ပတ်သက်၍ အနည်းဆုံး အကြိမ် ၆၀၀၀၀ ရည်ညွှန်းခဲ့ကြသည်ဟု Twitter ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦး ဖြစ်သော Yasuko Quinn က ပြောသည်။ Twitter ၏ ယခင်သမိုင်းတွင် ရှိခဲ့သည်ထက် ပိုသည်ဟု သူက ထပ်ပြောသည်။ဂါနာနိုင်ငံတွင် အသုဘအခမ်းအနားများတွင် အခေါင်းသယ် ကကြသည်။သူတို့ကို အွန်လိုင်းတွင် လူကြိုက်များလာရခြင်း အကြောင်းရင်းကို တွေ့ရှိနိုင်မည့် သီအိုရီ အချို့ကို ရှာဖွေ ကြည့်ခဲ့ပါသည်။ထိုင်းနိုင်ငံ ချင်းမိုင်တွင် နေထိုင်သည့် ဗီဒီယိုဂိမ်း ဖန်တီးသူတဦး ဖြစ်သော Richmond Lee က သူတို့ကို “၂၀၂၀ ခုနှစ်၏ meme” ဟု သူ၏ Twitter တွင် ဖွင့်ဆိုခဲ့သည်။“ထိုင်း၊ တရုတ်နဲ့ ဂျပန် meme တွေမှာ သုံးတာကို ကျနော် တွေ့ခဲ့ရတယ်” ဟု အသက် ၃၆ နှစ် အရွယ် Richmond Lee က ပြောသည်။ “သေခြင်းတရားကို တိုက်ရိုက် မပြောကောင်းဘူးလို့ ယူဆထားတဲ့ ယဉ်ကျေးမှုတွေမှာ အခေါင်းသယ်တဲ့ ကချေသည်တွေက ခံစားချက်ကို ပေါ့အောင် လုပ်ပေးတယ်”

သူတို့က နိုင်ရိုဘီမှ အသက် ၂၅ နှစ်အရွယ် ဆိုရှယ်မီဒီယာ မန်နေဂျာ တယောက်ဖြစ်သည့် Kevin Mboya ကို ရယ်မောအောင် လုပ်နိုင်သည်။ သူက Reggae ဂီတ ပုံစံတခုကို တင်ခဲ့သည်။ဘဝက စိတ်ဖိစီးစရာ ဖြစ်သည်ဟု သူကပြောသည်။ အခေါင်းသယ်သည့် ကချေသည်များက သေခြင်းတရားပေါ်တွင် ရယ်စရာတခုကို ပေးသည်။“ဒါပေမယ့် အရေးအကြီးဆုံးက သူတို့က ကျနော်နဲ့ ကျနော့်သူငယ်ချင်းတွေကို အိမ်မှာနေကြဖို့ လျှောက်သွားတာတွေ ရပ်ဖို့ သတိပေးတယ်” ဟု သူက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း မှ ဂရပ်ဖစ် ပညာရှင်တဦး ဖြစ်သည့် Shandhi Sayogo သူ quarantine နေရသည့် အချိန်တွင် meme က ပျော်စရာ အချို့ကို ယူလာပေးသည်ဟု ပြောသည်။ ထို့ကြောင့်သူက Benjamin Aidoo နှင့် အဖွဲ့ကို animation အဖြစ်ဖန်တီး ခဲ့သည်။သူတို့က သူ့အတွက် “အပေါင်း လက္ခဏာဆောင်သော အတွေးများနှင့် စွမ်းအား” ပေးသည်ဟု Shandhi Sayogo က ပြောသည်။Benjamin Aidoo အတွက်မူ အာရုံစိုက်ခံရခြင်းက ဂါနာနိုင်ငံ၏ မှောင်မိုက်သော ပကတိတရားမှ စိတ်ရှုပ်ထွေးစရာတခု ဖြစ်သည်။ မေလ ၁ ရက်နေ့ အထိ ဂါနာနိုင်ငံတွင် coronavirus ကူးစက်ခံရသူ ၁၂၇၉ ဦးနှင့် သေဆုံးသူ ၁၀ ဦး အထိ ရှိခဲ့ပြီ ဖြစ်သည်။ ကူးစက်မှုကို ထိန်းချုပ်ရန် လူအများအပြားစုဝေးခြင်းကို ဂါနာနိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသည်။


ယခုအခါ အခေါင်းသည်သော ကချေသည်များသည် မျက်နှာဖုံးများတပ်ဆင်၍ အကျဉ်းချုပ် ပြုလုပ်သည့် အသုဘများတွင် အသံတိုးထားသည့် ဖျော်ဖြေမှုများ ပြုလုပ်နေရသည်။ သို့သော်လည်း ပြီးခဲ့သည့်အပတ်အတွင်းက စတူဒီယိုအတွင်းတွင် ကပြရန် သူတို့ကို ပြည်တွင်း သတင်းဌာန တခုက ဖိတ်ခေါ်လာသည့် အချိန်တွင်မူ လွတ်လွတ်လပ်လပ် ဖျော်ဖြေခွင့်ရခဲ့သည်။ဂါနာနိုင်ငံမှ အသုဘများတွင် အကကို ထည့်သွင်းခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် အသက်အရွယ် ကြီးရင့်သူများ ကွယ်လွန်သွားခဲ့ပါက ကျန်ရစ်သူဆွေမျိုးများက ဓာတ်ပုံဆရာများ၊ အရက်ဘားများ၊ ဘူဖေး စားပွဲများနှင့် တေးဂီတဝိုင်းများနှင့်အတူ ရက်ပေါင်းများစွာကြာသည့် အသုဘ အခန်းအနားကို ကျင်းပခြင်းက အထူးအဆန်း မဟုတ်ပါ။အကြိုက်ကတော့ အမျိုးမျိုး ကွဲပြားပါသည်။ လူတိုင်းက ကြီးကျယ်ခမ်းနားသော ပါတီပွဲတခုကို မလိုချင်ကြပါ။ အကယ်၍ တစုံတယောက်က အသက်ငယ်ငယ်ဖြင့် သေဆုံးသွားခဲ့လျှင် သာမန်လောက်သာ ကျင်းပလေ့ရှိကြသည်။ ၁၉၉၀ နှစ်များတွင် အခေါင်းသယ် ပေးသည့် ပုဂ္ဂလိက လုပ်ငန်းများ ခေတ်စားမလာမီ အချိန်အထိ ပုံမှန်အားဖြင့် မိသားစုဝင်များကသာ သယ်ယူခဲ့ကြသည်ဟု ဂါနာလူမျိုး စာရေးဆရာမနှင့် သမိုင်းပညာရှင် Wilhelmina Donkoh က ပြောသည်။

“အချိန်ကြာလာတာနဲ့အမျှ အခေါင်းသယ်ပေးတဲ့သူတွေက ရှုပ်ရှုပ်ထွေးထွေး ပြကွက်တွေ လုပ်ပြီးတော့ သူတို့ကိုယ်သူတို့ သူများနဲ့ ကွဲပြားအောင် လုပ်ချင်လာခဲ့ကြတယ်” ဟု သူကပြောသည်။ ယခုအချိန်တွင် သူတို့က တကမ္ဘာလုံး၏ ဆန္ဒကိုပင် ဖြည့်ဆည်းပေးနေသည့် အသွင်ရှိသည်။“အနာရောဂါတခုရဲ့ ပကတိတရားကို ဆေးဝါးကုသမှု မပါဘဲ ဖုံးကွယ်ဖို့ လူတွေအနေနဲ့ ဟာသရဲ့ စိတ်သက်သာမှုကို လိုချင်ကြတယ်။ လိုအပ်ကြတယ်” ဟု Wilhelmina Donkoh ကပြောသည်။သူတို့၏ ဝန်ဆောင်မှုသည် ခံစားချက်များကို လျှော့ချပေးရန် ဖြစ်သည့်အတွက် ကြိုက်သလောက် ရယ်မောနိုင်သည်ဟု Benjamin Aidoo ကပြောသည်။သူက ဆယ်ကျော်သက် အရွယ်တွင် သုဘရာဇာ လုပ်ငန်းတခု၌ အလုပ်ဝင်ခဲ့ရာမှ ထိုလောကသို့ ရောက်လာခြင်း ဖြစ်သည်။ ပြိုင်ဘက်များကို ယှဉ်ပြိုင်နိုင်ရန် အကအဖွဲ့တခုကို ဖွဲ့ခဲ့သည်။ ထိုစဉ်က လူ ၆ ယောက်သာ ပါဝင်သောအဖွဲ့က လူ ၁၀၀ ရှိသည့် အင်အားစု တခုအဖြစ်သို့ ဖွံ့ဖြိုးလာခဲ့သည်။

သူတို့က ဂါနာနိုင်ငံတလွှားမှ အသုဘများတွင် ဖျော်ဖြေကြသည်။ ဖောက်သည်များ၏ တောင်းဆိုချက်များနှင့် ကိုက်ညီအောင် အပြောင်းအလဲများလည်း ပြုလုပ်ပေးသည်။Benjamin Aidoo ၏ ရည်မှန်းချက်က ခရီးသွားလာရေး လုံခြုံကောင်းမွန်လာသည့် အချိန်တွင် လုပ်ငန်းကို ကမ္ဘာအဆင့်သို့ ချဲ့ထွင်ရန် ဖြစ်သည်။ အာဂျင်တီးနားနိုင်ငံတွင် ဖျော်ဖြေရန်လည်း သူက မျှော်လင့်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူက နာမည်ကျော်ဘောလုံးသမား Lionel Messi ၏ အမာခံ ပရိသတ်တယောက်ဖြစ်သည်။

သို့သော်လည်း ယခုလက်ရှိတွင်မူ Benjamin Aidoo သည်လည်း အခြားသူများကဲ့သို့ပင် အိမ်တွင် ခြေချုပ်မိနေသည်။ meme များကို ကြည့်ရင်း သူ၏ ထူးဆန်းသော ကဏ္ဍသစ်ကို လေ့လာနေရသည်။ရုပ်မြင်သံကြား တင်ဆင်သူတဦးက “လူတွေ အိမ်မှာ မနေရင် ဘာဖြစ်မလဲ” ဟု မကြာသေးမီက သူ့ကို မေးခဲ့သည်။“ကျနော်တို့က သူတို့နဲ့ တူတူ ကရတော့မှာပေါ့” ဟု အခေါင်းသယ်သည့် ကချေသည်က ဖြေလိုက်သည်။

(Washington Post ပါ The sudden rise of the coronavirus grim reaper: Ghana’s dancing pallbearers ကို ဘာသာပြန်ဆိုသည်။)
Credit burma.irrawaddy

(Zawgyi)

သူတို႔ကို အင္တာနက္တြင္ ျမင္ဖူးေကာင္း ျမင္ဖူးၾကပါလိမ့္မည္။ အနက္ေရာင္ အေနာက္တိုင္းဝတ္စုံမ်ား၊ ေနကာမ်က္မွန္မ်ားႏွင့္ ေျပာင္လက္ေနသည့္ သားေရ ရႉးဖိနပ္မ်ား ဝတ္ဆင္ထားသည့္ အမ်ိဳးသား ၆ ေယာက္က လူေသထည့္ထားသည့္ အေခါင္းတခုကို သယ္ယူရင္း techno စည္းခ်က္ႏွင့္ ကခုန္ေနၾကသည္။သူတို႔က ဂါနာႏိုင္ငံမွ အေခါင္းသယ္သည့္ ကေခ်သည္မ်ားျဖစ္ၾကသည္။ ဝမ္းနည္း ပူေဆြးေနသူမ်ားက ဝမ္းနည္းမႈၾကားမွ ၿပဳံးႏိုင္ရန္ လုပ္ေဆာင္ေပးေနသည္မွာ ကာလ ၾကာျမင့္ခဲ့ၿပီ။ သူတို႔သည္ အသုဘတြင္ ေဖ်ာ္ေျဖသူမ်ား ျဖစ္ၾကသည္။Covid-19 ကပ္ေရာဂါ ျမင့္တက္လာသည့္အခ်ိန္တြင္ သူတို႔က (ျပည္သူမ်ားကို) အိမ္မွာေနၾကရန္ ေဆာ္ဩၾကသည့္ လႈပ္ရွားမႈ၏ မ်က္ႏွာစာမ်ား မထင္မွတ္ဘဲ ျဖစ္လာခဲ့ၾကသည္။ အႏၲရာယ္မ်ားသည့္ အမူအက်င့္မ်ားအတြက္ သတိေပးခ်က္တခု အေနျဖင့္ ေသမင္း၏ ရယ္စရာေကာင္းသည့္ တမန္ေတာ္မ်ားအျဖစ္ သူတို႔ကို ေဖာ္ျပလာၾကသည္။

ကပ္ေရာဂါေၾကာင့္ ေသဆုံးမႈမ်ား ျမင့္တက္ေနခ်ိန္တြင္ ေရွာပင္းေမာလ္တခုကို ျပန္ဖြင့္ေနပါသလား။ အေခါင္းသယ္သည့္ ကေခ်သည္မ်ား သတိေပးေနသည္။Covid-19 အျဖစ္မ်ားသည့္ ေနရာတခုအား ပိတ္ဆို႔ထားျခင္းကို ဆႏၵျပေနပါသလား။ အေခါင္းသယ္သည့္ ကေခ်သည္မ်ားက သတိေပးေနသည္။အစားမစားခင္ လက္ေဆးရန္ ေမ့ေလ်ာ့ေနပါသလား။ အေခါင္းသယ္သည့္ ကေခ်သည္မ်ားက သတိေပးေနသည္။

တ႐ုတ္၊ ဘရာဇီးႏွင့္ အေမရိကန္မွ ျပည္သူမ်ားက ကို႐ိုနာဗိုင္းရပ္ ကပ္ေရာဂါ စတင္ေပၚေပါက္သည့္ အခ်ိန္ကတည္းက ထိုဗီဒီယိုမ်ားကို တခုၿပီးတခု ေဝမွ်ေနခဲ့ၾကသည္။ ၾကည့္ရႈသူ သန္းေပါင္းမ်ားစြာျဖင့္ အေခါင္းသယ္သည့္ ကေခ်သည္ မ်ားတြင္ ႏိုင္ငံတကာမွ ပရိသတ္မ်ား ရွိလာၾကသည္။မည္သို႔ျဖစ္သြားသည္ကို အဖြဲ႕ ဦးေဆာင္သူျဖစ္ေသာ Benjamin Aidoo ေသေသခ်ာခ်ာ မသိပါ။ မတ္လ မနက္ခင္းတခု၌ သူအိပ္ရာမွ ႏိုးလာသည့္ အခ်ိန္တြင္ သူ၏လႈပ္ရွားမႈ ပုံရိပ္မ်ားကို ေနရာတိုင္းတြင္ ျမင္ေတြ႕လိုက္ရသည္။

“အဲဒါက နည္းနည္းေတာ့ ေၾကာက္စရာ ေကာင္းတယ္။ ဒါေပမယ့္ ေပ်ာ္စရာလည္း ေကာင္းပါတယ္” ဟု ဂါနာႏိုင္ငံ၏ ၿမိဳ႕ေတာ္ Accra တြင္ ေနထိုင္သည့္ အသက္ ၃၂ ႏွစ္ အ႐ြယ္ Benjamin Aidoo ကေျပာသည္။ “လူေတြက ေျပာေနၾကတယ္ ‘ငါ အိမ္မွာပဲေနတာ ေကာင္းတယ္၊ မဟုတ္ရင္ ဒီလူေတြက ငါ့ကို ေျမျမႇဳပ္ပစ္လိုက္ၾကမယ္’တဲ့”ဧၿပီလအတြင္း ကိုလံဘီယာ ရဲတပ္ဖြဲ႕က အေခါင္းတခုကို ထမ္း၍ သူ၏ ေျခေထာက္အက အတိုင္း ပုံတူလိုက္ကကာ Quibdó ၿမိဳ႕ ေတာ္အတြင္း လွည့္လည္ရင္း ျပည္သူမ်ားကို အိမ္အတြင္းမွာသာ ေနၾကရန္ အသံခ်ဲ႕စက္ျဖင့္ တိုက္တြန္းခဲ့ၾကသည္။ ျပင္သစ္ႏွင့္ ေပၚတူဂီ တြင္ Benjamin Aidoo ႏွင့္ အဖြဲ႕၏ ႐ုပ္ပုံမ်ားက သတိေပးခ်က္မ်ားႏွင့္ အတူ ေပၚထြက္လာခဲ့ သည္။ “အိမ္မွာ ေနမလား ငါတို႔နဲ႔ အတူ ကမလား”

ပရိတ္သတ္တဦးက အေခါင္းသယ္သည့္ ကေခ်သည္မ်ားကို ကာတြန္းစာအုပ္မွ စူပါဟီး႐ိုးမ်ားအျဖစ္ ေရးဆြဲခဲ့သည္။ ေနာက္တဦးက သူတို႔ကို ကိတ္မုန႔္တလုံးကို ဟန္ခ်က္ညီေအာင္ ထမ္းထားသည့္ ၾကက္ဥမ်ားအျဖစ္ ျပန္လည္ဖန္တီးခဲ့သည္။ ေနာက္တဦးက သူတို႔ကို အ႐ုပ္မ်ားအျဖစ္ ျပဳလုပ္ခဲ့သည္။ ေဟာင္ေကာင္မွ ဆိုင္တဆိုင္က ပလပ္စတစ္အ႐ုပ္မ်ားအျဖစ္ ပုံတူ သြန္းလာင္းခဲ့သည္။ေသျခင္းတရားက လူတိုင္းစိတ္ထဲ၌ ရွိေနသည့္ အခ်ိန္တခုတြင္ ဝမ္းနည္းစရာ ဟာသက လူႀကိဳက္မ်ားသည့္ ေျဖရွင္းမႈတခု ျဖစ္လာသည့္ အသြင္ရွိပါသည္။

အဂၤလိပ္စကားေျပာ Twitter အသုံးျပဳသူမ်ားက ဧၿပီလအတြင္းတြင္ အေခါင္းသယ္သည့္ ကေခ်သည္မ်ားႏွင့္ ပတ္သက္၍ အနည္းဆုံး အႀကိမ္ ၆၀၀၀၀ ရည္ၫႊန္းခဲ့ၾကသည္ဟု Twitter ၏ ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီးတဦး ျဖစ္ေသာ Yasuko Quinn က ေျပာသည္။ Twitter ၏ ယခင္သမိုင္းတြင္ ရွိခဲ့သည္ထက္ ပိုသည္ဟု သူက ထပ္ေျပာသည္။ဂါနာႏိုင္ငံတြင္ အသုဘအခမ္းအနားမ်ားတြင္ အေခါင္းသယ္ ကၾကသည္။သူတို႔ကို အြန္လိုင္းတြင္ လူႀကိဳက္မ်ားလာရျခင္း အေၾကာင္းရင္းကို ေတြ႕ရွိႏိုင္မည့္ သီအိုရီ အခ်ိဳ႕ကို ရွာေဖြ ၾကည့္ခဲ့ပါသည္။ထိုင္းႏိုင္ငံ ခ်င္းမိုင္တြင္ ေနထိုင္သည့္ ဗီဒီယိုဂိမ္း ဖန္တီးသူတဦး ျဖစ္ေသာ Richmond Lee က သူတို႔ကို “၂၀၂၀ ခုႏွစ္၏ meme” ဟု သူ၏ Twitter တြင္ ဖြင့္ဆိုခဲ့သည္။“ထိုင္း၊ တ႐ုတ္နဲ႔ ဂ်ပန္ meme ေတြမွာ သုံးတာကို က်ေနာ္ ေတြ႕ခဲ့ရတယ္” ဟု အသက္ ၃၆ ႏွစ္ အ႐ြယ္ Richmond Lee က ေျပာသည္။ “ေသျခင္းတရားကို တိုက္႐ိုက္ မေျပာေကာင္းဘူးလို႔ ယူဆထားတဲ့ ယဥ္ေက်းမႈေတြမွာ အေခါင္းသယ္တဲ့ ကေခ်သည္ေတြက ခံစားခ်က္ကို ေပါ့ေအာင္ လုပ္ေပးတယ္”

သူတို႔က ႏိုင္႐ိုဘီမွ အသက္ ၂၅ ႏွစ္အ႐ြယ္ ဆိုရွယ္မီဒီယာ မန္ေနဂ်ာ တေယာက္ျဖစ္သည့္ Kevin Mboya ကို ရယ္ေမာေအာင္ လုပ္ႏိုင္သည္။ သူက Reggae ဂီတ ပုံစံတခုကို တင္ခဲ့သည္။ဘဝက စိတ္ဖိစီးစရာ ျဖစ္သည္ဟု သူကေျပာသည္။ အေခါင္းသယ္သည့္ ကေခ်သည္မ်ားက ေသျခင္းတရားေပၚတြင္ ရယ္စရာတခုကို ေပးသည္။“ဒါေပမယ့္ အေရးအႀကီးဆုံးက သူတို႔က က်ေနာ္နဲ႔ က်ေနာ့္သူငယ္ခ်င္းေတြကို အိမ္မွာေနၾကဖို႔ ေလွ်ာက္သြားတာေတြ ရပ္ဖို႔ သတိေပးတယ္” ဟု သူက ေျပာသည္။ အင္ဒိုနီးရွားႏိုင္ငံ ဘန္ေဒါင္း မွ ဂရပ္ဖစ္ ပညာရွင္တဦး ျဖစ္သည့္ Shandhi Sayogo သူ quarantine ေနရသည့္ အခ်ိန္တြင္ meme က ေပ်ာ္စရာ အခ်ိဳ႕ကို ယူလာေပးသည္ဟု ေျပာသည္။ ထို႔ေၾကာင့္သူက Benjamin Aidoo ႏွင့္ အဖြဲ႕ကို animation အျဖစ္ဖန္တီး ခဲ့သည္။သူတို႔က သူ႔အတြက္ “အေပါင္း လကၡဏာေဆာင္ေသာ အေတြးမ်ားႏွင့္ စြမ္းအား” ေပးသည္ဟု Shandhi Sayogo က ေျပာသည္။Benjamin Aidoo အတြက္မူ အာ႐ုံစိုက္ခံရျခင္းက ဂါနာႏိုင္ငံ၏ ေမွာင္မိုက္ေသာ ပကတိတရားမွ စိတ္ရႈပ္ေထြးစရာတခု ျဖစ္သည္။ ေမလ ၁ ရက္ေန႔ အထိ ဂါနာႏိုင္ငံတြင္ coronavirus ကူးစက္ခံရသူ ၁၂၇၉ ဦးႏွင့္ ေသဆုံးသူ ၁၀ ဦး အထိ ရွိခဲ့ၿပီ ျဖစ္သည္။ ကူးစက္မႈကို ထိန္းခ်ဳပ္ရန္ လူအမ်ားအျပားစုေဝးျခင္းကို ဂါနာႏိုင္ငံတြင္ တားျမစ္ပိတ္ပင္ထားသည္။


ယခုအခါ အေခါင္းသည္ေသာ ကေခ်သည္မ်ားသည္ မ်က္ႏွာဖုံးမ်ားတပ္ဆင္၍ အက်ဥ္းခ်ဳပ္ ျပဳလုပ္သည့္ အသုဘမ်ားတြင္ အသံတိုးထားသည့္ ေဖ်ာ္ေျဖမႈမ်ား ျပဳလုပ္ေနရသည္။ သို႔ေသာ္လည္း ၿပီးခဲ့သည့္အပတ္အတြင္းက စတူဒီယိုအတြင္းတြင္ ကျပရန္ သူတို႔ကို ျပည္တြင္း သတင္းဌာန တခုက ဖိတ္ေခၚလာသည့္ အခ်ိန္တြင္မူ လြတ္လြတ္လပ္လပ္ ေဖ်ာ္ေျဖခြင့္ရခဲ့သည္။ဂါနာႏိုင္ငံမွ အသုဘမ်ားတြင္ အကကို ထည့္သြင္းခဲ့သည္မွာ ၾကာျမင့္ခဲ့ၿပီ ျဖစ္သည္။ ပုံမွန္အားျဖင့္ ဆိုလွ်င္ အသက္အ႐ြယ္ ႀကီးရင့္သူမ်ား ကြယ္လြန္သြားခဲ့ပါက က်န္ရစ္သူေဆြမ်ိဳးမ်ားက ဓာတ္ပုံဆရာမ်ား၊ အရက္ဘားမ်ား၊ ဘူေဖး စားပြဲမ်ားႏွင့္ ေတးဂီတဝိုင္းမ်ားႏွင့္အတူ ရက္ေပါင္းမ်ားစြာၾကာသည့္ အသုဘ အခန္းအနားကို က်င္းပျခင္းက အထူးအဆန္း မဟုတ္ပါ။အႀကိဳက္ကေတာ့ အမ်ိဳးမ်ိဳး ကြဲျပားပါသည္။ လူတိုင္းက ႀကီးက်ယ္ခမ္းနားေသာ ပါတီပြဲတခုကို မလိုခ်င္ၾကပါ။ အကယ္၍ တစုံတေယာက္က အသက္ငယ္ငယ္ျဖင့္ ေသဆုံးသြားခဲ့လွ်င္ သာမန္ေလာက္သာ က်င္းပေလ့ရွိၾကသည္။ ၁၉၉၀ ႏွစ္မ်ားတြင္ အေခါင္းသယ္ ေပးသည့္ ပုဂၢလိက လုပ္ငန္းမ်ား ေခတ္စားမလာမီ အခ်ိန္အထိ ပုံမွန္အားျဖင့္ မိသားစုဝင္မ်ားကသာ သယ္ယူခဲ့ၾကသည္ဟု ဂါနာလူမ်ိဳး စာေရးဆရာမႏွင့္ သမိုင္းပညာရွင္ Wilhelmina Donkoh က ေျပာသည္။

“အခ်ိန္ၾကာလာတာနဲ႔အမွ် အေခါင္းသယ္ေပးတဲ့သူေတြက ရႈပ္ရႈပ္ေထြးေထြး ျပကြက္ေတြ လုပ္ၿပီးေတာ့ သူတို႔ကိုယ္သူတို႔ သူမ်ားနဲ႔ ကြဲျပားေအာင္ လုပ္ခ်င္လာခဲ့ၾကတယ္” ဟု သူကေျပာသည္။ ယခုအခ်ိန္တြင္ သူတို႔က တကမာၻလုံး၏ ဆႏၵကိုပင္ ျဖည့္ဆည္းေပးေနသည့္ အသြင္ရွိသည္။“အနာေရာဂါတခုရဲ႕ ပကတိတရားကို ေဆးဝါးကုသမႈ မပါဘဲ ဖုံးကြယ္ဖို႔ လူေတြအေနနဲ႔ ဟာသရဲ႕ စိတ္သက္သာမႈကို လိုခ်င္ၾကတယ္။ လိုအပ္ၾကတယ္” ဟု Wilhelmina Donkoh ကေျပာသည္။သူတို႔၏ ဝန္ေဆာင္မႈသည္ ခံစားခ်က္မ်ားကို ေလွ်ာ့ခ်ေပးရန္ ျဖစ္သည့္အတြက္ ႀကိဳက္သေလာက္ ရယ္ေမာႏိုင္သည္ဟု Benjamin Aidoo ကေျပာသည္။သူက ဆယ္ေက်ာ္သက္ အ႐ြယ္တြင္ သုဘရာဇာ လုပ္ငန္းတခု၌ အလုပ္ဝင္ခဲ့ရာမွ ထိုေလာကသို႔ ေရာက္လာျခင္း ျဖစ္သည္။ ၿပိဳင္ဘက္မ်ားကို ယွဥ္ၿပိဳင္ႏိုင္ရန္ အကအဖြဲ႕တခုကို ဖြဲ႕ခဲ့သည္။ ထိုစဥ္က လူ ၆ ေယာက္သာ ပါဝင္ေသာအဖြဲ႕က လူ ၁၀၀ ရွိသည့္ အင္အားစု တခုအျဖစ္သို႔ ဖြံ႕ၿဖိဳးလာခဲ့သည္။

သူတို႔က ဂါနာႏိုင္ငံတလႊားမွ အသုဘမ်ားတြင္ ေဖ်ာ္ေျဖၾကသည္။ ေဖာက္သည္မ်ား၏ ေတာင္းဆိုခ်က္မ်ားႏွင့္ ကိုက္ညီေအာင္ အေျပာင္းအလဲမ်ားလည္း ျပဳလုပ္ေပးသည္။Benjamin Aidoo ၏ ရည္မွန္းခ်က္က ခရီးသြားလာေရး လုံၿခဳံေကာင္းမြန္လာသည့္ အခ်ိန္တြင္ လုပ္ငန္းကို ကမာၻအဆင့္သို႔ ခ်ဲ႕ထြင္ရန္ ျဖစ္သည္။ အာဂ်င္တီးနားႏိုင္ငံတြင္ ေဖ်ာ္ေျဖရန္လည္း သူက ေမွ်ာ္လင့္ေနသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သူက နာမည္ေက်ာ္ေဘာလုံးသမား Lionel Messi ၏ အမာခံ ပရိသတ္တေယာက္ျဖစ္သည္။

သို႔ေသာ္လည္း ယခုလက္ရွိတြင္မူ Benjamin Aidoo သည္လည္း အျခားသူမ်ားကဲ့သို႔ပင္ အိမ္တြင္ ေျခခ်ဳပ္မိေနသည္။ meme မ်ားကို ၾကည့္ရင္း သူ၏ ထူးဆန္းေသာ က႑သစ္ကို ေလ့လာေနရသည္။႐ုပ္ျမင္သံၾကား တင္ဆင္သူတဦးက “လူေတြ အိမ္မွာ မေနရင္ ဘာျဖစ္မလဲ” ဟု မၾကာေသးမီက သူ႔ကို ေမးခဲ့သည္။“က်ေနာ္တို႔က သူတို႔နဲ႔ တူတူ ကရေတာ့မွာေပါ့” ဟု အေခါင္းသယ္သည့္ ကေခ်သည္က ေျဖလိုက္သည္။

(Washington Post ပါ The sudden rise of the coronavirus grim reaper: Ghana’s dancing pallbearers ကို ဘာသာျပန္ဆိုသည္။)
Credit burma.irrawaddy

Post a Comment

Previous Post Next Post