အခုအချိန်မှာ ကိုဗစ် ၁၉ ကြောင့် နိုင်ငံတော်တော်များများမှာ အသွားအလာတွေ ကန့်သတ်ခံထားတာ ပဲ ဖြစ်ပါတယ်…
ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းက ဆေးပညာရှင်များဟာ ကာကွယ်/ကုသ ဆေးများကိုလည်း စမ်းသပ်ဖော်ထုတ်လျက်ရှိနေပါတယ်
တစ်ချို့သော နိုင်ငံတွေမှာတော့ စာသင်ကျောင်းတွေ ပြန်ဖွင့်နေပြီး ပညာသင်ကြားရေး အစီအစဉ်တွေ စတင်နေကြပြီ ဖြစ်ပါတယ်
သို့ပေမယ့် ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကတော့ အခုအချိန်မှာ ကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းသူ ကျောင်းသား တွေရဲ့ အသက်ကို အာမခံပေးလို့ မရဘူးလို့ ဆိုပါတယ်
ဖိလစ်ပိုင် သမ္မတဟာ ကိုဗစ် ကာကွယ်ဆေး ရရှိဖို့ကိုသာ နံပါတ် ၁ အနေနဲ့ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ တကယ်လို့ ဒီလို အခြေအနေမှာ ကျောင်းတွေပြန်ဖွင့်ရင် အရမ်းကို အန္တရယ်များတယ်လို့ ဆိုပါတယ်
” ကာကွယ်ဆေး ရှိမှသာ အဆင်ပြေပါလိမ့်မယ် ကျောင်းပြန်မတက်ရလို့ တစ်ယောက်မှ ဘွဲ့မရလည်း မတတ်နိုင်ဘူး ” လို့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး က ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်
နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ
Post a Comment