(Unicode)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။

ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး၊ ပိုမိုအားကောင်း လာကာ နောက်(၁၂)နာရီအတွင်း ဘင်္ဂလား ပင်လယ် အော်  တောင်ပိုင်း တွင် မုန်တိုင်းငယ် (Depression)အဆင့်သို့ လည်းကောင်း၊ (၁၆.၅.၂၀၂၀) ရက်နေ့တွင်  ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဆင့်သို့ လည်းကောင်း ရောက်ရှိနိုင် ပါသည်။



အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပြီးနောက်၊ ကနဦးတွင် အနောက်မြောက်ဘက်သို့ ရွေ့ လျား ပြီး၊ (၁၇.၅.၂၀၂၀) ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း သို့ ရွေ့လျား နိုင်သည်ဟု ခန့်မှန်းရပါသည်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလား ပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေ ပါသည်။

ယနေ့ညနေအထိခန့်မှန်းချက်။

နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင်
နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။

လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ
ကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက် အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

Source –  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(Zawgyi)

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္ တည္ရွိေနၿပီး၊ ပိုမိုအားေကာင္း လာကာ ေနာက္(၁၂)နာရီအတြင္း ဘဂၤလား ပင္လယ္ ေအာ္  ေတာင္ပိုင္း တြင္ မုန္တိုင္းငယ္ (Depression)အဆင့္သို႔ လည္းေကာင္း၊ (၁၆.၅.၂၀၂၀) ရက္ေန႔တြင္  ဆိုင္ကလုန္းမုန္တိုင္း (Cyclonic Storm)အဆင့္သို႔ လည္းေကာင္း ေရာက္ရွိႏိုင္ ပါသည္။


အဆိုပါ ေလဖိအားနည္းရပ္ဝန္းသည္ မုန္တိုင္းငယ္အဆင့္သို႔ ေရာက္ရွိၿပီးေနာက္၊ ကနဦးတြင္ အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕ လ်ား ၿပီး၊ (၁၇.၅.၂၀၂၀) ရက္ေန႔ ေနာက္ပိုင္းတြင္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ေကြ႕ကာ၊ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္း သို႔ ေ႐ြ႕လ်ား ႏိုင္သည္ဟု ခန႔္မွန္းရပါသည္။

ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းတြင္ တိမ္အနည္းငယ္ ျဖစ္ထြန္း ေနၿပီး၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ ဘဂၤလား ပင္လယ္ေအာ္ တို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေန ပါသည္။

ယေန႔ညေနအထိခန႔္မွန္းခ်က္။

ေနျပည္ေတာ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ တိမ္အသင့္ အတင့္ ျဖစ္ထြန္းမည္။ စစ္ကိုင္းတိုင္း ေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ က်န္တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္
ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္း(၈၀) ျဖစ္ပါသည္။

ျမန္မာ့ပင္လယ္ျပင္။

လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၅)ေပမွ (၇)ေပခန႔္ ရွိႏိုင္ပါသည္။

ေနာက္(၂)ရက္အတြက္ခန႔္မွန္းခ်က္။

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသ
ႀကီး၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။

ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္ အတြက္ ယေန႔ညေနအထိ ခန႔္မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေနအထိ ခန႔္မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္အတြက္ ယေန႔ညေနအထိ ခန႔္မွန္းခ်က္။ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

Source –  မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန

Post a Comment

Previous Post Next Post