(Unicode)

ပြည်ဆေးရုံကြီးက မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်က ရောဂါပိုး နှစ်ကြိမ်ဆက်တိုက် negative ပြခဲ့တာကြောင့် ဆေးရုံကဆင်းခွင့်ရတော့မှာဖြစ်ပါတယ်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်မှာ ရောဂါပျောက်ကင်းသူစာရင်းမှာ ဆရာမကြီးလည်းပါဝင်ခဲ့တာပါ။

ဆရာမကြီးက ဆေးရုံကဆင်းခွင့်ရပြီးနောက် Quarantine (၂)ပတ်ဆက်နေသွားရမှာဖြစ်ပြီး သူ့ရဲ့ သွေးရည်ကြည်နဲ့ COVID ပြင်းထန်လူနာတွေကို ပြန်လည်ကုသနိုင်အောင်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။



“အခုလို ရောဂါပျောက်ကင်းသွားပြီဆိုတော့ ကောင်းတယ်လို့ပြောရမှာပါ။ ဆေးရုံကဆင်းခွင့်ရရင်လည်း Quarantine နှစ်ပတ်ဆက်နေပါမယ်။ ဘယ်မှာ Quarantine ဝင်ဖြစ်မယ်ဆိုတာတော့မသိရသေးပါဘူး။ပြီးရင်လည်း ကျွန်မရဲ့သွေးရည်ကြည်ကိုပြန်လှူခဲ့မှာပါ။အခုကျန်းမာရေးဌာနကနေ ရောဂါပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်ကိုအသုံးပြုပြီး COVID ပြင်းထန်လူနာတွေကိုကုသဖို့အစီအစဉ်လုပ်နေတယ်ဆိုတော့ ကျွန်မာကတော့ သွေးရည်ကြည်ကိုပြန်လှူခဲ့မှာ” လို့ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က Duwun ကိုပြောပါတယ်။

ကနဦးပိုင်းမှာ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်ရဲ့ ရောဂါလက္ခဏာက negative ပြလိုက် positive ပန်ပြလိုက်နဲ့ မတည်ငြိမ်ခဲ့ပါဘူး။ ဒီကနေ့မှာတော့ negative နှစ်ကြိမ်ပြခဲ့တာကြောင့် ရောဂါပျောက်ကင်းသူဖြစ်လာခဲ့ပါပြီ။ ဆရာမကြီး ဒေါ်မြင့်မြင့်စိန်က ပေါက်ခေါင်းက အတည်ပြုလူနာကို ကုသပေးနေရင်း ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး လူနာကုသရင်းကူးစက်ခံခဲ့ရတဲ့ ပထမဆုံးကျန်းမာရေးဝန်ထမ်းတစ်ဦးလည်းဖြစ်ပါတယ်။



ရောဂါကူးစက်ခံရပြီးနောက် ဆေးရုံမှာ (၁)ကျော်ကြာကုသမှုခံယူခဲ့ရပြီး ယခုအခါမှာ ရောဂါပျောက်ကင်းခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၈၀)ဦးရှိပြီး ရောဂါပျောက်ကင်းသူ (၇၄)ဦးထိရှိပြီးသေဆုံးသူကတော့ (၆)ဦးရှိပါတယ်။



 (Zawgyi)


ျပည္ေဆး႐ုံႀကီးက ေမ့ေဆးဆရာဝန္မႀကီး ေဒၚျမင့္ျမင့္စိန္က ေရာဂါပိုး ႏွစ္ႀကိမ္ဆက္တိုက္ negative ျပခဲ့တာေၾကာင့္ ေဆး႐ုံကဆင္းခြင့္ရေတာ့မွာျဖစ္ပါတယ္။



က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည (၈)နာရီထုတ္ျပန္ခ်က္မွာ ေရာဂါေပ်ာက္ကင္းသူစာရင္းမွာ ဆရာမႀကီးလည္းပါဝင္ခဲ့တာပါ။

ဆရာမႀကီးက ေဆး႐ုံကဆင္းခြင့္ရၿပီးေနာက္ Quarantine (၂)ပတ္ဆက္ေနသြားရမွာျဖစ္ၿပီး သူ႔ရဲ႕ ေသြးရည္ၾကည္နဲ႔ COVID ျပင္းထန္လူနာေတြကို ျပန္လည္ကုသႏိုင္ေအာင္လႉဒါန္းသြားမယ္လို႔ ဆိုပါတယ္။



“အခုလို ေရာဂါေပ်ာက္ကင္းသြားၿပီဆိုေတာ့ ေကာင္းတယ္လို႔ေျပာရမွာပါ။ ေဆး႐ုံကဆင္းခြင့္ရရင္လည္း Quarantine ႏွစ္ပတ္ဆက္ေနပါမယ္။ ဘယ္မွာ Quarantine ဝင္ျဖစ္မယ္ဆိုတာေတာ့မသိရေသးပါဘူး။ၿပီးရင္လည္း ကြၽန္မရဲ႕ေသြးရည္ၾကည္ကိုျပန္လႉခဲ့မွာပါ။အခုက်န္းမာေရးဌာနကေန ေရာဂါေပ်ာက္ကင္းသူေတြရဲ႕ ေသြးရည္ၾကည္ကိုအသုံးျပဳၿပီး COVID ျပင္းထန္လူနာေတြကိုကုသဖို႔အစီအစဥ္လုပ္ေနတယ္ဆိုေတာ့ ကြၽန္မာကေတာ့ ေသြးရည္ၾကည္ကိုျပန္လႉခဲ့မွာ” လို႔ ဆရာမႀကီး ေဒၚျမင့္ျမင့္စိန္က Duwun ကိုေျပာပါတယ္။

ကနဦးပိုင္းမွာ ဆရာမႀကီး ေဒၚျမင့္ျမင့္စိန္ရဲ႕ ေရာဂါလကၡဏာက negative ျပလိုက္ positive ပန္ျပလိုက္နဲ႔ မတည္ၿငိမ္ခဲ့ပါဘူး။ ဒီကေန႔မွာေတာ့ negative ႏွစ္ႀကိမ္ျပခဲ့တာေၾကာင့္ ေရာဂါေပ်ာက္ကင္းသူျဖစ္လာခဲ့ပါၿပီ။ ဆရာမႀကီး ေဒၚျမင့္ျမင့္စိန္က ေပါက္ေခါင္းက အတည္ျပဳလူနာကို ကုသေပးေနရင္း ေရာဂါကူးစက္ခံခဲ့ရတာျဖစ္ၿပီး လူနာကုသရင္းကူးစက္ခံခဲ့ရတဲ့ ပထမဆုံးက်န္းမာေရးဝန္ထမ္းတစ္ဦးလည္းျဖစ္ပါတယ္။



ေရာဂါကူးစက္ခံရၿပီးေနာက္ ေဆး႐ုံမွာ (၁)ေက်ာ္ၾကာကုသမႈခံယူခဲ့ရၿပီး ယခုအခါမွာ ေရာဂါေပ်ာက္ကင္းခဲ့ၿပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ COVID 19 အတည္ျပဳလူနာ (၁၈၀)ဦးရွိၿပီး ေရာဂါေပ်ာက္ကင္းသူ (၇၄)ဦးထိရွိၿပီးေသဆုံးသူကေတာ့ (၆)ဦးရွိပါတယ္။



Credit Duwun

Post a Comment

Previous Post Next Post