(Unicode)

ရန်ကုန် မေ ၁၃

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ရွာသာကြီးရပ်ကွက်၊ စီးပွားရေးတက္ကသိုလ်(ရန်ကုန်)တွင် ပြည်ပမှ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာမည့်သူများကို Quarantine ၂၁ ရက် ထားရှိရန်အတွက် ပြင်ဆင်ထားရှိမှုများကို ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ နေလင်းနှင့် အဖွဲ့မှ မေ ၁၁ ရက် ညနေ ၄ နာရီခွဲအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အမှတ် (၂) တိုင်းဒေသကြီး       လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင်နှင့်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူဝင်း ၊ ကျန်းမာရေးမှူးဦးထွန်းလှိုင်တို့မှလိုက်ပါပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါနေရာသို့ မေ ၁၂ ရက်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူ ၇၅ ဦး၊ မေ ၁၃ ရက်တွင် စင်ကာပူနိုင်ငံမှ ၁၄၆ ဦး၊ မေ ၁၅ ရက်တွင် ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိမည့် သူများ၊ မေ ၁၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံမှ ၈၂ ဦး၊ မေ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ  ၁၅၀ ဦးတို့အနက် ဖျားနာသူများအားဆေးရုံတွင်လည်းကောင်း ၊ ငွေကြေးတတ်နိုင်သူများကို Hotel Quarantine တွင် လည်းကောင်း၊ အချို့ကို(ဓမ္မရံသီ)ရဝေနွယ်ဘုန်းကြီး ကျောင်းတို့တွင်လည်းကောင်း၊ လူဦးရေ ၃၉၅ ယောက်ကို စီးပွားရေး တက္ကသိုလ်တွင်လည်းကောင်းထားအသီးသီး ထားရှိသွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကို ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ယူမည်ဖြစ်ကာ အုပ်ချုပ်/ထောက်ပံ့ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ လုံခြုံရေးကိစ္စနှင့်ပတ်သက်သည် များကို မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူ များက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


(Zawgyi)

ရန္ကုန္ ေမ ၁၃

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ ၊႐ြာသာႀကီးရပ္ကြက္၊ စီးပြားေရးတကၠသိုလ္(ရန္ကုန္)တြင္ ျပည္ပမွ ေလေၾကာင္းခရီးျဖင့္ ျပန္လည္ေရာက္ရွိလာမည့္သူမ်ားကို Quarantine ၂၁ ရက္ ထားရွိရန္အတြက္ ျပင္ဆင္ထားရွိမႈမ်ားကို ရန္ကုန္တိုင္းက်န္းမာေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာ ေနလင္းႏွင့္ အဖြဲ႕မွ ေမ ၁၁ ရက္ ညေန ၄ နာရီခြဲအခ်ိန္က လာေရာက္ၾကည့္ရႈစစ္ေဆးခဲ့ရာ အမွတ္ (၂) တိုင္းေဒသႀကီး       လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းႏိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးရဲေအာင္ႏွင့္ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာျမတ္သူဝင္း ၊ က်န္းမာေရးမႉးဦးထြန္းလႈိင္တို႔မွလိုက္ပါပူးေပါင္းေဆာင္႐ြက္ေပးခဲ့ၾကသည္။

အဆိုပါေနရာသို႔ ေမ ၁၂ ရက္တြင္ ထိုင္းႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာမည့္သူ ၇၅ ဦး၊ ေမ ၁၃ ရက္တြင္ စင္ကာပူႏိုင္ငံမွ ၁၄၆ ဦး၊ ေမ ၁၅ ရက္တြင္ ကိုရီးယားႏိုင္ငံမွ ျပန္လည္ေရာက္ရွိမည့္ သူမ်ား၊ ေမ ၁၆ ရက္တြင္ ဖိလစ္ပိုင္ႏိုင္ငံမွ ၈၂ ဦး၊ ေမ ၁၉ ရက္တြင္ အိႏၵိယႏိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူ  ၁၅၀ ဦးတို႔အနက္ ဖ်ားနာသူမ်ားအားေဆး႐ုံတြင္လည္းေကာင္း ၊ ေငြေၾကးတတ္ႏိုင္သူမ်ားကို Hotel Quarantine တြင္ လည္းေကာင္း၊ အခ်ိဳ႕ကို(ဓမၼရံသီ)ရေဝႏြယ္ဘုန္းႀကီး ေက်ာင္းတို႔တြင္လည္းေကာင္း၊ လူဦးေရ ၃၉၅ ေယာက္ကို စီးပြားေရး တကၠသိုလ္တြင္လည္းေကာင္းထားအသီးသီး ထားရွိသြားမည္ျဖစ္ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈကို ရန္ကုန္တိုင္းက်န္းမာေရးဦးစီးဌာနမွ တာဝန္ယူမည္ျဖစ္ကာ အုပ္ခ်ဳပ္/ေထာက္ပံ့ကိစၥရပ္မ်ားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တာဝန္ယူေဆာင္႐ြက္ ေပးသြားမည္ျဖစ္သည္။ လုံၿခဳံေရးကိစၥႏွင့္ပတ္သက္သည္ မ်ားကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ႀကီးၾကပ္မႈျဖင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး တာဝန္ရွိသူ မ်ားက ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

Credit Original

Post a Comment

Previous Post Next Post