(Unicode)

တရုတ်ပြည်က သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ နွယ်ချို (Licorice) မှာတွေ့ရတဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ Covid-19 ကို ကုသရာမှာ အသုံးဝင်နိုင်ပါတယ်တဲ့။

(“နိုင်” လို့ထည့်ရေးထားတာကို သတိပြုပါ။)

နွယ်ချိုမှာပါတဲ့ Liquiritin ဓာတ်ပေါင်းဟာ မျောက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်အမြန်ပွားများခြင်းကို ကာကွယ်ပေးပါသတဲ့။

Peking University နဲ့ Academy of Military Science က bioRxiv website မှာတင်ထားတဲ့ သုသေသနစာတမ်းမှာ Liquiritin ကို Covid-19 အတွက် ကုသရာမှာသုံးဖို့ အကြံပြုထားပါတယ်။

နွယ်ချိုကို အစာအိမ်ရောဂါ၊ စိတ်ကျရောဂါ၊ အာရုံကြောရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ နဲ့ အရောင်ကျဖို့ နှလုံးရောဂါ ကုထုံးတွေမှာ သုံးလေ့ရှိပါတယ်။



(liquiritin functions as an antioxidant and has antidepressant, neuroprotective, anti-inflammatory and therapeutic effects on patients with heart disease.)

အဲ့ဒီသုသေသနပညာရှင်တွေဟာ ဓာတ်ခွဲခန်းထဲကမျောက်တွေမှာစမ်းတာဖြစ်ပြီး ကြွက်တွေမှာစမ်းတာမှာလည်း side effect နဲ့ အဆိပ်အတောက်ဖြစ်တာ မတွေ့ဘူးလို့ဆိုပါတယ်။ အခုပညာရှင်တွေက Covid-19 ကုသရာမှာသုံးဖို့တင်မက အသဲရောင်အသားဝါ B နဲ့ HIV လူနာတွေမှာပါသုံးဖို့ အကြံပြုထားပါတယ်။

တရုတ်ပြည်မှာ Covid-19 အကြီးအကျယ်ဖြစ်စဉ်မှာ လူနာတွေရဲ့ 90 ရာခိုင်နှုန်းကို တရုတ်တိုင်းရင်းဆေးတွေပါပေးပြီး ကုသခဲ့ပါတယ်။ ခက်နေတာက အဲ့လိုကုသလို့ ဘယ်လိုဆေးပေးရာမှာ ဘယ်လိုကောင်းသွား/ ဆိုးသွားသလဲဆိုတာကို စနစ်တကျစာရင်းပြုစုထားတာမရှိခြင်းပါပဲ။



ကျနော့်အမြင်အရပြောရင် နွယ်ချိုကို စမ်းသုံးကြည့်တာ အားပေးပါတယ်။

ဒါပေမယ့် တရုတ်ကသုသေသနဟာ (artifical intelligent system) ကိုသုံးပြီး ဓာတ်ခွဲခန်းထဲမှာစမ်းထားတာရယ်၊ နွယ်ချိုကို ဘယ်လိုသုံးပြီး ဘယ်လောက်ပမာဏသုံးသင့်ကြောင်းလည်း သေချာမပြောပြထားတာကို သတိပြုပါ။ နွယ်ချိုဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အန္တရာယ်မရှိတဲ့လူအတွက်ဆိုရင် နွယ်ချိုကို မြန်မာ့တိုင်းရင်းသုသေသနနဲ့ တိုင်ပင်ပြီး တွဲသုံးသင့်တယ်လို့ ထင်ပါတယ်။

တရုတ်သုသေသနက လမ်းစလေးတစ်ခုအနေနဲ့ပဲ အစဖော်ပေးထားရုံရှိပါတယ်ခင်ဗျား…

(Zawgyi)

တ႐ုတ္ျပည္က သိပၸံပညာရွင္ေတြရဲ႕ အဆိုအရ ႏြယ္ခ်ိဳ (Licorice) မွာေတြ႕ရတဲ့ ဓာတ္ေပါင္းတစ္မ်ိဳးဟာ Covid-19 ကို ကုသရာမွာ အသုံးဝင္ႏိုင္ပါတယ္တဲ့။

(“ႏိုင္” လို႔ထည့္ေရးထားတာကို သတိျပဳပါ။)

ႏြယ္ခ်ိဳမွာပါတဲ့ Liquiritin ဓာတ္ေပါင္းဟာ ေမ်ာက္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္အျမန္ပြားမ်ားျခင္းကို ကာကြယ္ေပးပါသတဲ့။

Peking University နဲ႔ Academy of Military Science က bioRxiv website မွာတင္ထားတဲ့ သုေသသနစာတမ္းမွာ Liquiritin ကို Covid-19 အတြက္ ကုသရာမွာသုံးဖို႔ အႀကံျပဳထားပါတယ္။

ႏြယ္ခ်ိဳကို အစာအိမ္ေရာဂါ၊ စိတ္က်ေရာဂါ၊ အာ႐ုံေၾကာေရာဂါ၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါ နဲ႔ အေရာင္က်ဖို႔ ႏွလုံးေရာဂါ ကုထုံးေတြမွာ သုံးေလ့ရွိပါတယ္။

(liquiritin functions as an antioxidant and has antidepressant, neuroprotective, anti-inflammatory and therapeutic effects on patients with heart disease.)

အဲ့ဒီသုေသသနပညာရွင္ေတြဟာ ဓာတ္ခြဲခန္းထဲကေမ်ာက္ေတြမွာစမ္းတာျဖစ္ၿပီး ႂကြက္ေတြမွာစမ္းတာမွာလည္း side effect နဲ႔ အဆိပ္အေတာက္ျဖစ္တာ မေတြ႕ဘူးလို႔ဆိုပါတယ္။ အခုပညာရွင္ေတြက Covid-19 ကုသရာမွာသုံးဖို႔တင္မက အသဲေရာင္အသားဝါ B နဲ႔ HIV လူနာေတြမွာပါသုံးဖို႔ အႀကံျပဳထားပါတယ္။

တ႐ုတ္ျပည္မွာ Covid-19 အႀကီးအက်ယ္ျဖစ္စဥ္မွာ လူနာေတြရဲ႕ 90 ရာခိုင္ႏႈန္းကို တ႐ုတ္တိုင္းရင္းေဆးေတြပါေပးၿပီး ကုသခဲ့ပါတယ္။ ခက္ေနတာက အဲ့လိုကုသလို႔ ဘယ္လိုေဆးေပးရာမွာ ဘယ္လိုေကာင္းသြား/ ဆိုးသြားသလဲဆိုတာကို စနစ္တက်စာရင္းျပဳစုထားတာမရွိျခင္းပါပဲ။

က်ေနာ့္အျမင္အရေျပာရင္ ႏြယ္ခ်ိဳကို စမ္းသုံးၾကည့္တာ အားေပးပါတယ္။

ဒါေပမယ့္ တ႐ုတ္ကသုေသသနဟာ (artifical intelligent system) ကိုသုံးၿပီး ဓာတ္ခြဲခန္းထဲမွာစမ္းထားတာရယ္၊ ႏြယ္ခ်ိဳကို ဘယ္လိုသုံးၿပီး ဘယ္ေလာက္ပမာဏသုံးသင့္ေၾကာင္းလည္း ေသခ်ာမေျပာျပထားတာကို သတိျပဳပါ။ ႏြယ္ခ်ိဳဟာ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ အႏၲရာယ္မရွိတဲ့လူအတြက္ဆိုရင္ ႏြယ္ခ်ိဳကို ျမန္မာ့တိုင္းရင္းသုေသသနနဲ႔ တိုင္ပင္ၿပီး တြဲသုံးသင့္တယ္လို႔ ထင္ပါတယ္။

တ႐ုတ္သုေသသနက လမ္းစေလးတစ္ခုအေနနဲ႔ပဲ အစေဖာ္ေပးထား႐ုံရွိပါတယ္ခင္ဗ်ား…

Richard Myo Thant

Post a Comment

Previous Post Next Post