(Unicode)

မနေ့ကနေ စပြီး ပညာရေးအကြောင့် တို့စိ တို့စိ ပြောခဲ့တာ ဒီကိစ္စကို ပြောချင်လို့ လမ်းခင်းနေတာပါ။ (ဒါပေမယ့် ပို့စ်တခုချင်းစီ ဖတ်လည်း အဓိပ္ပါယ် ရှိအောင် ရေးထားပါတယ်) အမေစုက ကျောင်းတွေ ပြန်ဖွင့်မယ် ဆိုတော့ မိဘများဘက်က စိတ်ပူကြတာတွေ ရှိတယ်။ တနှစ်နားဖို့ ဆုံးဖြတ်တာတွေ ရှိတယ်။ ဒါတွေအတွက် ဖြေရှင်းဖို့ က Homeschooling များ ဖြစ်လေမလား တွေးမိတယ်။



Homeschooling ဆိုတာက အိမ်မှာပဲ စာသင်တာပါ။ ဒါပေမယ့် အိမ်မှာ သင်တယ်ဆိုရာမှာ အွန်လိုင်းက သင်တာ ပါသလို မိဘကနေ သင်တာ၊ ဆရာတယောက် နှစ်ယောက်လောက် ခေါ်သင်တာတွေ ပါနိုင်ပါတယ်။ ခက်တာက မတက်မနေရ ပညာရေး မှာ အံဝင်ပါ့မလား တွေးရမှာ ဖြစ်သလို assessment ခေါ်တဲ့ တတ်မြောက်မှုကို ဘယ်လို စစ်မလဲ။ တကယ်လို့များ လအလိုက် ဆန်းစစ်ခြင်းတွေနဲ့ နှစ်လည်ဆန်းစစ်ခြင်း၊ နှစ်အဆုံး ဆန်းစစ်ခြင်းတွေကို ကလေးတွေကို လာဖြေခွင့် ပြုလိုက်ရင် ကလေးတွေလည်း မနစ်နာတော့ဘူးပေါ့။ သူ့ဘာသာ အိမ်မှာ ဆရာတယောက် ခေါ်သင်သင်၊ မိဘပဲ သင်သင်၊ အွန်လိုင်းကပဲ သင်သင် ဆိုတာမျိုး လုပ်လို့ရတယ်။

ခက်တာက သင်ကြားရေးမှာ လက်တွေ့ နဲ့ စာတွေ့ ခွဲရတဲ့ တက္ကသိုလ်မှာတော့ ခက်မယ်။ ဒီတော့ အလယ်တန်း၊ အထက်တန်း တွေကို စဉ်းစားသင့်တယ်။ သိပ်တော့ မခက်ပါဘူး။ ဆယ်တန်းတွေ စာမေးပွဲနီး ကျောင်းမတက်ပဲ အိမ်မှာပဲ နေ၊ ဆရာနဲ့ ညှိပြီး ရိုးကောယူနေကြတာ ကြာပြီပဲဟာ။ အခု တရားဝင် ပြောင်းလိုက်ရုံပဲဟာ။ ပြောရရင် ဒီ curricula အတိုင်း အိမ်မှာ သင်မယ်။ တတ်မတတ် ကျောင်းမှာ စစ်ပေးဆိုတာမျိုးပါပဲ။



ဒီတော့ အိမ်မှာထားတဲ့ မိဘလည်း စိတ်မဆင်းရဲရဘူးဆိုတာ ဖြစ်နိုင်တာပေါ့။ ခက်တာက ပေါ်လစီအရ သဘောတူမလား။ မတူဘူးလား။ မတူဘူးဆိုရင်တော့ အိမ်မှာပဲ ကလေးကို တနှစ်နားမယ့် မိဘအတွက် အခြားသော ပညာရေး ကို စဉ်းစားသင့်တာပေါ့။ တနှစ်စာ အင်္ဂလိပ်စာပဲ ခေါ်သင်မလား။ ပန်းချီပဲ သင်မလား။ ဒါကတော့ အင်ဖေါ်မယ် လန်းနင်း ဖြစ်သွားလိမ့်မယ်။ တွေးကြည့်တာပါ။

သက္ကမိုးညို

(Zawgyi)

မေန႔ကေန စၿပီး ပညာေရးအေၾကာင့္ တို႔စိ တို႔စိ ေျပာခဲ့တာ ဒီကိစၥကို ေျပာခ်င္လို႔ လမ္းခင္းေနတာပါ။ (ဒါေပမယ့္ ပို႔စ္တခုခ်င္းစီ ဖတ္လည္း အဓိပၸါယ္ ရွိေအာင္ ေရးထားပါတယ္) အေမစုက ေက်ာင္းေတြ ျပန္ဖြင့္မယ္ ဆိုေတာ့ မိဘမ်ားဘက္က စိတ္ပူၾကတာေတြ ရွိတယ္။ တႏွစ္နားဖို႔ ဆုံးျဖတ္တာေတြ ရွိတယ္။ ဒါေတြအတြက္ ေျဖရွင္းဖို႔ က Homeschooling မ်ား ျဖစ္ေလမလား ေတြးမိတယ္။



Homeschooling ဆိုတာက အိမ္မွာပဲ စာသင္တာပါ။ ဒါေပမယ့္ အိမ္မွာ သင္တယ္ဆိုရာမွာ အြန္လိုင္းက သင္တာ ပါသလို မိဘကေန သင္တာ၊ ဆရာတေယာက္ ႏွစ္ေယာက္ေလာက္ ေခၚသင္တာေတြ ပါႏိုင္ပါတယ္။ ခက္တာက မတက္မေနရ ပညာေရး မွာ အံဝင္ပါ့မလား ေတြးရမွာ ျဖစ္သလို assessment ေခၚတဲ့ တတ္ေျမာက္မႈကို ဘယ္လို စစ္မလဲ။ တကယ္လို႔မ်ား လအလိုက္ ဆန္းစစ္ျခင္းေတြနဲ႔ ႏွစ္လည္ဆန္းစစ္ျခင္း၊ ႏွစ္အဆုံး ဆန္းစစ္ျခင္းေတြကို ကေလးေတြကို လာေျဖခြင့္ ျပဳလိုက္ရင္ ကေလးေတြလည္း မနစ္နာေတာ့ဘူးေပါ့။ သူ႔ဘာသာ အိမ္မွာ ဆရာတေယာက္ ေခၚသင္သင္၊ မိဘပဲ သင္သင္၊ အြန္လိုင္းကပဲ သင္သင္ ဆိုတာမ်ိဳး လုပ္လို႔ရတယ္။

ခက္တာက သင္ၾကားေရးမွာ လက္ေတြ႕ နဲ႔ စာေတြ႕ ခြဲရတဲ့ တကၠသိုလ္မွာေတာ့ ခက္မယ္။ ဒီေတာ့ အလယ္တန္း၊ အထက္တန္း ေတြကို စဥ္းစားသင့္တယ္။ သိပ္ေတာ့ မခက္ပါဘူး။ ဆယ္တန္းေတြ စာေမးပြဲနီး ေက်ာင္းမတက္ပဲ အိမ္မွာပဲ ေန၊ ဆရာနဲ႔ ညႇိၿပီး ႐ိုးေကာယူေနၾကတာ ၾကာၿပီပဲဟာ။ အခု တရားဝင္ ေျပာင္းလိုက္႐ုံပဲဟာ။ ေျပာရရင္ ဒီ curricula အတိုင္း အိမ္မွာ သင္မယ္။ တတ္မတတ္ ေက်ာင္းမွာ စစ္ေပးဆိုတာမ်ိဳးပါပဲ။



ဒီေတာ့ အိမ္မွာထားတဲ့ မိဘလည္း စိတ္မဆင္းရဲရဘူးဆိုတာ ျဖစ္ႏိုင္တာေပါ့။ ခက္တာက ေပၚလစီအရ သေဘာတူမလား။ မတူဘူးလား။ မတူဘူးဆိုရင္ေတာ့ အိမ္မွာပဲ ကေလးကို တႏွစ္နားမယ့္ မိဘအတြက္ အျခားေသာ ပညာေရး ကို စဥ္းစားသင့္တာေပါ့။ တႏွစ္စာ အဂၤလိပ္စာပဲ ေခၚသင္မလား။ ပန္းခ်ီပဲ သင္မလား။ ဒါကေတာ့ အင္ေဖၚမယ္ လန္းနင္း ျဖစ္သြားလိမ့္မယ္။ ေတြးၾကည့္တာပါ။

သကၠမုိးညဳိ

Post a Comment

Previous Post Next Post