(Unicode)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ လယ်မှီးကျေးရွာအုပ်စု၊ ကန်ကုန်းကြီးကျေးရွာ အနောက်ဘက် ခိုးကောင်ချောင်းရှိ ရွှေတူးဖော်ရာနေရာမှာ မေလ ၁၆ ရက်က တရားမဝင် ရွှေတူးဖော်သူ ၃၉ ဦး ဖမ်းဆီးခံရတယ်လို့ အဖမ်းခံရတဲ့ မိသားစုတွေထံက သိရပါတယ်။



မေလ ၁၆ ရက်မွန်းလွဲပိုင်းမှာ သတင်းပေးချက်အရ မိုးညှင်း အမှတ် ၃၆၇ အမြောက်တပ်နဲ့ နန်းမားနယ်မြေရဲစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက် ဖမ်းဆီးရာ ကျင်းထောင် ၂ ဦးအပါအဝင် နေ့စားလုပ်သား ၃၉ ဦးကို ဖမ်းဆီးပြီး နန်းမားနယ်မြေရဲစခန်းကို အမှုလွှဲပြောင်းပေးအပ်ခဲ့တာပါ။



ဖမ်းဆီးခံရသူတွေအထဲမှာ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၃၉ ဦး ပါဝင်ပြီး၊ အမျိုးသမီးတွေအထဲမှာ သားလျှောထားသူ ၁ ဦး၊ အစာအိမ်ရောဂါရှိသူ ၁ ဦးနဲ့ နို့စို့ ကလေးငယ်ရှိ မိခင် ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။ဒါ့အပြင် အသက်မပြည့်သေးတဲ့ ကျောင်းသား ၄ ဦးလည်းပါသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံရသူ အများစုမှာ နေ့စား လုပ်သားတွေဖြစ်ပြီး အမျိုးသားက လုပ်အားခ တစ်နေ့ ကျပ် ၆၀၀၀ ၊ အမျိုးသမီးက တစ်နေ့ လုပ်အားခ ကျပ် ၄၀၀၀ ရတယ်လို့ သိရပါတယ်။



ဖမ်းဆီးခံရတဲ့ အမျိုးသားတစ်ဦးရဲ့ ဇနီး မမေဇင်ဦးက “အခု ယောက်ျားနောက် လိုက်နေရတယ်။ မနက်ပြန် ညပြန် ထမင်းပို့နေရတယ်။ ရဲတွေလည်း ခြိမ်းခြောက်တယ်။ မင်းတို့ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက် လို့ရတာမဟုတ်ဘူး၊ ဆိုလား ဘာဆိုလား။ ကျမယောက်ျား ဆေးသောက်နေရတယ်။ ဒါလေးတိုက်ချင်လို့ပါဆိုလည်း မရဘူး”လို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှတ် ၃၆၇ အမြာက်တပ်က တပ်ခွဲမှူး ဗိုလ်မှူး လှိုင်မြတ်ဌေး က တရားလိုပြုလုပ်ကာ ဦးထွန်းထွန်းဝင်းအပါ ၂၄ ဦးကို မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)နဲ့ တရားစွဲထားသလို ဦးမြင့်ကြူ အပါအဝင် ၁၅ ဦးကိုလည်း မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က) အရ အရေးယူထားပါတယ်။

ဒီဗွီဘီ

(Zawgyi)

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန္းမားၿမိဳ႕ လယ္မွီးေက်း႐ြာအုပ္စု၊ ကန္ကုန္းႀကီးေက်း႐ြာ အေနာက္ဘက္ ခိုးေကာင္ေခ်ာင္းရွိ ေ႐ႊတူးေဖာ္ရာေနရာမွာ ေမလ ၁၆ ရက္က တရားမဝင္ ေ႐ႊတူးေဖာ္သူ ၃၉ ဦး ဖမ္းဆီးခံရတယ္လို႔ အဖမ္းခံရတဲ့ မိသားစုေတြထံက သိရပါတယ္။


ေမလ ၁၆ ရက္မြန္းလြဲပိုင္းမွာ သတင္းေပးခ်က္အရ မိုးညႇင္း အမွတ္ ၃၆၇ အေျမာက္တပ္နဲ႔ နန္းမားနယ္ေျမရဲစခန္းက လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက သြားေရာက္ ဖမ္းဆီးရာ က်င္းေထာင္ ၂ ဦးအပါအဝင္ ေန႔စားလုပ္သား ၃၉ ဦးကို ဖမ္းဆီးၿပီး နန္းမားနယ္ေျမရဲစခန္းကို အမႈလႊဲေျပာင္းေပးအပ္ခဲ့တာပါ။


ဖမ္းဆီးခံရသူေတြအထဲမွာ အမ်ိဳးသား ၃၄ ဦးနဲ႔ အမ်ိဳးသမီး ၅ ဦး စုစုေပါင္း ၃၉ ဦး ပါဝင္ၿပီး၊ အမ်ိဳးသမီးေတြအထဲမွာ သားေလွ်ာထားသူ ၁ ဦး၊ အစာအိမ္ေရာဂါရွိသူ ၁ ဦးနဲ႔ ႏို႔စို႔ ကေလးငယ္ရွိ မိခင္ ၁ ဦးတို႔ ပါဝင္တယ္လို႔ သိရပါတယ္။ဒါ့အျပင္ အသက္မျပည့္ေသးတဲ့ ေက်ာင္းသား ၄ ဦးလည္းပါသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဖမ္းဆီးခံရသူ အမ်ားစုမွာ ေန႔စား လုပ္သားေတြျဖစ္ၿပီး အမ်ိဳးသားက လုပ္အားခ တစ္ေန႔ က်ပ္ ၆၀၀၀ ၊ အမ်ိဳးသမီးက တစ္ေန႔ လုပ္အားခ က်ပ္ ၄၀၀၀ ရတယ္လို႔ သိရပါတယ္။


ဖမ္းဆီးခံရတဲ့ အမ်ိဳးသားတစ္ဦးရဲ႕ ဇနီး မေမဇင္ဦးက “အခု ေယာက္်ားေနာက္ လိုက္ေနရတယ္။ မနက္ျပန္ ညျပန္ ထမင္းပို႔ေနရတယ္။ ရဲေတြလည္း ၿခိမ္းေျခာက္တယ္။ မင္းတို႔ ဝင္ခ်င္တိုင္းဝင္၊ ထြက္ခ်င္တိုင္းထြက္ လို႔ရတာမဟုတ္ဘူး၊ ဆိုလား ဘာဆိုလား။ က်မေယာက္်ား ေဆးေသာက္ေနရတယ္။ ဒါေလးတိုက္ခ်င္လို႔ပါဆိုလည္း မရဘူး”လို႔ ေျပာပါတယ္။

အဆိုပါ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အမွတ္ ၃၆၇ အျမာက္တပ္က တပ္ခြဲမႉး ဗိုလ္မႉး လႈိင္ျမတ္ေဌး က တရားလိုျပဳလုပ္ကာ ဦးထြန္းထြန္းဝင္းအပါ ၂၄ ဦးကို ျမန္မာ့သတၱဳတြင္း ဥပေဒပုဒ္မ ၃၀(က)နဲ႔ တရားစြဲထားသလို ဦးျမင့္ၾကဴ အပါအဝင္ ၁၅ ဦးကိုလည္း ျမန္မာ့သတၱဳတြင္း ဥပေဒပုဒ္မ ၃၀(က) အရ အေရးယူထားပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post