(Unicode)

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကဗျာဝကမ်းခြေ၌ ရန်ကုန်မှလာသောဧည့်သည်အဖွဲ့တစ်ဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ရေဆင်းကူးသူတစ်ဦး ရေထဲမျောပါပျောက်ဆုံးနေကြောင်း ကဗျာဝကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်လင်းက ပြောသည်။

“ရေကူးရင်းနဲ့ အပြင်ဘက်ကို မျောပါသွားတယ်။ ခြေဟန်လက်ဟန်တွေ ပြနေတာ။ သူတို့အဖွဲ့တွေက တွေ့တယ်။ ခြေဟန်လက်ဟန်ပြပြီး ပျောက်သွားရော။ မနက် (၆) နာရီခွဲကတည်းက ပျောက်သွားတယ်”ဟု ကဗျာဝအုပ်ချုပ်ရေးမှူးက ဆိုသည်။

လက်ရှိအချိန်တွင် ပင်လယ်ဒီရေထရက်နှင့်တိုက်ဆိုင်နေသဖြင့် ပင်လယ်ရေမြင့်တက်နေပြီး လှိုင်းလုံးကြီးခြင်းကြောင့် ကမ်းဝေးရှာဖွေမှုများဆောင်ရွက်နိုင်ခြင်းမရှိဘဲ အလောင်းပေါ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းစရာရှိတော့သည်ဟု သိရသည်။

ရေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်က “ရေနစ်တယ်လို့ သိရတယ်။ လောလောဆယ်တော့ မပေါ်သေးဘူး။ ပေါ်လာရင်တော့ သေမှုသေခင်း ဖွင့်ရမယ်။ ရေနစ်သေဆုံးတာလေ။ ပင်လယ်ထဲဆိုတော့ အမှန်တကယ်က တန်းပြီး မပေါ်ဘူး” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီနှင့် အလှူရှင်အဖွဲ့သည် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၄) ဦး ပါဝင်သည့် ရန်ကုန်မှ လာသည့်အဖွဲ့တွင် အသက် (၅၇) နှစ်ရှိ ဦးအောင်အောင်ကြည် ပျောက်ဆုံးနေခြင်း ဖြစ်သည်။

“သူတို့က မာန်အောင်ကျေးရွာ (ရေးမြို့နယ်) ကို အလုပ်ကိစ္စသွားကြမယ့်လူတွေလို့ ပြောတယ်။ အဲဒီရွာမှာ အစိုးရအလယ်တန်းကျောင်း ဆောက်လုပ်လှုဒါန်းထားတယ်။ သူတို့တွေ ဒီ (ကဗျာဝ) ကို အရင်ဝင်လာတယ်။ မနက် (၆) နာရီလောက် ဒီကိုရောက်တယ်။ သူတို့ရေဆင်းကူးကြတာ။ အဲအထဲက တစ်ယောက်က ပျောက်သွားတာ” ဟု ကဗျာဝ ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

လက်ရှိ Covid-19 ကာကွယ်ထိန်းချုပ်နေသည့်ကာလအတွင်း ကဗျာဝကမ်းခြေ အပန်းဖြေလုပ်ငန်းများ ကန့်သတ်ထားသဖြင့် ခရီးသွားဧည့်သည် မရှိသလောက်ဖြစ်နေပြီး စာသောက်ဆိုင်များလည်း ဖွင့်လှစ်ထားခြင်း မရှိသေးကြောင်း သိရှိရသည်။


Photo- ကဗျာဝကမ်းခြေတစ်နေရာ (MNA)
မွန်သတင်းအေဂျင်စီ
မင်းသစ္စာခိုင်(မေ ၂၂)

(Zawgyi)

မြန္ျပည္နယ္ ေရးၿမိဳ့နယ္ေတာင္ပိုင္း ကဗ်ာဝကမ္းေျခ၌ ရန္ကုန္မွလာေသာဧည့္သည္အဖြဲ႕တစ္ဖြဲ႕မွ ယေန႔နံနက္ပိုင္းတြင္ ေရဆင္းကူးသူတစ္ဦး ေရထဲေမ်ာပါေပ်ာက္ဆုံးေနေၾကာင္း ကဗ်ာဝေက်းရြာ အုပ္ခ်ဳပ္ေရးမွူး နိုင္လင္းက ေျပာသည္။

“ေရကူးရင္းနဲ႔ အျပင္ဘက္ကို ေမ်ာပါသြားတယ္။ ေျခဟန္လက္ဟန္ေတြ ျပေနတာ။ သူတို့အဖြဲ႕ေတြက ေတြ႕တယ္။ ေျခဟန္လက္ဟန္ျပၿပီး ေပ်ာက္သြားေရာ။ မနက္ (၆) နာရီခြဲကတည္းက ေပ်ာက္သြားတယ္”ဟု ကဗ်ာဝအုပ္ခ်ဳပ္ေရးမွူးက ဆိုသည္။

လက္ရွိအခ်ိန္တြင္ ပင္လယ္ဒီေရထရက္ႏွင့္တိုက္ဆိုင္ေနသျဖင့္ ပင္လယ္ေရျမင့္တက္ေနၿပီး လွိုင္းလုံးႀကီးျခင္းေၾကာင့္ ကမ္းေဝးရွာေဖြမွုမ်ားေဆာင္ရြက္နိုင္ျခင္းမရွိဘဲ အေလာင္းေပၚလာမည့္အခ်ိန္ကိုသာ ေစာင့္ဆိုင္းစရာရွိေတာ့သည္ဟု သိရသည္။

ေရးၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူး ရဲမွူးသိန္းေဇာ္က “ေရနစ္တယ္လို့ သိရတယ္။ ေလာေလာဆယ္ေတာ့ မေပၚေသးဘူး။ ေပၚလာရင္ေတာ့ ေသမွုေသခင္း ဖြင့္ရမယ္။ ေရနစ္ေသဆုံးတာေလ။ ပင္လယ္ထဲဆိုေတာ့ အမွန္တကယ္က တန္းၿပီး မေပၚဘူး” ဟု မြန္သတင္းေအဂ်င္စီကို ေျပာသည္။

ရန္ကုန္အေျခစိုက္ ေဆာက္လုပ္ေရးကုမၸဏီႏွင့္ အလွူရွင္အဖြဲ႕သည္ အမ်ိဳးသမီး (၂) ဦးႏွင့္ အမ်ိဳးသား (၄) ဦး ပါဝင္သည့္ ရန္ကုန္မွ လာသည့္အဖြဲ႕တြင္ အသက္ (၅၇) ႏွစ္ရွိ ဦးေအာင္ေအာင္ၾကည္ ေပ်ာက္ဆုံးေနျခင္း ျဖစ္သည္။

“သူတို့က မာန္ေအာင္ေက်းရြာ (ေရးၿမိဳ့နယ္) ကို အလုပ္ကိစၥသြားၾကမယ့္လူေတြလို့ ေျပာတယ္။ အဲဒီရြာမွာ အစိုးရအလယ္တန္းေက်ာင္း ေဆာက္လုပ္လွုဒါန္းထားတယ္။ သူတို့ေတြ ဒီ (ကဗ်ာဝ) ကို အရင္ဝင္လာတယ္။ မနက္ (၆) နာရီေလာက္ ဒီကိုေရာက္တယ္။ သူတို့ေရဆင္းကူးၾကတာ။ အဲအထဲက တစ္ေယာက္က ေပ်ာက္သြားတာ” ဟု ကဗ်ာဝ ေက်းရြာအုပ္ခ်ဳပ္ေရးမွူးက ဆိုသည္။

လက္ရွိ Covid-19 ကာကြယ္ထိန္းခ်ဳပ္ေနသည့္ကာလအတြင္း ကဗ်ာဝကမ္းေျခ အပန္းေျဖလုပ္ငန္းမ်ား ကန႔္သတ္ထားသျဖင့္ ခရီးသြားဧည့္သည္ မရွိသေလာက္ျဖစ္ေနၿပီး စာေသာက္ဆိုင္မ်ားလည္း ဖြင့္လွစ္ထားျခင္း မရွိေသးေၾကာင္း သိရွိရသည္။

Photo- ကဗ်ာဝကမ္းေျခတစ္ေနရာ (MNA)
မြန္သတင္းေအဂ်င္စီ
မင္းသစၥာခိုင္(ေမ ၂၂)

Post a Comment

Previous Post Next Post