(Unicode)

အဆိုတော်မနောကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာသံသီချင်းလေးတွေ အချစ်သီချင်းလေးတွေကိုလည်း သီဆိုလေ့ရှိပြီး သူရဲ့ သီချင်းအခွေလေးတွေတိုင်းဟာလည်း

ပရိသတ်တွေကြား အတော်လေးကို လူကြိုက်များလျက်ရှိနေတာပဲဖြစ်ပါတယ်။ မနောကတော့ သူရဲ့ကိုယ်ပိုင်းလုပ်ငန်းဖြစ်တဲ့ စတီးလ်လုပ်ငန်း ဖိုက်ဘာလုပ်ငန်းတွေတို့ကိုအဆင်ပြေအောင် ကြိုးစားနေတဲ့အကြောင်း ပရိသတ်တွေထံပြောပြလာခဲ့ပါတယ်။


မနောကတော့ ” လူ့ဘဝဆိုတာ တိုတိုလေးဆိုပေမယ့် ဒုက္ခ သစ္စာတွေကတော့ရှည်လျားလွန်းလှတယ်ပေါ့ဗျာ ကျနော်တို့ လူသားတွေအားလုံး စိတ်ဓါတ်ကြံခိုင်ဖို့လိုသလို မာန်မာနကင်းဖို့လည်း လိုတယ်ဗျို့ မိမိဘဝအခြေအနေအမှန်ကို လူသိမှာမကြောက်သင့်ပါ ရိုးသားကြိုးစားဖို့သာအဓိကမို့ အခုလို ကမ္ဘာ့ကပ်ရောဂါကြောင့်


စီးပွားရေးဟာပုံမှန်ဆိုတာဝေး နေ့စဉ်စားဝတ်နေရေးအဆင်ပြေဖို့ ကိုတော်တော်ရုန်းကန်ရှာဖွေနေကြရတယ်ပေါ့ ဒါကြောင့် တချိန်တုန်းက မိမိ ချမ်းသာသူ နာမည်ကြီးသူ လုပ်ငန်းရှင် သူဌေးကြီး ဆရာကြီး ဆရာမကြီး မင်းသား မင်းသမီး အဆိုတော် ဗိုလ်မှူး ဆရာဝန် အရာရှိ အစုံစုံဘာဖြစ်ဖြစ်ပေါ့ဗျာ လက်ရှိအခြေအနေကိုသာ လက်ခံနိုင်ပြီးအကောင်းဆုံးကိုရွေးချယ်သင့်တယ်ပေါ့နော် “ဆိုပြီးရေးသားထားခဲ့ပါတယ် ။


မနောကတော့ ” တချိန်က ဘောစိ မိမိမိတ်ဆွေဈေးရောင်းနေရင်အားပေးရမယ် လေးစားရမယ် ဘာရောင်းရောင်း ကိုယ်လည်းအတုယူနိုင်ရမယ်ကျနော်ကတော့ လက်ရှိ စတီးလ်လုပ်ငန်း ဖိုက်ဘာလုပ်ငန်းတွေတို့ကိုအဆင်ပြေအောင်ကြိုးစားနေတယ် အထူးသဖြင့်တပည့်လေးတွေ အတွက် ဆိုင်စဖွင့်တယ် ကြိုးစားနေတယ်အဆင်မပြေရင်ရွာပြန်ပြီး ထန်းတက်မယ် လယ်စိုက်မယ် ယာခင်းတွေအသီးအနှံအစုံ စိုက်မယ်


မိသားစု အေးချမ်းစွာနေထိုင်နိုင်ပြီး လက်ရှိဘဝလေးကိုအေးအတူပူအမျှ ဖြတ်သန်းမယ် တေးချစ်သူတို့ကရော ဘာတွေလုပ်ဖို့စိတ်ကူးထားလဲ ဘာတွေလုပ်နေလဲ ကဲဒီနေ့ဒီအချိန်မှစပြီး စီးပွားရေးများတိုးတက်ကောင်းမွန်ပါစေ ကျန်းမာချမ်းသာပါစေဗျာ “ဆိုပြီးရေးသားထားခဲ့ပါတယ် ။

(Zawgyi)








Credit Original

Post a Comment

Previous Post Next Post