(Unicode)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ပြီးခဲ့သည့် ၄၈ နာရီအတွင်း ရဲတပ်ဖွဲ့ဝင် ၂၇၈ ဦး ထံတွင် COVID-19 စစ်ဆေးတွေ့ရှိကြောင်း မဟာရတ်ရှ်ထရပြည်နယ် ရဲတပ်ဖွဲ့မှ ယမန်နေ့က သိရသည်။မဟာရတ်ရှ်ထရ ပြည်နယ်ရဲတပ်ဖွဲ့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၆၆၆ ဦးရှိသွားပြီဖြစ်ပြီး၊ ၄၇၃ ဦးသက်သာပျောက်ကင်းခဲ့ကာ ၁၆ ဦးသေဆုံးခဲ့သည်။



အိန္ဒိယနိုင်ငံ lockdown ကာလအတွင်းဝယ် လုံခြုံရေးတာဝန်ယူရသည့် ရဲတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်သဖြင့် လူ ၈၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင် ၈၆ ဦးထက်မနည်း တာဝန်ထမ်းဆောင်နေစဉ်အချိန်အတွင်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ထို့အပြင် ကျန်းမာရေးဝန်ထမ်း ၄၁ ဦးသည်လည်း ရန်ပြုတိုက်ခိုက်ခြင်းခံခဲ့ရသည်။


အိန္ဒိယနိုင်ငံ lockdown စည်းကမ်းများကို ချိုးဖောက်သောကြောင့် ဖမ်းဆီးအရေးယူထားသူ ဦးရေမှာ ယခုအချိန်အထိ ၂၂၅၄၃ဦးရှိပြီး၊ ယင်းစည်းကမ်းချိုးဖောက်သည့် မော်တော်ယာဉ် ၆၉၀၄၆ စီးကိုလည်း ဖမ်းဆီးအရေးယူခဲ့သည်။lockdown စည်းကမ်းချိုးဖောက်သူများထံမှ ဒဏ်ငွေစုစုပေါင်း အိန္ဒိယရူပီးငွေ ၅၂သန်းနီးပါး(၅၁၉၆၃၄၉၇)ရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။


မဟာရတ်ရှ်ထရ ပြည်နယ်သည် COVID-19 ကူးစက်မှု များပြားသော ပြည်နယ်ဖြစ်ပြီး ယခုအချိန်အထိ လူဦးရေ ၄၁၆၄၂ ဦး ဗိုင်းရပ်စ် ကူးစက်ခဲ့ကာ၊ ၁၁၇၂၆ ဦးသက်သာပျောက်ကင်းခဲ့ပြီး၊ ၁၄၅၄ ဦးသေဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးနှင့် မိသားစုစောင့်ရှောက်ရေး ဝန်ကြီးဌာနမှ သိရသည်။

ပေါ်ပြူလာ

(Zawgyi)

အိႏၵိယႏိုင္ငံ မြမ္ဘိုင္းျမိဳ႔တြင္ ျပီးခဲ့သည့္ ၄၈ နာရီအတြင္း ရဲတပ္ဖြဲ႔၀င္ ၂၇၈ ဦး ထံတြင္ COVID-19 စစ္ေဆးေတြ႔ရွိေၾကာင္း မဟာရတ္ရွ္ထရျပည္နယ္ ရဲတပ္ဖြဲ႔မွ ယမန္ေန႔က သိရသည္။မဟာရတ္ရွ္ထရ ျပည္နယ္ရဲတပ္ဖြဲ႔တြင္ ဗိုင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၁၆၆၆ ဦးရွိသြားျပီျဖစ္ျပီး၊ ၄၇၃ ဦးသက္သာေပ်ာက္ကင္းခဲ့ကာ ၁၆ ဦးေသဆုံးခဲ့သည္။


အိႏၵိယႏိုင္ငံ lockdown ကာလအတြင္း၀ယ္ လုံျခံဳေရးတာ၀န္ယူရသည့္ ရဲတပ္ဖြဲ႔၀င္မ်ားအား ရန္ျပဳတိုက္ခိုက္သျဖင့္ လူ ၈၂၃ ဦးကို ဖမ္းဆီးခဲ့ျပီး၊ ရဲတပ္ဖြဲ႔၀င္ ၈၆ ဦးထက္မနည္း တာ၀န္ထမ္းေဆာင္ေနစဥ္အခ်ိန္အတြင္း ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။ထို႔အျပင္ က်န္းမာေရး၀န္ထမ္း ၄၁ ဦးသည္လည္း ရန္ျပဳတိုက္ခိုက္ျခင္းခံခဲ့ရသည္။


အိႏၵိယႏိုင္ငံ lockdown စည္းကမ္းမ်ားကို ခ်ဳိးေဖာက္ေသာေၾကာင့္ ဖမ္းဆီးအေရးယူထားသူ ဦးေရမွာ ယခုအခ်ိန္အထိ ၂၂၅၄၃ဦးရွိျပီး၊ ယင္းစည္းကမ္းခ်ဳိးေဖာက္သည့္ ေမာ္ေတာ္ယာဥ္ ၆၉၀၄၆ စီးကိုလည္း ဖမ္းဆီးအေရးယူခဲ့သည္။lockdown စည္းကမ္းခ်ဳိးေဖာက္သူမ်ားထံမွ ဒဏ္ေငြစုစုုေပါင္း အိႏၵိယရူပီးေငြ ၅၂သန္းနီးပါး(၅၁၉၆၃၄၉၇)ရရွိခဲ့ျပီျဖစ္ေၾကာင္းသိရသည္။


မဟာရတ္ရွ္ထရ ျပည္နယ္သည္ COVID-19 ကူးစက္မႈ မ်ားျပားေသာ ျပည္နယ္ျဖစ္ျပီး ယခုအခ်ိန္အထိ လူဦးေရ ၄၁၆၄၂ ဦး ဗိုင္းရပ္စ္ ကူးစက္ခဲ့ကာ၊ ၁၁၇၂၆ ဦးသက္သာေပ်ာက္ကင္းခဲ့ျပီး၊ ၁၄၅၄ ဦးေသဆုံးခဲ့ေၾကာင္း အိႏၵိိယႏိုင္ငံ က်န္းမာေရးႏွင့္ မိသားစုေစာင့္ေရွာက္ေရး ၀န္ၾကီးဌာနမွ သိရသည္။

ေပၚျပဴလာ

Post a Comment

Previous Post Next Post