(Unicode)


ကိုဗစ် အတည်ပြုလူနာနံပါတ် (၁၆၁) ဟာ ကျောက်တန်းမြို့နယ်မှာ နေထိုင်တယ် ဆိုတာကလွဲရင် သူ့ရဲ့ နေရပ် လိပ်စာအတိအကျကို စုံစမ်းမေးမြန်းလို့ မရဘူးလို့ တောင်ဥက္ကလာပ မိခင်နှင့်ကလေးဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာ ဝင်းမော်ဦးက ပြောပါတယ်။


အဲဒီလူနာဟာ ကျောက်တန်းမြို့နယ် ပီလခတ်ဟိန္ဒူဘုရားကျောင်းမှာ နေထိုင်တယ်လို့ပြောဆိုထားပေမယ့် အဲဒီဘုရားကျောင်းကိုမလာတော့တာ (၇) နှစ်ဝန်းကျင်ရှိနေပြီလို့ ကျောက်တန်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်ကလည်း ပြောပါတယ်။


ဒါ့အပြင် လူနာဟာ ကျောက်တန်းမြို့နယ်မှာ လက်ရှိနေထိုင်ကြောင်း အချက်အလက်လည်း အခုထိ မတွေ့ရသေး ဘူးလို့ဆိုပါတယ်။ လူနာနဲ့ပတ်သက်တဲ့ အချက်အလက်မတွေ့ရသေးပေမယ့် ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့ မေ(၆)ရက် ညနေပိုင်း မှာ ပီလခတ်ဘုရားကျောင်းကို ယာယီ Lock Down ပြုလုပ်ထားပြီး ဘုရားကျောင်းတာဝန်ရှိသူ (၁၀)ယောက်ကိုလည်း ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်ထားတယ်လို့ဆိုပါတယ်။


လူနာနံပါတ် (၁၆၁)ဆီမှာ ကိုဗစ်ရောဂါပိုး အတည်ပြု တွေ့ရှိကြောင်းကို မေ(၄)ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီလူနာဟာ ကိုဗစ်အတည်ပြုလူနာအမှတ်(၇၉)နဲ့ အလုပ်အတူတူလုပ်တယ်လို့ သိရှိရတာကြောင့် စောင့်ကြည့်မှုခံယူစေပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လူနာဟာ တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံကြီးမှာ ကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဒေါက်တာ ဝင်းမော်ဦးက ပြောပါတယ်။

#Whitesone

(Zawgyi)

ကုိဗစ္ အတည္ျပဳလူနာနံပါတ္ (၁၆၁) ဟာ ေက်ာက္တန္းၿမိဳ႕နယ္မွာ ေနထိုင္တယ္ ဆိုတာကလြဲရင္ သူ႔ရဲ႕ ေနရပ္ လိပ္စာအတိအက်ကို စုံစမ္းေမးျမန္းလို႔ မရဘူးလို႔ ေတာင္ဥကၠလာပ မိခင္ႏွင့္ကေလးေဆး႐ုံႀကီးက ေဆး႐ုံအုပ္ ေဒါက္တာ ဝင္းေမာ္ဦးက ေျပာပါတယ္။


အဲဒီလူနာဟာ ေက်ာက္တန္းၿမိဳ႕နယ္ ပီလခတ္ဟိႏၵဴဘုရားေက်ာင္းမွာ ေနထိုင္တယ္လို႔ေျပာဆိုထားေပမယ့္ အဲဒီဘုရားေက်ာင္းကိုမလာေတာ့တာ (၇) ႏွစ္ဝန္းက်င္ရွိေနၿပီလို႔ ေက်ာက္တန္း ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မိုးလြင္ကလည္း ေျပာပါတယ္။



ဒါ့အျပင္ လူနာဟာ ေက်ာက္တန္းၿမိဳ႕နယ္မွာ လက္ရွိေနထိုင္ေၾကာင္း အခ်က္အလက္လည္း အခုထိ မေတြ႕ရေသး ဘူးလို႔ဆိုပါတယ္။ လူနာနဲ႔ပတ္သက္တဲ့ အခ်က္အလက္မေတြ႕ရေသးေပမယ့္ က်န္းမာေရးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ေမ(၆)ရက္ ညေနပိုင္း မွာ ပီလခတ္ဘုရားေက်ာင္းကို ယာယီ Lock Down ျပဳလုပ္ထားၿပီး ဘုရားေက်ာင္းတာဝန္ရွိသူ (၁၀)ေယာက္ကိုလည္း က်န္းမာေရးစစ္ေဆးတာေတြ ျပဳလုပ္ထားတယ္လို႔ဆိုပါတယ္။



လူနာနံပါတ္ (၁၆၁)ဆီမွာ ကိုဗစ္ေရာဂါပိုး အတည္ျပဳ ေတြ႕ရွိေၾကာင္းကို ေမ(၄)ရက္မွာ က်န္းမာေရးဝန္ႀကီးဌာနက အတည္ျပဳထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ အဲဒီလူနာဟာ ကိုဗစ္အတည္ျပဳလူနာအမွတ္(၇၉)နဲ႔ အလုပ္အတူတူလုပ္တယ္လို႔ သိရွိရတာေၾကာင့္ ေစာင့္ၾကည့္မႈခံယူေစၿပီး စစ္ေဆးခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လူနာဟာ ေတာင္ဥကၠလာပ မိခင္ႏွင့္ ကေလးေဆး႐ုံႀကီးမွာ ကုသမႈခံယူေနၿပီး က်န္းမာေရးေကာင္းမြန္တယ္လို႔ ေဒါက္တာ ဝင္းေမာ္ဦးက ေျပာပါတယ္။

#Whitesone

Post a Comment

Previous Post Next Post