(Unicode)


မြန်မာပြည်မြောက်ဖျားမှသည် အညာက အမေ့အိမ်ဆီ…တစ်မျှော်တစ်ခေါ် ရှည်လျားလွန်းတဲ့ မြစ်ကြီးနား-မန္တလေး ရထား လမ်းကြီးရဲ့ ဇလီဖားတုံးတွေပေါ် ဇင်လင်း ခပ်သွက်သွက်နင်းရင်း ဖြတ်ကျော်နေတယ်။ခပ်နွမ်းနွမ်း ပုဆိုးနဲ့ အရောင်လွင့်နေတဲ့အင်္ကျီ လေးတစ်ထည်ဝတ်ထားတဲ့ ဇင် လင်းဟာ ကျောပေါ်မှာ ပီနန်အိတ် လေးတစ်လုံး လွယ်လို့ပါ။မိုးတွေတဖွဲဖွဲကျနေလို့ မိုးစိုထားတာ ကြောင့် ရထားလမ်းရဲ့ဇလီဖားတုံး တွေက နင်းလိုက်တိုင်း ချောနေ တယ်။ ဇင်လင်း လဲမကျသွား အောင် သတိထားနင်းနေတယ်။

သူ့ဦးတည်ရာက ဟိုးတောင်စူးစူး ဘက်၊ အတိအကျဆိုရမယ်ဆိုရင် မြစ်ကြီးနားမြို့ကနေ မိုင်ပေါင်းငါး ရာကျော်ကွာဝေးတဲ့ ဇင်လင်းရဲ့ ဇာတိ ဆီမီးခုံဆိုတဲ့ မြို့ကလေးဆီ ကိုပါ။ ဟုတ်တယ်။ အဲဒီမှာ အမေ ရှိတယ်လေ။ဇင်လင်းက ဆီမီးခုံသားပါ။ ဆီမီးခုံဆိုတာ မန္တလေးတိုင်းဒေသ ကြီး မြင်းခြံမြို့နယ်ထဲပါပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးက ရွာကြီး တစ်ရွာဖြစ်ပြီး ခုတော့ မြို့အဖြစ် အဆင့်တိုးမြှင့်လိုက်တာ သိပ်မ ကြာသေးဘူး။ဇင်လင်းမွေးက တည်းက ဆီမီးခုံမှာပဲ နေခဲ့တယ်။ ဆယ်တန်းအထိ ကျောင်းနေခဲ့ဖူး တယ်။ ဇင်လင်းမှာ ညီအစ်ကို မောင်နှမ မရှိဘူး။ တစ်ဦးတည်း သောသားပါ။ ဒါကြောင့် ဇင်လင်း ကအမေ့ကိုခင်တွယ်တယ်။ အ မေကလည်း ဇင်လင်းကို အားကိုး တယ်။ ချစ်တယ်။




ဇင်လင်း ဆီမီးခုံမှာနေတုန်း ကတော့ ကျုံရာကျပန်းလုပ်စားရ တာပေါ့။ သို့သော် သူတို့နယ်မှာ အလုပ်အကိုင်က ရှားပါးလွန်းတာ ကြောင့် ဇင်လင်း အသက် (၂၉) ထဲရောက်တော့ မြစ်ကြီးနားဘက် တက်ပြီး အလုပ်လုပ်ဖြစ်တယ်။ အုတ်ဖိုလုပ်ငန်းပါ။အုတ်လုပ်ငန်း ဆိုတာ သိတဲ့အတိုင်း အတော်ပင် ပန်းတဲ့အလုပ်။ ဒါပေမဲ့ သူတို့က နယ်က အုတ်လုပ်ငန်းတွေထက် စာရင် မြစ်ကြီးနားဘက်က အုတ် လုပ်ငန်းတွေက ဝင်ငွေပိုရတယ်။ ဇင်လင်းတို့ရဲ့ ကျွမ်းကျင်မှု၊ မခိုမကပ်မှုတွေကြောင့်လည်း ပါမှာ ပေါ့။

ဇင်လင်း မြစ်ကြီးနားရောက် ပြီး ငါးလလောက်နေတော့ ဒီကိုရို နာဗိုင်းရပ်စ် COVID-19 ရောဂါ တွေ ဖြစ်တဲ့အသံတွေ ကြားလာရ ပြီ။ မြန်မာနိုင်ငံမှာလည်း ပိုးတွေ့ လူနာတွေ စတွေ့လာတော့ ဇင်လင်း စိတ်တွေပူလာပြီ။ ဆီမီးခုံမှာကျန်နေခဲ့တဲ့ အမေ့အတွက် ပူတာ ပါ။အမေက အသက်လည်းကြီး ပြီ။ ကျန်းမာရေးလည်းမကောင်း ဘူး။ နဂိုရောဂါအခံရှိတဲ့သူတွေဆို ပိုပြီးစိုးရိမ်ရတယ်လို့ ဆိုတာ ကြောင့် ဇင်လင်း အမေ့ဆီပြန်ပြေး ချင်လှပြီ။ ဒါပေမဲ့ အလုပ်တွေက မပြတ်သေးတာကြောင့် ပြန်ဖို့က အဆင်မပြေသေးဘူး။

အဲဒီလိုနဲ့နေလာရင်း မြန်မာ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရတဲ့ လူအရေအတွက်တွေ တ ဖြည်းဖြည်းတိုးလာခဲ့တယ်။ လူနာ အရေအတွက် တိုးလာလေလေ၊ ဇင်လင်း အမေ့အတွက် စိုးရိမ်လာလေလေပဲ။သူတို့အုတ်ဖိုက ရထားလမ်းနဲ့ လှမ်းမြင်နေတာ ကြောင့် မန္တလေးဘက်သွားတဲ့ ရထားကြီး တဝုန်းဝုန်းဖြတ်သွား တိုင်း၊ ရထားဥသြဆွဲသံကြီးကြား တိုင်း သူ အမေ့အိမ် ပြန်ပြေးချင် နေပြီ။အလုပ်ကလည်း မပြတ် သေးတာကြောင့် ပြန်ဖို့လွယ်မှာ မဟုတ်ဘူး။



အလုပ်ရှင်က ဇင် လင်းတို့ အလုပ်သမားတွေကို တူတူတန်တန်ပေး ဂရုစိုက်တယ်။ ဒီရောဂါပိုးက သွားရင်းလာရင်း လည်း ရောဂါကူးနိုင်တာကြောင့် ဇင်လင်းအတွက် စိုးရိမ်လို့ ဒီမှာပဲ နေခိုင်းမှာ သေချာတယ်။ ဒါပေမဲ့ ဇင်လင်း အမေ့ဆီပြန်ချင်ပြီ။အမေ့အတွက် စိုးရိမ်လှပြီ။ သူ သေ မယ်ဆိုရင်တောင် အမေ့အနားပဲ သေချင်တယ်။ နောက်ဆုံး ဇင် လင်း ဆုံးဖြတ်ချက်ချလိုက်တယ်။ အမေ့အိမ်ပြန်မယ်။အမေ့အိမ် ပြန်မယ်လို့သာ ပြောတာ လိုင်းကားတွေက မရှိ တော့ဘူး။ ရထားကလည်းပြေးဆွဲ တဲ့ခရီးစဉ်တွေ လျှော့ထားတယ် ကြားတယ်။ ကားတွေ၊ ရထားတွေ ရှိပါစေဦး။ သူ့လက်ထဲမှာ ငွေ လေး သုံးရာ့ငါးဆယ်ပဲရှိတယ်။

ဒီ ငွေနဲ့ သူ ဘယ်လိုလုပ် အိမ်ပြန်လို့ ရမလဲ။ အိမ်ကလည်း ပြန်ချင်နေပြီ။ နောက်ဆုံးတော့ ရထားလမ်းတစ်လျှောက် ခြေကျင်လျှောက် ပြန်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တော့ တယ်။သူ ဆုံးဖြတ်လိုက်တဲ့နေ့က အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မေလ ၁ ရက် မေဒေးနေ့။ဆုံးဖြတ်ပြီးတာနဲ့ နေ့ခင်းမှာ အဝတ်အစားတွေကို ပီနန်အိတ်ထဲ သိမ်းကျုံးထည့်ပြီး အလုပ်ကနေ ခိုး ထွက်၊ ရထားလမ်းပေါ် အပြေး တက်ခဲ့တယ်။ မြစ်ကြီးနားကနေ မန္တလေးအထိ မိုင်ပေါင်းရာချီဝေး တယ်ဆိုတာ ဇင်လင်း သိတယ်။

ခြေကျင်လျှောက်ရင် တစ်လ လောက်တော့ ကြာမလား ထင် မိတယ်။ ကြာလည်းကြာပါစေ။ အချိန်တန် အမေ့အိမ်ရောက်မှာ ပဲဆိုတဲ့ အတွေးနဲ့ ခရီးရှည်ကြီးကို စထွက်ခဲ့ပါတော့တယ်။စထွက်တဲ့နေ့ခင်းမှာတင် မိုး တွေက တဖွဲဖွဲရွာနေတယ်။မိုင်ပေါင်းရာချီ ရှည်လျားလွန်းတဲ့ ရထားသံလမ်းကြီးပေါ်မှာ ဇင် လင်း တစ်ယောက်တည်း။ ခွေး တွေကလည်း ထိုးထိုးဟောင် တယ်။ ဇင်လင်း ကိုယ့်လမ်းကိုပဲ လျှောက်တယ်။ လျှောက်တာမှ မပြေးရုံတမည် ခပ်သွက်သွက်ကို လျှောက်တာ။



လမ်းမှာ ချောင်း တွေတွေ့ရင် ရေဆင်းသောက် တယ်။ ညမှောင်ရီပျိုးလို့ အလင်း ရောင်ကွယ်ပျောက်၊ ဆက် လျှောက်လို့မရတော့ဘူးဆိုမှ နား တယ်။ ရထားလမ်းဘေးက လယ် စောင့်တဲလေးထဲမှာ ညအိပ် တယ်။ အဲဒီနေ့ညက ဇင်လင်း ထမင်းငတ်တယ်။လက်ထဲလည်း ငွေလေးမှ သုံးရာ့ငါးဆယ်ထဲ ပါ တာဆိုတော့ ဝယ်မစားနိုင်ဘူး။ ဗိုက်ကတော့ ဆာတာပေါ့။ ဆာ နေပေမယ့် ပင်ပန်းလာလို့ တစ်ချိုးတည်း အိပ်ပျော်သွားတော့တယ်။နောက်တစ်ရက်မနက်လင်း တော့ သူ ခရီးဆက်တယ်။

ညက လည်း ဘာအစာမှ မစားထားရ၊ မနက်လင်းတော့လည်း မနက်စာ မစားရတော့ လူက အားတော့ နည်းနေတယ်။ ဒါပေမဲ့ သူအား တင်းဆက်လျှောက်တယ်။ လမ်း မှာ သရက်ပင်ကြီးတစ်ပင်တွေ့ တော့ သူဗိုက်ဆာတာနဲ့ သရက် သီးတက်ခူးပြီး စားခဲ့ရသေးတယ်။နေ့ခင်းမှာ ဘူတာကြီးတစ်ခုကို သူ ရောက်လာတယ်။ သူ ဘူတာရုံထဲဝင်ပြီး ရထားစီးခွင့်ရဖို့ သူကြိုးစားကြည့်သေးတယ်။ ခေတ်ကာလက လူအချင်းချင်း ခပ်ဝေးဝေးနေနေရတဲ့ အချိန်မို့ အဆင်မပြေပါဘူး။

ဘူတာနားက ဆိုင်လေးတစ် ဆိုင်မှာ သူပါလာတဲ့ဆေးလိပ် လေး မီးသွားညှိတယ်။ အဲဒီမှာ ထိုင်နေတဲ့ ဆိုင်ရှင်တွေက သူ့ပုံစံ ကြည့်ပြီး ဒုက္ခရောက်လာတယ်လို့ သိသွားပုံပဲ။ ထမင်းစားမလားလို့ မေးတယ်။ ဇင်လင်းလည်း မရှက် တော့ဘူး။ ဆာနေပြီကိုး။သူတို့က အထုပ်လေးနဲ့ ထုပ်ပေးလိုက် တယ်။ စားလို့ကောင်းလိုက်တာ။ ထမင်းကျွေးခဲ့တဲ့သူတွေကို ဇင် လင်း သိပ်ကျေးဇူးတင်မိတယ်။ ထမင်းစားပြီး သူ ခရီးဆက်ထွက် လာခဲ့တယ်။ ဇလီဖားတုံးတွေ ခုန် ကျော်နင်းရင်းပေါ့။

ရထားလာရင် တော့ သူလမ်းဘေးဆင်းတယ်။ တဝုန်းဝုန်းဖြတ်သွားတဲ့ ရထား ကြီးတွေကြည့်ရင်း ငါ့ကိုတင်ခေါ် သွားရင်ကောင်းမှာလို့ တွေးမိ တယ်။ ရထားတော့ သူ ခိုးမစီးရဲ ဘူး။ တစ်နေရာကနေတစ်နေရာ ကူးဖို့တောင် မလွယ်တဲ့အချိန် ရထားခိုးစီးလို့ အမှုပတ်ရင် သူ အမေ့အိမ် ပြန်ရောက်တော့မှာ မ ဟုတ်ဘူး။ သူအမေ့ဆီရောက်ချင် ပြီလေ။မနက်လင်းတော့ သူ ခရီးထပ်ဆက်ခဲ့တယ်။ ချောင်းကလေးတွေတွေ့ရင် ရေသာ ဆင်းသောက်တယ်။ ရေမချိုးဘူး။ ရေ ချိုးမယ်ဆိုရင် သူချွေးတိတ်အောင် စောင့်ရဦးမယ်။ ရေချိုးတာနဲ့ ဘာ နဲ့ဆိုရင် နာရီဝက်တစ်နာရီ အချိန် ပိုကုန်သွားမယ်။



ဒါဆို သူအိမ်ပြန် ရောက်ဖို့ ပိုကြာသွားမှာ။ ဒါ ကြောင့် သူရေမချိုးတော့ဘဲ ဆက် လျှောက်ခဲ့တယ်။ ညနေရောက် တော့ သူရထားလမ်းဘေးဆင်းပြီး အိပ်ဖို့ပြင်တယ်။ အဲဒီအချိန် လူ တချို့ရောက်လာတယ်။ ဘာများ ဖြစ်တာလဲဆိုပြီး ဇင်လင်း ရင်ထဲ ထိတ်ခနဲဖြစ်သွားတယ်။ဇင်လင်းကိုမေးတော့ အ ကျိုးအကြောင်း ရှင်းပြလိုက် တယ်။ သူတို့က ဇင်လင်းကို သူတို့ တဲကလေးဆီ ခေါ်သွားတယ်။ ဒုက္ခရောက်လာတယ်လည်း ဆို ရော ထမင်းတွေ ချကျွေးတယ်။ ညအိပ်ဖို့နေရာပေးပြီး ခြင်ထောင် တွေပါ ထောင်ပေးတယ်။ ဇင် လင်း ကျေးဇူးတင်လိုက်တာ။

သူ အဲဒီနေ့ညက ကောင်းကောင်းမွန် မွန် အိပ်စက်ခွင့်ရတယ်။ နောက် တစ်နေ့မနက်လင်းတော့ အဲဒီအိမ် လေးရဲ့အိမ်ရှင်တွေက မနက်စာ လည်းကျွေးတယ်။ ပြီးတော့ သူ့ကို ငွေတစ်ထောင့်တစ်ရာကျပ်ရယ်၊ ထမင်းတစ်ထုပ်ရယ် ထည့်ပေး လိုက်တယ်။ သူ ကျေးဇူးတင် ကြောင်းပြောရင်း ခရီးထပ်ဆက်ခဲ့ပါတယ်။တတိယညမှာလည်း သူ ရထားလမ်းဘေး တစ်နေရာမှာ ဆင်းအိပ်တယ်။ သိပ်မကြာဘူး မိုးတွေရွာလာလို့ ခပ်လှမ်းလှမ်းက တဲလေးထဲ ဝင်ပြေးအိပ်ရတယ်။ တဲလေးထဲရောက်ပြီး လှဲနေတုန်း မီးရောင်တွေ ထိန်လင်းနေတဲ့ ရထားကြီးတစ်စင်း တဝုန်းဝုန်း ခုတ်သွားတာ မြင်လိုက်ရတယ်။

လူသူမရှိတဲ့ တဲလေးထဲကနေ သူ လှမ်းငေးကြည့်နေမိတယ်။ မကြာခင် သူလည်း ရထားကြီးလို မန္တလေးကို ရောက်မှာပါလေလို့ပဲ ဖြေတွေးပြီး အိပ်လိုက်တယ်။မနက်လင်းတော့ ခရီးဆက် ခဲ့တယ်။ သူနည်းနည်းတော့ပင် ပန်းနေပြီ။ ဒါပေမဲ့ သူအားတင်းပါ တယ်။ ရွာလေးတစ်ရွာနားရောက် တော့ လူသုံးယောက်လောက်က လာမေးတယ်။ဇင်လင်းက အကျိုး အကြောင်း ရှင်းပြလိုက်တယ်။ သုံးယောက်ထဲက တစ်ယောက်က အုပ်ချုပ်ရေးမှူးတဲ့။ ခဏပြန် ထွက်သွားပြီး ပြန်ရောက်လာ တယ်။ လက်ထဲမှာ ငါးထောင်တန် တစ်ရွက်ကိုင်လာပြီး ဇင်လင်းကို ပေးတယ်။ သူတို့တင်မကဘူး။

အဒေါ်ကြီး နှစ်ယောက်လည်း ရောက်လာပြန်တယ်။ အဒေါ်ကြီး တစ်ယောက်က ငှက်ပျောသီးတစ် လုံးနဲ့ငွေတစ်ထောင်။ နောက်ထပ် အဒေါ်ကြီးက ငှက်ပျောသီးနှစ်လုံး ပေးကြတယ်။ ဇင်လင်း ပျော်သွား တယ်။လက်ထဲမှာငွေက ခုနစ် ထောင်လောက်ရှိပြီ။ ဒါဆို သူရထားစီးလို့ရပြီ။ သူ ဆက် လျှောက်ရင်း ဆားမှော်ဘူတာ ရောက်လာတယ်။ ရထားလက် မှတ် ဝယ်လိုက်တယ်။ လေးထောင်ဝန်းကျင်ပဲ။ နေ့ခင်းလောက်မှာ ရထားကြီး ဆားမှော်ဘူတာထဲ ဝင်လာခဲ့တယ်။ သူ ခပ်မြန်မြန်ပဲ တက်လိုက်တော့တယ်။ရထားပေါ်ရောက်မှ သူ သက်ပြင်းချတယ်။ ကူညီတဲ့သူ တွေသာမရှိရင် သူ ရက်ပေါင်းများစွာလျှောက်ရမှာ။ လေးရက်မြောက်ညမှာတော့ ဇင်လင်းရထားပေါ်တင် အိပ်စက်ခွင့်ရခဲ့ပါ တယ်။



နောက်တစ်နေ့နေ့လယ်မှာ တော့ ဇင်လင်းလိုက်လာတဲ့ရထား ကြီးဟာ စစ်ကိုင်းတံတားကြီးကို တဖြည်းဖြည်းဖြတ်နေပါပြီ။ ဇင် လင်း အိမ်ပြန်ရောက်တော့မယ်။ သူ မန္တလေးဘူတာကြီးထိ မလိုက် တော့ဘဲ ရွှေကြက်ယက်ဘူတာ တင် ဆင်းလိုက်တယ်။ရွှေကြက်ယက်ကနေ ဟိုး တောင်ဘက်ဝေးဝေး မြင်းခြံနယ် က ဆီမီးခုံဆီ ပြန်ရဦးမယ်။ သူ့ လက်ထဲ ဖုန်းရှိပေမယ့် ဖုန်းကကျ ကွဲသွားလို့ ဘယ်လိုမှ အဆက်အ သွယ်မရဘူး။ ဖုန်းနံပါတ်တွေ လည်းမမှတ်မိဘူး။လိုင်းကားတွေ ကလည်းမရှိတာနဲ့ လက်ထဲလည်း ငွေက တစ်ထောင်လောက်သာ ကျန်တာမို့ ကဲမထူးဘူး…လမ်းပြန် လျှောက်မယ်ဆိုပြီး ခြေကျင်ပြန် လျှောက်ရပါလေရော။ မန္တလေး- ဆီမီးခုံက မိုင်ငါးဆယ်ကျော် အ သာလေးရှိပါတယ်။

တံတားဦး-မြို့သာလမ်းအ တိုင်း သူပြန်လာခဲ့တယ်။ အရင်ပုံ မှန်ကာလမျိုးဆိုရင်တော့ သိသိ၊ မသိသိ လမ်းပေါ်ဖြတ်သွားတဲ့ဆိုင် ကယ်တားစီးပြီး လမ်းကြုံလိုက် သွားလို့ရတယ်။ ဒါပေမဲ့ ခုလိုအခါ မှာတော့ အကူအညီတောင်းလို့ မ ရခဲ့ပါဘူး။နေ့ခင်းကလျှောက်လာ တာ ညကျမြို့သာနယ်ထဲရောက် လာပါတယ်။ ဘယ်လိုမှ ဆက် လျှောက်လို့မရတော့တာနဲ့ သံဘို ရွာက ဇရပ်မှာ ညအိပ်လိုက်ရ တော့တယ်။နောက်တစ်နေ့ကတော့ မေ လ ၆ ရက် ကဆုန်လပြည့်နေ့ပါ။ ဆီမီးခုံနယ်နားနီးလာပြီမို့ မနက် လင်းတာနဲ့ ဆက်လျှောက်ခဲ့ တယ်။အညာနေဟာ မနက်ခင်း မှာကို ပူလောင်နေပြီ။ သို့ပေမယ့် သူ သွားဆဲသွားမြဲ။နေ့ခင်းမှာတော့ ဆီမီးခုံကို သူရောက်လာခဲ့ပါပြီ။ မြို့ထိပ်မှာ စစ်ဆေးရေးဂိတ်။ သူပြန်ရောက် လာပြီကြားတော့ အသိတွေထွက် လာကြတယ်။

သူ့ပုံစံကမျက်တွင်း တွေလည်းကျ၊ လူတစ်ကိုယ်လုံး လည်း စုတ်ပြတ်နေခဲ့တယ်။ သူ ခြေကျင်လျှောက် ပြန်လာတာ လည်းသိရော စိတ်မကောင်းဖြစ်လိုက်ကြတာ။ သူ အထက ကျောင်းဘက် အရင်သွားတယ်။ကျောင်းထဲမှာ အဝေးကပြန်လာ တဲ့သူတွေကို ကွာရန်တင်းထား တယ်ဆိုတာ သူသိတယ်။ ဟို ရောက်တော့ သူ့ကို ထမင်းတွေ ကျွေးကြတယ်။သူ ပြန်ရောက်ပြီဆိုတာကို အမေ့ဆီသွားပြောခိုင်းလိုက်တယ်။အမေ့ဆီ သွားတွေ့ချင်ပေ မယ့် သူ့မှာသာ ရောဂါပိုးပါလာခဲ့ ရင် အမေ့ကိုကူးမှာစိုးတယ်။ ဒါ ကြောင့် သူ ကွာရန်တင်း တန်းဝင် လိုက်တာ။ အမေကလည်း သူ ရောက်ကြောင်းကြားတော့ ဝမ်း သာတာပေါ့။



မရှိတဲ့ကြားကနေကို ငါ့သားလိုတာရှိ မှာလိုက်လို့ပြော လိုက်သေးတာ။ လူကိုယ်တိုင်ကျ လာမတွေ့နိုင်ဘူး။ ကျန်းမာရေးမကောင်းလို့လေ။ဇင်လင်း အမေ့ကိုတွေ့ချင် ပေမယ့် တစ်ရွာတည်းနေနေရပြီမို့ သူ ပျော်သွားပြီ။ ၂၁ ရက်စောင့် ပြီးရင် အမေနဲ့သူတွေ့လို့ရပါပြီ။ ကွာရန်တင်းကထွက်တာနဲ့ အမေ့ အနား သူနေပေးမှာပါ။ကပ်ဘေး ကာလတစ်လျှောက် အမေ့နားပဲ သူနေပါတော့မယ်။ ‘‘ဒီရောက်မှ လုံခြုံသွားသလိုခံစားရတယ်’’တဲ့။

Via Johnny Tun

(Zawgyi)

ျမန္မာျပည္ေျမာက္ဖ်ားမွသည္ အညာက အေမ့အိမ္ဆီ…တစ္ေမွ်ာ္တစ္ေခၚ ရွည္လ်ားလြန္းတဲ့ ျမစ္ႀကီးနား-မႏၲေလး ရထား လမ္းႀကီးရဲ႕ ဇလီဖားတုံးေတြေပၚ ဇင္လင္း ခပ္သြက္သြက္နင္းရင္း ျဖတ္ေက်ာ္ေနတယ္။ခပ္ႏြမ္းႏြမ္း ပုဆိုးနဲ႔ အေရာင္လြင့္ေနတဲ့အက်ႌ ေလးတစ္ထည္ဝတ္ထားတဲ့ ဇင္ လင္းဟာ ေက်ာေပၚမွာ ပီနန္အိတ္ ေလးတစ္လုံး လြယ္လို႔ပါ။မိုးေတြတဖြဲဖြဲက်ေနလို႔ မိုးစိုထားတာ ေၾကာင့္ ရထားလမ္းရဲ႕ဇလီဖားတုံး ေတြက နင္းလိုက္တိုင္း ေခ်ာေန တယ္။ ဇင္လင္း လဲမက်သြား ေအာင္ သတိထားနင္းေနတယ္။

သူ႔ဦးတည္ရာက ဟိုးေတာင္စူးစူး ဘက္၊ အတိအက်ဆိုရမယ္ဆိုရင္ ျမစ္ႀကီးနားၿမိဳ႕ကေန မိုင္ေပါင္းငါး ရာေက်ာ္ကြာေဝးတဲ့ ဇင္လင္းရဲ႕ ဇာတိ ဆီမီးခုံဆိုတဲ့ ၿမိဳ႕ကေလးဆီ ကိုပါ။ ဟုတ္တယ္။ အဲဒီမွာ အေမ ရွိတယ္ေလ။ဇင္လင္းက ဆီမီးခုံသားပါ။ ဆီမီးခုံဆိုတာ မႏၲေလးတိုင္းေဒသ ႀကီး ျမင္းၿခံၿမိဳ႕နယ္ထဲပါပါတယ္။ ဧရာဝတီျမစ္ကမ္းေဘးက ႐ြာႀကီး တစ္႐ြာျဖစ္ၿပီး ခုေတာ့ ၿမိဳ႕အျဖစ္ အဆင့္တိုးျမႇင့္လိုက္တာ သိပ္မ ၾကာေသးဘူး။ဇင္လင္းေမြးက တည္းက ဆီမီးခုံမွာပဲ ေနခဲ့တယ္။ ဆယ္တန္းအထိ ေက်ာင္းေနခဲ့ဖူး တယ္။ ဇင္လင္းမွာ ညီအစ္ကို ေမာင္ႏွမ မရွိဘူး။ တစ္ဦးတည္း ေသာသားပါ။ ဒါေၾကာင့္ ဇင္လင္း ကအေမ့ကိုခင္တြယ္တယ္။ အ ေမကလည္း ဇင္လင္းကို အားကိုး တယ္။ ခ်စ္တယ္။



ဇင္လင္း ဆီမီးခုံမွာေနတုန္း ကေတာ့ က်ဳံရာက်ပန္းလုပ္စားရ တာေပါ့။ သို႔ေသာ္ သူတို႔နယ္မွာ အလုပ္အကိုင္က ရွားပါးလြန္းတာ ေၾကာင့္ ဇင္လင္း အသက္ (၂၉) ထဲေရာက္ေတာ့ ျမစ္ႀကီးနားဘက္ တက္ၿပီး အလုပ္လုပ္ျဖစ္တယ္။ အုတ္ဖိုလုပ္ငန္းပါ။အုတ္လုပ္ငန္း ဆိုတာ သိတဲ့အတိုင္း အေတာ္ပင္ ပန္းတဲ့အလုပ္။ ဒါေပမဲ့ သူတို႔က နယ္က အုတ္လုပ္ငန္းေတြထက္ စာရင္ ျမစ္ႀကီးနားဘက္က အုတ္ လုပ္ငန္းေတြက ဝင္ေငြပိုရတယ္။ ဇင္လင္းတို႔ရဲ႕ ကြၽမ္းက်င္မႈ၊ မခိုမကပ္မႈေတြေၾကာင့္လည္း ပါမွာ ေပါ့။

ဇင္လင္း ျမစ္ႀကီးနားေရာက္ ၿပီး ငါးလေလာက္ေနေတာ့ ဒီကို႐ို နာဗိုင္းရပ္စ္ COVID-19 ေရာဂါ ေတြ ျဖစ္တဲ့အသံေတြ ၾကားလာရ ၿပီ။ ျမန္မာႏိုင္ငံမွာလည္း ပိုးေတြ႕ လူနာေတြ စေတြ႕လာေတာ့ ဇင္လင္း စိတ္ေတြပူလာၿပီ။ ဆီမီးခုံမွာက်န္ေနခဲ့တဲ့ အေမ့အတြက္ ပူတာ ပါ။အေမက အသက္လည္းႀကီး ၿပီ။ က်န္းမာေရးလည္းမေကာင္း ဘူး။ နဂိုေရာဂါအခံရွိတဲ့သူေတြဆို ပိုၿပီးစိုးရိမ္ရတယ္လို႔ ဆိုတာ ေၾကာင့္ ဇင္လင္း အေမ့ဆီျပန္ေျပး ခ်င္လွၿပီ။ ဒါေပမဲ့ အလုပ္ေတြက မျပတ္ေသးတာေၾကာင့္ ျပန္ဖို႔က အဆင္မေျပေသးဘူး။

အဲဒီလိုနဲ႔ေနလာရင္း ျမန္မာ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ ခံရတဲ့ လူအေရအတြက္ေတြ တ ျဖည္းျဖည္းတိုးလာခဲ့တယ္။ လူနာ အေရအတြက္ တိုးလာေလေလ၊ ဇင္လင္း အေမ့အတြက္ စိုးရိမ္လာေလေလပဲ။သူတို႔အုတ္ဖိုက ရထားလမ္းနဲ႔ လွမ္းျမင္ေနတာ ေၾကာင့္ မႏၲေလးဘက္သြားတဲ့ ရထားႀကီး တဝုန္းဝုန္းျဖတ္သြား တိုင္း၊ ရထားဥၾသဆြဲသံႀကီးၾကား တိုင္း သူ အေမ့အိမ္ ျပန္ေျပးခ်င္ ေနၿပီ။အလုပ္ကလည္း မျပတ္ ေသးတာေၾကာင့္ ျပန္ဖို႔လြယ္မွာ မဟုတ္ဘူး။



အလုပ္ရွင္က ဇင္ လင္းတို႔ အလုပ္သမားေတြကို တူတူတန္တန္ေပး ဂ႐ုစိုက္တယ္။ ဒီေရာဂါပိုးက သြားရင္းလာရင္း လည္း ေရာဂါကူးႏိုင္တာေၾကာင့္ ဇင္လင္းအတြက္ စိုးရိမ္လို႔ ဒီမွာပဲ ေနခိုင္းမွာ ေသခ်ာတယ္။ ဒါေပမဲ့ ဇင္လင္း အေမ့ဆီျပန္ခ်င္ၿပီ။အေမ့အတြက္ စိုးရိမ္လွၿပီ။ သူ ေသ မယ္ဆိုရင္ေတာင္ အေမ့အနားပဲ ေသခ်င္တယ္။ ေနာက္ဆုံး ဇင္ လင္း ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။ အေမ့အိမ္ျပန္မယ္။အေမ့အိမ္ ျပန္မယ္လို႔သာ ေျပာတာ လိုင္းကားေတြက မရွိ ေတာ့ဘူး။ ရထားကလည္းေျပးဆြဲ တဲ့ခရီးစဥ္ေတြ ေလွ်ာ့ထားတယ္ ၾကားတယ္။ ကားေတြ၊ ရထားေတြ ရွိပါေစဦး။ သူ႔လက္ထဲမွာ ေငြ ေလး သုံးရာ့ငါးဆယ္ပဲရွိတယ္။

ဒီ ေငြနဲ႔ သူ ဘယ္လိုလုပ္ အိမ္ျပန္လို႔ ရမလဲ။ အိမ္ကလည္း ျပန္ခ်င္ေနၿပီ။ ေနာက္ဆုံးေတာ့ ရထားလမ္းတစ္ေလွ်ာက္ ေျခက်င္ေလွ်ာက္ ျပန္မယ္ဆိုၿပီး ဆုံးျဖတ္လိုက္ေတာ့ တယ္။သူ ဆုံးျဖတ္လိုက္တဲ့ေန႔က အျပည္ျပည္ဆိုင္ရာအလုပ္သမားေန႔ ေမလ ၁ ရက္ ေမေဒးေန႔။ဆုံးျဖတ္ၿပီးတာနဲ႔ ေန႔ခင္းမွာ အဝတ္အစားေတြကို ပီနန္အိတ္ထဲ သိမ္းက်ဳံးထည့္ၿပီး အလုပ္ကေန ခိုး ထြက္၊ ရထားလမ္းေပၚ အေျပး တက္ခဲ့တယ္။ ျမစ္ႀကီးနားကေန မႏၲေလးအထိ မိုင္ေပါင္းရာခ်ီေဝး တယ္ဆိုတာ ဇင္လင္း သိတယ္။

ေျခက်င္ေလွ်ာက္ရင္ တစ္လ ေလာက္ေတာ့ ၾကာမလား ထင္ မိတယ္။ ၾကာလည္းၾကာပါေစ။ အခ်ိန္တန္ အေမ့အိမ္ေရာက္မွာ ပဲဆိုတဲ့ အေတြးနဲ႔ ခရီးရွည္ႀကီးကို စထြက္ခဲ့ပါေတာ့တယ္။စထြက္တဲ့ေန႔ခင္းမွာတင္ မိုး ေတြက တဖြဲဖြဲ႐ြာေနတယ္။မိုင္ေပါင္းရာခ်ီ ရွည္လ်ားလြန္းတဲ့ ရထားသံလမ္းႀကီးေပၚမွာ ဇင္ လင္း တစ္ေယာက္တည္း။ ေခြး ေတြကလည္း ထိုးထိုးေဟာင္ တယ္။ ဇင္လင္း ကိုယ့္လမ္းကိုပဲ ေလွ်ာက္တယ္။ ေလွ်ာက္တာမွ မေျပး႐ုံတမည္ ခပ္သြက္သြက္ကို ေလွ်ာက္တာ။



လမ္းမွာ ေခ်ာင္း ေတြေတြ႕ရင္ ေရဆင္းေသာက္ တယ္။ ညေမွာင္ရီပ်ိဳးလို႔ အလင္း ေရာင္ကြယ္ေပ်ာက္၊ ဆက္ ေလွ်ာက္လို႔မရေတာ့ဘူးဆိုမွ နား တယ္။ ရထားလမ္းေဘးက လယ္ ေစာင့္တဲေလးထဲမွာ ညအိပ္ တယ္။ အဲဒီေန႔ညက ဇင္လင္း ထမင္းငတ္တယ္။လက္ထဲလည္း ေငြေလးမွ သုံးရာ့ငါးဆယ္ထဲ ပါ တာဆိုေတာ့ ဝယ္မစားႏိုင္ဘူး။ ဗိုက္ကေတာ့ ဆာတာေပါ့။ ဆာ ေနေပမယ့္ ပင္ပန္းလာလို႔ တစ္ခ်ိဳးတည္း အိပ္ေပ်ာ္သြားေတာ့တယ္။ေနာက္တစ္ရက္မနက္လင္း ေတာ့ သူ ခရီးဆက္တယ္။

ညက လည္း ဘာအစာမွ မစားထားရ၊ မနက္လင္းေတာ့လည္း မနက္စာ မစားရေတာ့ လူက အားေတာ့ နည္းေနတယ္။ ဒါေပမဲ့ သူအား တင္းဆက္ေလွ်ာက္တယ္။ လမ္း မွာ သရက္ပင္ႀကီးတစ္ပင္ေတြ႕ ေတာ့ သူဗိုက္ဆာတာနဲ႔ သရက္ သီးတက္ခူးၿပီး စားခဲ့ရေသးတယ္။ေန႔ခင္းမွာ ဘူတာႀကီးတစ္ခုကို သူ ေရာက္လာတယ္။ သူ ဘူတာ႐ုံထဲဝင္ၿပီး ရထားစီးခြင့္ရဖို႔ သူႀကိဳးစားၾကည့္ေသးတယ္။ ေခတ္ကာလက လူအခ်င္းခ်င္း ခပ္ေဝးေဝးေနေနရတဲ့ အခ်ိန္မို႔ အဆင္မေျပပါဘူး။

ဘူတာနားက ဆိုင္ေလးတစ္ ဆိုင္မွာ သူပါလာတဲ့ေဆးလိပ္ ေလး မီးသြားညႇိတယ္။ အဲဒီမွာ ထိုင္ေနတဲ့ ဆိုင္ရွင္ေတြက သူ႔ပုံစံ ၾကည့္ၿပီး ဒုကၡေရာက္လာတယ္လို႔ သိသြားပုံပဲ။ ထမင္းစားမလားလို႔ ေမးတယ္။ ဇင္လင္းလည္း မရွက္ ေတာ့ဘူး။ ဆာေနၿပီကိုး။သူတို႔က အထုပ္ေလးနဲ႔ ထုပ္ေပးလိုက္ တယ္။ စားလို႔ေကာင္းလိုက္တာ။ ထမင္းေကြၽးခဲ့တဲ့သူေတြကို ဇင္ လင္း သိပ္ေက်းဇူးတင္မိတယ္။ ထမင္းစားၿပီး သူ ခရီးဆက္ထြက္ လာခဲ့တယ္။ ဇလီဖားတုံးေတြ ခုန္ ေက်ာ္နင္းရင္းေပါ့။

ရထားလာရင္ ေတာ့ သူလမ္းေဘးဆင္းတယ္။ တဝုန္းဝုန္းျဖတ္သြားတဲ့ ရထား ႀကီးေတြၾကည့္ရင္း ငါ့ကိုတင္ေခၚ သြားရင္ေကာင္းမွာလို႔ ေတြးမိ တယ္။ ရထားေတာ့ သူ ခိုးမစီးရဲ ဘူး။ တစ္ေနရာကေနတစ္ေနရာ ကူးဖို႔ေတာင္ မလြယ္တဲ့အခ်ိန္ ရထားခိုးစီးလို႔ အမႈပတ္ရင္ သူ အေမ့အိမ္ ျပန္ေရာက္ေတာ့မွာ မ ဟုတ္ဘူး။ သူအေမ့ဆီေရာက္ခ်င္ ၿပီေလ။မနက္လင္းေတာ့ သူ ခရီးထပ္ဆက္ခဲ့တယ္။ ေခ်ာင္းကေလးေတြေတြ႕ရင္ ေရသာ ဆင္းေသာက္တယ္။ ေရမခ်ိဳးဘူး။ ေရ ခ်ိဳးမယ္ဆိုရင္ သူေခြၽးတိတ္ေအာင္ ေစာင့္ရဦးမယ္။ ေရခ်ိဳးတာနဲ႔ ဘာ နဲ႔ဆိုရင္ နာရီဝက္တစ္နာရီ အခ်ိန္ ပိုကုန္သြားမယ္။



ဒါဆို သူအိမ္ျပန္ ေရာက္ဖို႔ ပိုၾကာသြားမွာ။ ဒါ ေၾကာင့္ သူေရမခ်ိဳးေတာ့ဘဲ ဆက္ ေလွ်ာက္ခဲ့တယ္။ ညေနေရာက္ ေတာ့ သူရထားလမ္းေဘးဆင္းၿပီး အိပ္ဖို႔ျပင္တယ္။ အဲဒီအခ်ိန္ လူ တခ်ိဳ႕ေရာက္လာတယ္။ ဘာမ်ား ျဖစ္တာလဲဆိုၿပီး ဇင္လင္း ရင္ထဲ ထိတ္ခနဲျဖစ္သြားတယ္။ဇင္လင္းကိုေမးေတာ့ အ က်ိဳးအေၾကာင္း ရွင္းျပလိုက္ တယ္။ သူတို႔က ဇင္လင္းကို သူတို႔ တဲကေလးဆီ ေခၚသြားတယ္။ ဒုကၡေရာက္လာတယ္လည္း ဆို ေရာ ထမင္းေတြ ခ်ေကြၽးတယ္။ ညအိပ္ဖို႔ေနရာေပးၿပီး ျခင္ေထာင္ ေတြပါ ေထာင္ေပးတယ္။ ဇင္ လင္း ေက်းဇူးတင္လိုက္တာ။

သူ အဲဒီေန႔ညက ေကာင္းေကာင္းမြန္ မြန္ အိပ္စက္ခြင့္ရတယ္။ ေနာက္ တစ္ေန႔မနက္လင္းေတာ့ အဲဒီအိမ္ ေလးရဲ႕အိမ္ရွင္ေတြက မနက္စာ လည္းေကြၽးတယ္။ ၿပီးေတာ့ သူ႔ကို ေငြတစ္ေထာင့္တစ္ရာက်ပ္ရယ္၊ ထမင္းတစ္ထုပ္ရယ္ ထည့္ေပး လိုက္တယ္။ သူ ေက်းဇူးတင္ ေၾကာင္းေျပာရင္း ခရီးထပ္ဆက္ခဲ့ပါတယ္။တတိယညမွာလည္း သူ ရထားလမ္းေဘး တစ္ေနရာမွာ ဆင္းအိပ္တယ္။ သိပ္မၾကာဘူး မိုးေတြ႐ြာလာလို႔ ခပ္လွမ္းလွမ္းက တဲေလးထဲ ဝင္ေျပးအိပ္ရတယ္။ တဲေလးထဲေရာက္ၿပီး လွဲေနတုန္း မီးေရာင္ေတြ ထိန္လင္းေနတဲ့ ရထားႀကီးတစ္စင္း တဝုန္းဝုန္း ခုတ္သြားတာ ျမင္လိုက္ရတယ္။

လူသူမရွိတဲ့ တဲေလးထဲကေန သူ လွမ္းေငးၾကည့္ေနမိတယ္။ မၾကာခင္ သူလည္း ရထားႀကီးလို မႏၲေလးကို ေရာက္မွာပါေလလို႔ပဲ ေျဖေတြးၿပီး အိပ္လိုက္တယ္။မနက္လင္းေတာ့ ခရီးဆက္ ခဲ့တယ္။ သူနည္းနည္းေတာ့ပင္ ပန္းေနၿပီ။ ဒါေပမဲ့ သူအားတင္းပါ တယ္။ ႐ြာေလးတစ္႐ြာနားေရာက္ ေတာ့ လူသုံးေယာက္ေလာက္က လာေမးတယ္။ဇင္လင္းက အက်ိဳး အေၾကာင္း ရွင္းျပလိုက္တယ္။ သုံးေယာက္ထဲက တစ္ေယာက္က အုပ္ခ်ဳပ္ေရးမႉးတဲ့။ ခဏျပန္ ထြက္သြားၿပီး ျပန္ေရာက္လာ တယ္။ လက္ထဲမွာ ငါးေထာင္တန္ တစ္႐ြက္ကိုင္လာၿပီး ဇင္လင္းကို ေပးတယ္။ သူတို႔တင္မကဘူး။

အေဒၚႀကီး ႏွစ္ေယာက္လည္း ေရာက္လာျပန္တယ္။ အေဒၚႀကီး တစ္ေယာက္က ငွက္ေပ်ာသီးတစ္ လုံးနဲ႔ေငြတစ္ေထာင္။ ေနာက္ထပ္ အေဒၚႀကီးက ငွက္ေပ်ာသီးႏွစ္လုံး ေပးၾကတယ္။ ဇင္လင္း ေပ်ာ္သြား တယ္။လက္ထဲမွာေငြက ခုနစ္ ေထာင္ေလာက္ရွိၿပီ။ ဒါဆို သူရထားစီးလို႔ရၿပီ။ သူ ဆက္ ေလွ်ာက္ရင္း ဆားေမွာ္ဘူတာ ေရာက္လာတယ္။ ရထားလက္ မွတ္ ဝယ္လိုက္တယ္။ ေလးေထာင္ဝန္းက်င္ပဲ။ ေန႔ခင္းေလာက္မွာ ရထားႀကီး ဆားေမွာ္ဘူတာထဲ ဝင္လာခဲ့တယ္။ သူ ခပ္ျမန္ျမန္ပဲ တက္လိုက္ေတာ့တယ္။ရထားေပၚေရာက္မွ သူ သက္ျပင္းခ်တယ္။ ကူညီတဲ့သူ ေတြသာမရွိရင္ သူ ရက္ေပါင္းမ်ားစြာေလွ်ာက္ရမွာ။ ေလးရက္ေျမာက္ညမွာေတာ့ ဇင္လင္းရထားေပၚတင္ အိပ္စက္ခြင့္ရခဲ့ပါ တယ္။



ေနာက္တစ္ေန႔ေန႔လယ္မွာ ေတာ့ ဇင္လင္းလိုက္လာတဲ့ရထား ႀကီးဟာ စစ္ကိုင္းတံတားႀကီးကို တျဖည္းျဖည္းျဖတ္ေနပါၿပီ။ ဇင္ လင္း အိမ္ျပန္ေရာက္ေတာ့မယ္။ သူ မႏၲေလးဘူတာႀကီးထိ မလိုက္ ေတာ့ဘဲ ေ႐ႊၾကက္ယက္ဘူတာ တင္ ဆင္းလိုက္တယ္။ေ႐ႊၾကက္ယက္ကေန ဟိုး ေတာင္ဘက္ေဝးေဝး ျမင္းၿခံနယ္ က ဆီမီးခုံဆီ ျပန္ရဦးမယ္။ သူ႔ လက္ထဲ ဖုန္းရွိေပမယ့္ ဖုန္းကက် ကြဲသြားလို႔ ဘယ္လိုမွ အဆက္အ သြယ္မရဘူး။ ဖုန္းနံပါတ္ေတြ လည္းမမွတ္မိဘူး။လိုင္းကားေတြ ကလည္းမရွိတာနဲ႔ လက္ထဲလည္း ေငြက တစ္ေထာင္ေလာက္သာ က်န္တာမို႔ ကဲမထူးဘူး…လမ္းျပန္ ေလွ်ာက္မယ္ဆိုၿပီး ေျခက်င္ျပန္ ေလွ်ာက္ရပါေလေရာ။ မႏၲေလး- ဆီမီးခုံက မိုင္ငါးဆယ္ေက်ာ္ အ သာေလးရွိပါတယ္။

တံတားဦး-ၿမိဳ႕သာလမ္းအ တိုင္း သူျပန္လာခဲ့တယ္။ အရင္ပုံ မွန္ကာလမ်ိဳးဆိုရင္ေတာ့ သိသိ၊ မသိသိ လမ္းေပၚျဖတ္သြားတဲ့ဆိုင္ ကယ္တားစီးၿပီး လမ္းႀကဳံလိုက္ သြားလို႔ရတယ္။ ဒါေပမဲ့ ခုလိုအခါ မွာေတာ့ အကူအညီေတာင္းလို႔ မ ရခဲ့ပါဘူး။ေန႔ခင္းကေလွ်ာက္လာ တာ ညက်ၿမိဳ႕သာနယ္ထဲေရာက္ လာပါတယ္။ ဘယ္လိုမွ ဆက္ ေလွ်ာက္လို႔မရေတာ့တာနဲ႔ သံဘို ႐ြာက ဇရပ္မွာ ညအိပ္လိုက္ရ ေတာ့တယ္။ေနာက္တစ္ေန႔ကေတာ့ ေမ လ ၆ ရက္ ကဆုန္လျပည့္ေန႔ပါ။ ဆီမီးခုံနယ္နားနီးလာၿပီမို႔ မနက္ လင္းတာနဲ႔ ဆက္ေလွ်ာက္ခဲ့ တယ္။အညာေနဟာ မနက္ခင္း မွာကို ပူေလာင္ေနၿပီ။ သို႔ေပမယ့္ သူ သြားဆဲသြားၿမဲ။ေန႔ခင္းမွာေတာ့ ဆီမီးခုံကို သူေရာက္လာခဲ့ပါၿပီ။ ၿမိဳ႕ထိပ္မွာ စစ္ေဆးေရးဂိတ္။ သူျပန္ေရာက္ လာၿပီၾကားေတာ့ အသိေတြထြက္ လာၾကတယ္။

သူ႔ပုံစံကမ်က္တြင္း ေတြလည္းက်၊ လူတစ္ကိုယ္လုံး လည္း စုတ္ျပတ္ေနခဲ့တယ္။ သူ ေျခက်င္ေလွ်ာက္ ျပန္လာတာ လည္းသိေရာ စိတ္မေကာင္းျဖစ္လိုက္ၾကတာ။ သူ အထက ေက်ာင္းဘက္ အရင္သြားတယ္။ေက်ာင္းထဲမွာ အေဝးကျပန္လာ တဲ့သူေတြကို ကြာရန္တင္းထား တယ္ဆိုတာ သူသိတယ္။ ဟို ေရာက္ေတာ့ သူ႔ကို ထမင္းေတြ ေကြၽးၾကတယ္။သူ ျပန္ေရာက္ၿပီဆိုတာကို အေမ့ဆီသြားေျပာခိုင္းလိုက္တယ္။အေမ့ဆီ သြားေတြ႕ခ်င္ေပ မယ့္ သူ႔မွာသာ ေရာဂါပိုးပါလာခဲ့ ရင္ အေမ့ကိုကူးမွာစိုးတယ္။ ဒါ ေၾကာင့္ သူ ကြာရန္တင္း တန္းဝင္ လိုက္တာ။ အေမကလည္း သူ ေရာက္ေၾကာင္းၾကားေတာ့ ဝမ္း သာတာေပါ့။



မရွိတဲ့ၾကားကေနကို ငါ့သားလိုတာရွိ မွာလိုက္လို႔ေျပာ လိုက္ေသးတာ။ လူကိုယ္တိုင္က် လာမေတြ႕ႏိုင္ဘူး။ က်န္းမာေရးမေကာင္းလို႔ေလ။ဇင္လင္း အေမ့ကိုေတြ႕ခ်င္ ေပမယ့္ တစ္႐ြာတည္းေနေနရၿပီမို႔ သူ ေပ်ာ္သြားၿပီ။ ၂၁ ရက္ေစာင့္ ၿပီးရင္ အေမနဲ႔သူေတြ႕လို႔ရပါၿပီ။ ကြာရန္တင္းကထြက္တာနဲ႔ အေမ့ အနား သူေနေပးမွာပါ။ကပ္ေဘး ကာလတစ္ေလွ်ာက္ အေမ့နားပဲ သူေနပါေတာ့မယ္။ ‘‘ဒီေရာက္မွ လုံၿခဳံသြားသလိုခံစားရတယ္’’တဲ့။

Via Johnny Tun

Post a Comment

Previous Post Next Post